Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲနှင့်ပဲစင်းငုံဈေး ဆက်တိုက်မြင့်တက်

အိန္ဒိယနိုင်ငံက ပဲတင် သွင်းမည့်ခွဲတမ်းကြေညာချက် ထွက်ပေါ်လာပြီးနောက် ပြည် တွင်းဈေးကွက်တွင် မတ်ပဲ၊ ပဲစင်း ငုံဝယ်လိုအားပြန်လည်မြင့်တက်လာသည်။


အထွက်နှုန်းလျော့နည်းပြီး သိုလှောင်လိုသူများ ၀ယ်လိုအား ပြန်လည်မြင့်တက်ခြင်း၊ အိန္ဒိယ ကုန်သည်များက ၀ယ်ယူရန် ပြင် ဆင်ခြင်းများကြောင့် ပြည်တွင်း ဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်လည် မြင့်တက်စေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

‘‘၀ယ်လိုအား များလာလို့ ဈေးကတက်လာတဲ့သဘောပါ’’ ဟု ဦးမင်းကိုဦးက ပြောသည်။

 

လက်ရှိ ဧပြီလဆန်းရက်များတွင် ပြည်တွင်းဈေးကွက်၌ မတ်ပဲ တစ်တန် ကျပ်ခုနစ်သောင်းခွဲ၊ ပဲစင်းငုံတစ်တန် ကျပ်ကိုးသောင်းခန့် ဈေးတက်လာကြောင်း ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန် ကျပ်ခြောက်သိန်း ရှစ်သောင်းမှ ကျပ်ခုနစ်သိန်းခွဲ၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်ခုနစ် သိန်းလေးသောင်းမှ ကျပ်ရှစ်သိန်း သုံးသောင်းအထိ ဈေးတက်ခြင်း ဖြစ်သည်။

 

ပဲတင်သွင်းခွင့် နှစ်လကြာ ပိတ်ထားသော အိန္ဒိယအစိုးရ သည် မတ်လ ၂၉ ရက်က ပြည်ပ မှ ပဲတင်သွင်းရန် ကြေညာချက် ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံ၌ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းပြန်လည်မြင့်တက်လာသည်။

 

၂၀၁၉ ဧပြီ ၁ ရက်တွင် စတင်မည့်ဘတ်ဂျက်နှစ်အတွက် ပြည်ပမှ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်နှစ်သိန်းတင်သွင်းမည်ဟု အိန္ဒိယအစိုးရက ကြေညာချက် ထုတ်ပြန်သည်။

 

အိန္ဒိယအစိုးရ၏ ပြည်ပမှ ပဲတင်သွင်းမည့် အစီအစဉ်ကို စောင့်မျှော်နေသော ပြည်တွင်းပဲ ကုန်သည်များက ၂၀၁၈ နှင့် တန် ချိန်ပမာဏတူနေခြင်းကို အားရမှု မရှိကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောကြားသည်။

 

Credit: 7 day news

Read times Last modified on Friday, 05 April 2019 14:39
Rate this item
(1 Vote)