Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ကျင်းပပြုလုပ်မယ့် ကိုရီးယားအစားအစာပွဲတော်

Unicode

 

စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ကျင်းပပြုလုပ်မယ့် ကိုရီးယားအစားအစာပွဲတော်


ကိုရီးယားအစားအစားတွေ ကြိုက်နှစ်သက်ကြသူတွေအတွက် အကြိုက်တွေ့စေမယ့် ကိုရီးယားအစားအစာပွဲတော် တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။


အဲ့ဒီပွဲလေးကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ စံရိပ်ငြိမ်ဂမုန်းပွင့်မှာ နေ့လည် ၃ နာရီကနေ ည ၈ နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။


ကိုရီးယားနိုင်ငံက တင်သွင့်ဖြန့်ချီတဲ့ စားသောက်ကုန်တွေကို စိတ်ကြိုက်မြည်းစမ်းပြီး ဝယ်ယူနိုင်မှာပါ။


Dried Tea Leaves (296)လက်ဖက်ခြောက်လုပ်ငန်းများ (၂၉၆) ခုကိုရှာရန်နှိပ်ပါ။


ဖျော်ဖြေရေးအစီအစဉ်တွေအနေနဲ့ DJ မင်းထူးမြတ်ရဲ့ တီးခတ်တင်ဆက်မှု၊ Synergy Dancer Group ရဲ့ ကပြဖျော်ဖြေမှုနဲ့အတူ တေးသံရှင် ပိုပိုဟေသာကလည်း တေးသီချင်များနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။


ဒါ့အပြင် သရုပ်ဆောင်ကောင်းမြတ်စံ၊ မော်ဒယ် စွမ်းထက်ပိုင်တို့ကလည်း ဒီပွဲမှာ ရှိနေဦးမှာပါ။


အနုပညာရှင်တွေနဲ့လည်း ပျော်စရာ ဂိမ်းတွေ ကစားနိုင်မယ့်အပြင် မည်သူမဆို ကံစမ်းနိုင်မယ့် Lucky Draw အစီအစဉ်တွေလည်း ရှိနေဦးမှာပါ။


Read More >>>>>  မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပမယ့် ဖရဲသီးနှင့် သခွားမွှေးပွဲတော်


Lucky Draw အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ #KoreanFoodFestival2020 #KMartMyanmar လို့ facebook မှာ Check-in ဝင်ပေးရုံနဲ့ ကူပွန်တွေကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။


အသေးစိတ်သိရှိလိုပါက- http://bit.ly/2wITt6P မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


Myanmar Food Industry Directory

 


 


 


 


 


 


 


 


 


 


 


 


Read times
Rate this item
(0 votes)