Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်ဒေသမှ အာလူးများ တရားဝင် တင်သွင်းခွင့် ပြုထားခြင်းမရှိ

ပြည်တွင်းထွက် စိုက်ပျိုးရေး ထွက်ကုန်များ အနက် ပြည်တွင်း၌ စားသုံးရန် မလုံလောက်သည့် ကုန်ပစ္စည်းများကိုသာ

ဈေးကွက် လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရာတွင် အာလူးများကို နယ်စပ်ဒေသမှ တရားဝင် တင်သွင်း ခွင့်ပြုထားခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းထံမှ သိရသည်။

 

ယင်းကဲ့သို့တင်သွင်းခြင်းကို စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက်ပါရှိမှသာ ခွင့်ပြုပေးခြင်းဖြစ်ပြီး ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်စည်များကို   ပြည်ပသို့တင်ပို့ ရောင်းချရာတွင်လည်းကောင်း၊  ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရောင်းချရာတွင် လည်းကောင်း   ပို့ကုန်၊ သွင်းကုန် လိုင်စင် ပါမစ်များကို စိစစ်ခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် နယ်စပ်လမ်းကြောင်းများမှ ပြည်တွင်းဈေးကွက်သို့ တရုတ်အာလူးများ တရားမဝင် တင်သွင်းနေခြင်းကြောင့် ဒေသခံ အာလူးစိုက်တောင်သူများ မနစ်နာစေရန် တရားမဝင် ကုန်ပစ္စည်းများ  ထိန်းချုပ်ရေး လုပ်ငန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ထိန်းချုပ် ဆောင်ရွက်နေသည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းဝန်းကျင်၌ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် တရားမဝင် ကုန်သွယ်မှုများကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံ ဈေးကွက်များဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့၌ အာလူးစိုက်ပျိုး ထုတ်လုပ်မှု အားကောင်းသည့်အတွက် အဓိကကုန်သွယ်ဖက် နိုင်ငံကြီးများ၌ အာလူးဈေးကွက် ဆုံးရှုံးနေကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(1 Vote)