Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ အထက်ပိုင်း၌ GAP စနစ်ဖြင့် ဆောင်းငရုတ် စိုက်ပျိုးရန် ဆောင်ရွက်နေ

Unicode

မြန်မာနိုင်ငံ အထက်ပိုင်း၌ GAP စနစ်ဖြင့် ဆောင်းငရုတ် စိုက်ပျိုးရန် ဆောင်ရွက်နေ


ယခုနှစ်ဆောင်းသီးနှံအတွက်  မြန်မာနိုင်ငံ အထက်ပိုင်းဒေသတို့၌ GAP စနစ်ဖြင့် ဆောင်းငရုတ် စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း  မြန်မာ့ငရုတ်သီး ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ သိရသည်။

 

ယခုနှစ် ဆောင်းရာသီအတွက် ငရုတ်စိုက်ကွက်များကို GAP  စနစ်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးရန် စီစဉ်ခဲ့သော်လည်း အခက်အခဲ တချို့ရှိခဲ့သည်။

 

စိုက်ပျိုးရာတွင် မြေပြင်ပြုပြင်ခြင်းနှင့် ကိုင်းရှင်းရန် လိုအပ်ပြီး ပျိုးပင်အတွက် အချိန် ၄၅ ရက် ပေးရမည်ဖြစ်သောကြောင့် ဧရာဝတီတိုင်း ဒေသကြီး၌ ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးရန် မမီတော့သော်လည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတို့၌  စိုက်ပျိုးနိုင်ရန်  လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>  ကုိရီးယားက ေထာက္ပံ့ေသာ အဆင့္ျမင့္ဆန္စက္စီမံကိန္းမွ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေပးေတာ့မည

 

““GAP စနစ်နဲ့  စိုက်ပျိုးရင်   ပြည်ပဈေးကွက်အတွက်လည်း ကောင်းတယ်။ စိုက်ပျိုးသူ အတွက်လည်း ဘေးအန္တရာယ် ကင်းတယ်။ မန္တလေးကနေ ဝမ်းတွင်းမြို့နယ်အထိ ယာမြေတွေမှာ စိုက်လို့ရတယ်။   အဲဒီအတွက် မြေကိုအရင် ရွေးမှာပါ”” ဟု မြန်မာ့ငရုတ်သီးဈေးကွက်နှင့်  နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာ ကျော်ကပြောသည်။

 

မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီး၌ အများဆုံးစိုက်ပျိုးပြီး ကျောက်ဆည်၊ မြစ်သားနှင့် ဟန်မြင့်မိုရ်စသည့်  မြန်မာနိုင်ငံ အထက်ပိုင်းဒေသတို့၌လည်း စိုက်ပျိုးကြောင်း သိရသည်။    

   

Source: Myawaddy

 

 

 

 

ျမန္မာႏိုင္ငံ အထက္ပိုင္း၌ GAP စနစ္ျဖင့္ ေဆာင္းင႐ုတ္ စိုက္ပ်ဳိးရန္ ေဆာင္ရြက္ေန

 

ယခုႏွစ္ေဆာင္းသီးႏွံအတြက္  ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသတို႔၌ GAP စနစ္ျဖင့္ ေဆာင္းင႐ုတ္ စိုက္ပ်ဳိးရန္ ေဆာင္ရြက္ေနေၾကာင္း  ျမန္မာ့င႐ုတ္သီး ေစ်းကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳး တိုးတက္ေရးအသင္းမွ သိရသည္။

 

ယခုႏွစ္ ေဆာင္းရာသီအတြက္ င႐ုတ္စိုက္ကြက္မ်ားကို GAP  စနစ္ျဖင့္ ျမန္မာႏိုင္ငံ အထက္ပိုင္းႏွင့္ ဧရာ၀တီတိုင္းေဒသႀကီးတို႔၌ စိုက္ပ်ဳိးရန္ စီစဥ္ခဲ့ေသာ္လည္း အခက္အခဲ တခ်ဳိ႕ရွိခဲ့သည္။

 

စိုက္ပ်ဳိးရာတြင္ ေျမျပင္ျပဳျပင္ျခင္းႏွင့္ ကိုင္းရွင္းရန္ လိုအပ္ၿပီး ပ်ဳိးပင္အတြက္ အခ်ိန္ ၄၅ ရက္ ေပးရမည္ျဖစ္ေသာေၾကာင့္ ဧရာ၀တီတိုင္း ေဒသႀကီး၌ ယခုႏွစ္ ေဆာင္းရာသီတြင္ စိုက္ပ်ဳိးရန္ မမီေတာ့ေသာ္လည္း ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသတို႔၌  စိုက္ပ်ဳိးႏိုင္ရန္  လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read More >>>>>  ကုိရီးယားက ေထာက္ပံ့ေသာ အဆင့္ျမင့္ဆန္စက္စီမံကိန္းမွ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေပးေတာ့မည္

 

““GAP စနစ္နဲ႔  စိုက္ပ်ဳိးရင္   ျပည္ပေစ်းကြက္အတြက္လည္း ေကာင္းတယ္။ စိုက္ပ်ဳိးသူ အတြက္လည္း ေဘးအႏၱရာယ္ ကင္းတယ္။ မႏၱေလးကေန ၀မ္းတြင္းၿမိဳ႕နယ္အထိ ယာေျမေတြမွာ စိုက္လို႔ရတယ္။   အဲဒီအတြက္ ေျမကိုအရင္ ေရြးမွာပါ”” ဟု ျမန္မာ့င႐ုတ္သီးေစ်းကြက္ႏွင့္  နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းဥကၠ႒ ေဒၚဥမၼာ ေက်ာ္ကေျပာသည္။

 

ျမန္မာ့င႐ုတ္ကို ဧရာ၀တီတိုင္းေဒသႀကီး၌ အမ်ားဆံုးစိုက္ပ်ဳိးၿပီး ေက်ာက္ဆည္၊ ျမစ္သားႏွင့္ ဟန္ျမင့္မိုရ္စသည့္  ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသတို႔၌လည္း စိုက္ပ်ဳိးေၾကာင္း သိရသည္။       

 

Source: Myawaddy

Read times Last modified on Tuesday, 04 February 2020 17:23
Rate this item
(0 votes)