Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးရောင်းပွဲတော်များတွင် အစားအသောက်ဆိုင်များက ရောင်းအားအကောင်းဆုံးဖြစ်

ယခုနောက်ပိုင်း ရန်ကုန်မြို့ တွင် ကျင်းပ သော ဈေးရောင်းပွဲတော်များအနက် အများစုကတော့ အစားအသောက်ရောင်းချ


သော ဆိုင်များသာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ကြောင်း အဆိုပါဈေးရောင်းပွဲတော်များမှ သိရပါတယ်။

 

“ဈေးပွဲတော်တွေမှာ အဓိကက အစား အသောက်တွေ ရောင်းရတာများတယ်။ အစားအသောက်က တခြားလူသုံးကုန်တွေ၊ အဝတ်အထည်တွေထက် ပိုပြီးရောင်းအား ကောင်းခဲ့ပါတယ်” ဟု အစားအသောက် ရောင်းချတဲ့ လူတစ်ဦး၏ ပြောကြားချက် အရ သိရပါတယ်။

 

ဈေးရောင်းပွဲတော်များတွင် ရောင်းချကြသော အဝတ်အထည်နှင့် အခြားလူ့အသုံး အဆောင်ပစ္စည်းများကို အနည်းအကျဉ်းသာ ဝယ်ယူလေ့ရှိကြတာကို တွေ့ရပါတယ်။

 

“တချို့ ကျတော့လည်း လာကြည့်ရုံသာ လာကြည့်ပြီးမဝယ်ကြဘူး။ အဝတ်အထည် နဲ့အသုံးအဆောင်တွေထဲက Discount နဲ့ ဈေးလျှော့ထားတဲ့ ပစ္စည်းတွေတော့ ဝယ်တာတွေ့ ရပါတယ်။

 

ဒါပေမဲ့ အစားအစာတွေလောက်တော့ ရောင်းအားမကောင်းဘူး” ဟု ဈေးပွဲတော်များ၌ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းမျိုးစုံရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရသိပါတယ်။ 

 

သီတင်းကျွတ်ကာလမှ စတင်သည့်  ပွဲဈေးများနှင့် ဈေးရောင်းပွဲတော်များတွင် ပစ္စည်းမျိုးစုံရောင်းချသည့်ဆိုင်များဖွင့်လှစ်ကြသော်လည်း ဝယ်ယူသူများအနေဖြင့် အဝတ် အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းနှင့် အရည်အသွေးရွေးချယ်ကာ ဝယ်ယူခြင်းကြောင့် အနည်းငယ်သာရောင်းချရကြောင်း သိရပါတယ်။

 

ယင်း ပွဲတော်များအတွင်း အစားအသောက်များ ရောင်းချသူများအနေဖြင့် စားသုံးသူများ၏ ကျန်းမာရေးမထိခိုက်စေသည့် Food Safety နှင့်အညီ ဘေးကင်းသော အစားအစာများကိုသာ စေတနာထား၍ ရောင်းချပေးရန် လိုအပ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 04 December 2018 10:47
Rate this item
(1 Vote)