Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တွံတေး ကွမ်းဝါနုများ ဈေးချိုချိုဖြင့် ဝင်လာ၍ မော်လမြိုင်ကျွန်းဒေသထွက်ကွမ်းများ ရသည့်ဈေးဖြင့် ရောင်းချကြရ

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ ကွမ်းဝါနုများ ဈေးချိုချိုဖြင့် ဝင်ရောက်လာသည့်အတွက်

ဒေသထွက် ကွမ်းရွက်များ ဈေးနှုန်းကျဆင်းလာခြင်းကြောင့် ရသည့်ဈေးဖြင့် ရောင်းချနေရကြောင်း မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကွမ်းစိုက် တောင်သူများထံမှ သိရသည်။

 

 "ခြံကွမ်းတွေက မခူးဘဲနေလို့လည်း မရဘူး၊ ပုပ်ကုန်မှာ အဲဒီတော့ရတဲ့ဈေးနဲ့ ရောင်းနေရပါတယ်။ သောင်းပြောင်း တစ်ပိဿာကို ကျပ် ၁၅၀ဝ၊ ရှယ်သန့်ကွမ်းရွက်မှ တစ်ပိဿာ ကျပ် ၂၅၀ဝ နဲ့ ရောင်းရပါတယ်။ အခုအတိုင်းသာ ဈေးက ရက်ရှည်ရှည် ဆက်ကျနေမယ်ဆိုရင် ရှေ့ဆက်အလုပ်လုပ် စိုက်ပျိုးဖို့ ခက်ခဲတော့မှာပါ" ဟု မော်လမြိုင်ကျွန်းဘုရားကြီး ကျေးရွာမှ ကွမ်းစိုက်တောင်သူ ဒေါ်တင်အုန်းက ပြောဆို သည်။

 

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်မှ ထွက်ရှိသည့် ကွမ်းဝါနုများမှာ တစ်ပိဿာကျပ် ၁၀ဝ၀ ဖြင့် ဝင်ရောက်လာ ခြင်းကြောင့် မတ်လဒုတိယပတ်အတွင်းဒေသထွက် ကွမ်းရွက် သောင်းပြောင်း (အကြီး၊ အသေး၊ ရောနှော) တစ်ပိဿာ လျှင်ကျပ် ၁၅၀ဝ၊ ယာကွမ်းသန့် တစ်ပိဿာကျပ် ၂၅၀ဝ ဈေးဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။

 

Read More >>>>> ပြည်ပမှ ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခွင့်ရပ်ဆိုင်း

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ဒေသထွက် ကွမ်းရွက် သောင်းပြောင်း တစ်ပိဿာကျပ် ၃၇၀ဝ၊ ယာ ကွမ်းသန့် တစ်ပိဿာကျပ် ၄၅၀ဝ မှ ၅၀ဝ၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

 

"ဒေသထွက်ခြံကွမ်းက အရင်တုန်းက အနီးစပ်ဆုံး ကျန်ခဲ့တဲ့လက တစ်ပိဿာကို ကျပ် ၅၀ဝ၀ မှာ ရှိခဲ့တာပါ။ အခုတော့ ဈေးကထိုးကျသွားတာ ဟုတ်ပါတယ်၊ ဒါက လည်း တစ်ဖက်က ကွမ်းဝင်တဲ့အတွက်ကြောင့်ပါ၊ ဒိုင်ဝယ် ဈေးကလည်း ကျပ် ၁၅၀ဝ နဲ့ ကျပ် ၂၅၀ဝ ပါပဲ၊ ကွမ်းအဝင် ကတော့ ခုနစ်ရက် တစ်ပတ်၊ ငါးရက်တစ်ပတ်ကို အချိန် ၅၀ဝ ပိဿာအထက်မှာ ရှိပါတယ်။ ဈေးကျလို့ မခူးတော့ လည်း အလကားဖြစ်မယ့်အတူတူ ရတဲ့ဈေးနဲ့ လာပို့နေ တာပါ။ ကွမ်းက ရက်ရှည်ရှည်နဲ့ အထားခံတာ၊ စားကောင်း တာက ဒေသထွက်ကွမ်းကို မမီပါဘူး"ဟု မော်လမြိုင်ကျွန်း မြို့မှ ရိုးရိုးလေးကွမ်းပွဲရုံပိုင်ရှင် ဦးထက်ရှားက ပြောဆိုသည်။

 

မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းစိုက်ပျိုးသူများသည် ကွမ်းများကို ဒေသတွင်းဒိုင်များသို့ အဓိက တင်ပို့ရောင်းချကြပြီး ဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဘုရားကြီး၊ ဖောင်ရိုးချောင်း၊ ပုလွန်စာ၊ စခန်းကြီး၊ ညောင်တုန်းစု၊ ပျံကြီး၊ ကျိုက်ပိ၊ မရဲ အုန်းပင်စု၊ လှိုင်းဘုန်း စသည့်ကျေးရွာများတွင် ကွမ်းကို အများဆုံးစိုက်ပျိုးကြသည်။

 

Source: MM Time

 

Read times Last modified on Friday, 15 March 2019 14:46
Rate this item
(1 Vote)