Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီအရည်အသွေးပြိုင်ပွဲ ရန်ကုန်မြို့ တွင် ကျင်းပမည်

ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သည့် ကော်ဖီများ ထွက်ရှိရန် (၅) ကြိမ်မြောက် ကော်ဖီအရည်အသွေးပြိုင်ပွဲကို မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ တွင်

ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ အတွင်းရေးမှူး ဦးမင်းလှိုင်၏ ပြောဆိုချက်အရ သိရပါတယ်။

 

အဆိုပါပြိုင်ပွဲတွင် အရည်အသွေးမြင့်ပြိုင်ပွဲဝင်ကော်ဖီများ ပေါ်ထွက်လာစေရန် မျှော်မှန်းထားသည့်အပြင် ပြည်ပဈေးကွက်များသို့ မြန်မာ့ကော်ဖီများ တင်ပို့ရာတွင်လည်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာစေမည်ဖြစ်ကြောင်း သိရပါတယ်။

 

"ဒီပြိုင်ပွဲမှာ ကော်ဖီတွေကို ပြည်ပက ကော်ဖီပညာရှင်တွေနဲ့ ပြည်တွင်းက ကော်ဖီပညာရှင်တွေပူးပေါင်းစစ်ဆေးပြီး အမှတ်ပေးမှာ ဖြစ်တဲ့အတွက် ကော်ဖီအရည်အသွေး ပိုတိကျမှာပါ" ဟု ဦးမင်းလှိုင်က ပြောသည်။

 

Read More >>>>> တရုတ်သို့ မြန်မာ့လက်ဖက်ခြောက် စမ်းသပ်တင်ပို့မည်

 

ယင်းပြိုင်ပွဲသို့ ပြည်တွင်းမှ ကော်ဖီစိုက်ပျိုးသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကော်ဖီများကို ပြည်ပမှ ကော်ဖီလုပ်ငန်းများက အသိအမှတ်ပြုခံရမည်ဖြစ်သည့်အပြင် ပြည်ပဈေးကွက်ပါရရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံက ကော်ဖီအသင်းအနေဖြင့် ပြည်တွင်းကော်ဖီများကို ပြည်ပဈေးကွက်ရရှိရေးအတါက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Monday, 11 March 2019 10:34
Rate this item
(1 Vote)