Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့လက်ဖက်ဆိုင် တရုတ်နိုင်ငံတွင် ပထမဆုံး စဖွင့်

တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် မြန်မာ့လက်ဖက်စို၊ လက်ဖက်ခြောက်ဆိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း Myanmar Tea Garden ကုမ္ပဏီထံမှ သိရသည်။

 

မြန်မာ့လက်ဖက်ဆိုင်ဖွင့်ရန် တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီ၊ ရှမ်းရွှေတောင်နှင့် အော်ဂဲနစ်ပလိုင်း လက်ဖက်ကုမ္ပဏီ၊ ကိုးကန့်ရွှေတောင်ကိုးလုံးကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Tea Garden အမည်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်ဈေးကွက်သို့ တရားဝင်ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် Myanmar Tea Garden ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတစ်ခုတို့ နားလည်စာချွှန်လွှာ (MoU) ရေးထိုးထားပြီး အခွန်ဆောင်ရန်ကိစ္စများ၊ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့၏ အသိအမှတ်ပြုလက်မှတ် ရရှိရေးကိစ္စများ ကျန်ရှိနေသောကြောင့် ဖြန့်ဖြူးရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက်မူ တစ်နှစ်နီးပါး ကြာမြင့်နိုင်ကြောင်း ရှမ်းရွှေတောင်ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးဝင်းအောင်က ပြောကြားသည်။


“တရုတ်ပြည်မှာကျင်းပတဲ့ တရုတ်-အာဆီယံ expo ပြပွဲတွေမှာ လက်ဖက်အသင်းအနေနဲ့ သွားပြတဲ့အခါ လက်ဖက်အခြောက်ထက် လက်ဖက်အစိုစားဖို့ကို စိတ်ဝင်စားကြတယ်။

 

မြန်မာ့လက်ဖက် ဝယ်လိုအားကလည်း အားကောင်းတဲ့အတွက် တရုတ်ပြည်မှာ လက်ဖက်ဆိုင်ဖွင့်ဖို့ စိတ်ကူးရမိတယ်။ ဒီတော့ ကုမ္ပဏီသုံးခုပေါင်းပြီး လက်ဖက်ဆိုင်ဖွင့်တယ်။ အဓိက,က ကိုယ့်အမှတ်တံဆိပ်နဲ့ ကိုယ်ဟာကို ရောင်းမယ်။ လက်ဖက်အစိုကို သုပ်စားဖို့တင်မဟုတ်ဘဲနဲ့ တရုတ်နိုင်ငံရဲ့ မီးဖိုချောင်သုံးပစ္စည်းအဖြစ် သုံးလို့ရအောင် အရည်အသွေးကောင်းကောင်းနဲ့ ဖြန့်ဖြူးရောင်းချသွားမ ယ်”ဟု ၎င်းက ဆိုသည်။

 

လက်ရှိတွင် လက်ဖက်ကုန်ကြမ်းကိုသာ တရုတ်နိုင်ငံသို့ တင်ပို့နိုင့်ပြီး ကုန်ချောကို တရားဝင်တင်ပို့နိုင်မှုမှာ နည်းပါးသေးကြောင်း၊ မြန်မာကုမ္ပဏီများက တရုတ်တွင် ဈေးကွက်ပေါက်မြောက်အောင်လုပ်နိုင်ပါက လက်ဖက်ဈေးကွက်အတွက် အလားအလာကောင်းနိုင်ကြောင်း လက်ဖက်စိုက်ပျိုးသူ ဦးမြင့်နိုင်က ပြောဆိုသည်။

 

Source: The Voice

Read times
Rate this item
(1 Vote)