Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှတင်သွင်းသော သက်တမ်းလွန် ငါး၊ ပုစွန်အစာများ ရောင်းချမှုရှိနေ

ပြည်ပမှတင်သွင်းသော သက်တမ်းလွန် ငါး၊ ပုစွန်အစာများ ရောင်းချမှုရှိနေ google

ပြည်ပနိုင်ငံများမှတင်သွင်းသော ငါး၊ ပုစွန် အစာများတွင် သက်တမ်းလွန်သော အစာတောင့်များကို ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ဧပြီ ၂၀ ရက်က ပြောဆိုသည်။

 

သက်တမ်းလွန်

"ဖြစ်နိုင်ခြေကတော့ သူတို့နိုင်ငံတွေမှာ အစာစက်ရုံတွေပေါတော့ ဈေးကွက်ယှဉ်ပြိုင်ရတဲ့အခါ ပိုလျှံတာတွေ၊ မရောင်းရလို့ လက်ကျန်တွေကနေ ရက်လွန်တာတွေဖြစ်နိုင်တယ်။ ကျွန်တော်တို့ကတော့ အစားအသောက် ဘေးကင်းလုံခြုံရေးဘက်မှာ အားနည်းတဲ့နိုင်ငံ ဖြစ်နေတော့ ရက်လွန်အစာတွေရောင်းချတဲ့ ဈေးကွက်တစ်ခုဖြစ်သွားမှာ စိုးရိမ်ပါတယ်။

 

နိုင်ငံခြားကသွင်းတဲ့အစာတချို့က ဈေးကွက်ထဲရောက်တဲ့အချိန်မှာ ရက်လွန်တာတွေဖြစ်နေတယ်။ အဲဒီလိုရက်လွန်တဲ့အထဲမှာ နှစ်မျိုးရှိတယ်။ လာကတည်းက သက်တမ်းလွန်နေတာလား၊ ဒီရောက်မှ မရောင်းရလို့ရက်က လွန်သွားတာလားပေါ့နော်။ အဲဒါမျိုးတော့ ကျွန်တော်တို့အတိအကျမသိနိုင်ဘူး။ သက်တမ်းလွန်တဲ့အစာတွေ မြန်မာနိုင်ငံရောက်လာပြီးတော့ ဈေးကွက်အတွင်းဖြန့်တယ်"ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်က ပြောဆိုသည်။

 

မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် ရေပေါ်အစာများကျွေးမွေးစနစ် ဖြစ်ပေါ်စေရန် စည်းရုံးပညာပေးနေရသည့် ကာလဖြစ်သောကြောင့် အစာအရောင်းအဝယ်ပိုင်းတွင် သွက်သွက်လက်လက် မရှိသည့်အခါ သက်တမ်းလွန်သွားခြင်း ဖြစ်နိုင်သည်။

 

ဖျက်ဆီးပစ်

နိုင်ငံတကာတွင် ဆေးဝါးဖြစ်စေ၊ အစားအသောက်ဖြစ်စေ ရက်လွန်ပစ္စည်းဖြစ်ပါက လူသားများအပြင် တိရစ္ဆာန်များအတွက်ပါ အသုံးပြုတော့ခြင်းမရှိဘဲ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် ဖျက်ဆီးပစ်ကြသည်။

 

အကျိုးသက်ရောက်

ငါး၊ ပုစွန်အစာများ သက်တမ်းလွန်သွားပါက မှိုတက်ခြင်း၊ အာနိသင်ပျက်ပြယ်ခြင်းတို့ကြောင့် အဆိပ်အတောက်များဖြစ်ပွားနိုင် သလို ယင်းအစာကို ငါး၊ ပုစွန်များအားကျွေးမိပါက ငါး၏ကြီးထွားနှုန်းကို ထိခိုက်နိုင်ခြင်း၊ အစာခြေစနစ်ကို ထိခိုက်နိုင်ခြင်းအပြင် အခြားသောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 

Read More >>>>>  သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်

 

အများဆုံးတင်သွင်း

မြန်မာနိုင်ငံသို့ ငါး၊ ပုစွန်အစာများကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံး တင်သွင်းလျက်ရှိသည်။

 

Source: Myanmar Time

Read times Last modified on Monday, 22 April 2019 16:42
Rate this item
(1 Vote)