Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေငန်ငါးများ မွေးမြူပြီး ဥရောပသို့ တင်ပို့နိုင်ပါက ဈေးကွက်အား ကောင်းလာနိုင်

ဥရောပရှိ ငါးဈေးကွက်တွင် ရေငန်ငါး စားသုံးမှုများသည့်အတွက် ပြည်တွင်း၌ ရေငန်ငါးများ မွေးမြူတင်ပို့နိုင်ပါက ဈေးကွက်အား ကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၏ ပြောဆိုချက်အရ သိရသည်။

 

မြန်မာနိုင်ငံမှ ဥရောပဈေးကွက်သို့ သဘာဝမှ ရရှိသည့်ငါးများကိုသာ  တင်ပို့လျက်ရှိရာ မေ ၁ ရက်မှစ၍ မွေးမြူရေးငါးများ တင်ပို့ခွင့်ရရှိထားကြောင်း  သိရသည်။လက်ရှိ ပြည်ပနိုင်ငံတို့သို့ ငါးတင်ပို့နေသည့် စက်ရုံ ၁၂၃ ရုံရှိပြီး၂၃ ရုံမှာ ဥရောပဈေးကွက်သို့ သဘာဝမှရရှိသည့် ငါးများကို  တင်ပို့လျက်ရှိကာ ယင်းတို့ထဲမှ ၁၇ ရုံသည် မွေးမြူရေးငါးများကိုပါ  တင်ပို့နိုင်ရန်  စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

သဘာဝမှရရှိသည့်ငါးများကို ဥရောပနိုင်ငံ ၁ဝ နိုင်ငံသို့ တင်ပို့ရာတွင်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က  တန်ချိန်တစ်သောင်းကျော်၊ အမေရိကန်ဒေါ်လာ သန်း၂ဝ ကျော်ဖိုး တင်ပို့နိုင်ခဲ့သည်။

 

Read More >>>>>>  ဂျာမန်အဖွဲ့မှ မြန်မာ့နှမ်းကို အဆင့်မြှင့်စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက် တင်ပို့မည်

 

ဥရောပဈေးကွက်သို့ တင်ပို့ခွင့် ရရှိထားသည့် မွေးမြူရေးငါး ၁ဝ မျိုးမှာ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊  ငါးခေါင်းပွ၊  ရွှေဝါငါးကြင်း၊ ငါးတန်၊  ငါးခုံးမကြီး၊  တီလားဗီးယား၊ ပုစွန်ကျား၊ ပုစွန်ဖြူနှင့် ကဏန်းပျော့တို့ဖြစ်ကြောင်း သိရသည်။  

 

Source: Myawaddy

Read times Last modified on Thursday, 16 May 2019 10:45
Rate this item
(1 Vote)