Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ ဝယ်ယူမှုမရှိသော်လည်း မတ်ပဲအသစ်ပေါ်ချိန် ဈေးမြင့်တက်

အိန္ဒိယက အဝယ်မရှိ သော်လည်း မတ်ပဲအသစ်ပေါ်ချိန် တွင် ဈေးနှုန်းမြင့်တက်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် ကုန်သည် အသင်း အတွင်းရေးမှူး ဦးမင်းကို ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုး သီးနှံများ အသစ်ပေါ်ချိန် ဈေးနှုန်း ကျဆင်းလေ့ရှိသော်လည်း ပါကစ္စတန်နိုင်ငံမှ မတ်ပဲဝယ်လိုအား အ နည်းငယ်ရှိနေခြင်း၊ မတ်ပဲစိုက် ဧက လျော့နည်းခြင်းကြောင့် အ ထွက်နှုန်းနည်းခြင်း၊ ပြည်တွင်း ပဲလက်ကျန်နည်းခြင်းက ဈေး နှုန်းကျဆင်းမှုကို ထိန်းထားနိုင်သည့် အခြေအနေများဖြစ်ကြောင်း ၎င်းက ပြောသည်။

 

‘‘လှောင်သမားတွေကလည်း ဈေးကွက်ထဲဝင်လာတဲ့ ပဲတွေကို ဝယ်စုနေကြတယ်’’ဟု ဦးမင်းကို ဦးက ပြောသည်။

 

ထို့ကြောင့် ရန်ကုန်ဈေး ကွက်တွင် ယခုရက်ပိုင်း ၂၀၁၈ မတ်ပဲတစ်တန်လျှင် ကျပ်ခြောက် သိန်း ကိုးသောင်းဈေးရှိပြီး ပြီးခဲ့ သည့် ဖေဖော်ဝါရီလထက် တစ် တန်လျှင် ကျပ်တစ်သိန်းခန့် ဈေးပြန်တက်လာခြင်းဖြစ် သည်။ ဖေဖော်ဝါရီလဆန်းပိုင်းက အိန္ဒိယမှ ပဲအဝယ်ရပ်လိုက်ခြင်း ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်း ကျပ်ငါးသိန်းရှစ် သောင်းခန့်သို့ ကျဆင်းခဲ့သည်။

 

‘‘အခုပေါက်ဈေးက လယ် သမားတွေအတွက် မရှုံးသေးတဲ့ ဈေးပဲ’’ဟု ဓနုဖြူမြို့နယ်မှ မတ်ပဲ စိုက်ပျိုးသည့် လယ်သမား ဦးသိန်းအောင်က ပြောသည်။

 

Read More >>>>>  ပြည်တွင်းပြည်ပမှ ပန်းမျိုးစုံနှင့် သီးပင်စားပင် အမျိုးအစားပေါင်း ၃၀၀ ကျော် ပါဝင်ပြသမည့် ပန်းမန်ပြပွဲကျင်းပရန်စီစဉ်

လက်ရှိ မတ်ပဲတစ်တင်းဈေး ကျပ် ၂၅,၀၀၀ ခန့်ရှိနေခြင်း ကြောင့် စိုက်ပျိုးစရိတ် ကုန်ကျမှု ထက် ပိုမိုရရှိနေသေးသည်ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံတွင် မိုးစပါးစိုက် ပျိုးပြီးလျှင် ဆောင်းရာသီသီးနှံအ ဖြစ် မတ်ပဲကို ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် အဓိကစိုက်ပျိုး သည်။ အိန္ဒိယနိုင်ငံ၏ ဝယ်လို အား မသေချာမှုကြောင့် ယခုနှစ် မတ်ပဲစိုက်ပျိုးမှုက ၃၀ ရာခိုင်နှုန်း ခန့် လျော့နည်းခဲ့ကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းက ခန့်မှန်းထားသည်။

 

ထို့အပြင် အိန္ဒိယဈေးကွက် သို့ အဓိကရောင်းချနေရသည့် ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုက လည်း ယခုနှစ်တွင် များစွာလျော့ နည်းခဲ့ကြောင်း၊ ထိုသို့ ပြည်တွင်း လက်ကျန် လျော့နည်းပြီး ပဲစင်းငုံ အသစ်ကလည်း တန်ချိန် ငါး သောင်းခန့်သာရှိသောကြောင့် လက်ရှိ ဈေးကွက်အတွင်း ပဲစင်းငုံအသစ် ဈေးနှုန်းသည် ကျပ်ရှစ် သိန်းငါးသောင်းခန့် ပေါက်ဈေးရှိ နေကြောင်းသိရသည်။

 

Source: 7 day news

Read times Last modified on Tuesday, 12 March 2019 11:15
Rate this item
(1 Vote)