Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယကုန်သည်များ ဝယ်လိုအားကြောင့် ပြည်တွင်းပဲဈေးတက်

အိန္ဒိယအစိုးရက ပဲတင် သွင်းခွင့်ကုမ္ပဏီစာရင်းများထုတ် ပြန်ခြင်းကြောင့် ပြည်တွင်း၌ အ ဝယ်လိုက်လာပြီး ဈေးထပ်မံမြင့် တက်လာကြောင်း မြန်မာနိုင်ငံ ပဲ မျိုးစုံနှင့် နှမ်းကုန်သည်အသင်း အ တွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။


ပဲတင်သွင်းခွင့်ကို ယခင်နှစ်ကဲ့သို့ အချိန်ကန့်သတ်ထားခြင်းမ ရှိသောကြောင့် အလုံးအရင်းဖြင့် ဝယ်ယူမှုမရှိနိုင်ကြောင်း ၎င်းက ပြောသည်။


‘‘ဝယ်လိုအားရှိရင် ဈေးကတော့ တက်မှာပဲ’’ ဟု ဦးမင်းကို ဦးကို ၎င်း၏အမြင်ကိုပြောသည်။ ထို့အပြင် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းပြီး အထွက်နှုန်းကျဆင်းသော မတ်ပဲအတွက်ယခု နှစ်စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောသည်။


ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံတွင် မတ်ပဲစိုက်ပျိုးထုတ်လုပ် မှု တန်ချိန်လေးသိန်းကျော်မှ ငါး သိန်းကျော်အကြား ရှိသော်လည်း ယခုနှစ်တွင် မတ်ပဲက တန်ချိန်သုံး သိန်းခန့်သာ စိုက်ပျိုးထုတ်လုပ်သည်။ အိန္ဒိယက ယခုနှစ်တွင် မတ်ပဲတန်ချိန် တစ်သိန်းခွဲတင် သွင်းရန် ခွဲတမ်းပေးထားခြင်း၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ယူ အေအီးနိုင်ငံတို့က ဝယ်လိုအားရှိ နေကြောင်း ပဲကုန်သည်အချို့က ပြောသည်။


ထို့ကြောင့် ပြည်တွင်းဈေး ကွက်တွင် မတ်ပဲဈေးနှုန်းကလက် ရှိတစ်တန်လျှင် ၈၆၅,၀၀၀ ကျပ်မှ ၁,၀၅၀,၀၀၀ ကျပ်အထိ ဈေးရှိနေသည်။


လက်ရှိပေါက်ဈေး အိန္ဒိယအဝယ်တိုးလာပါက ထပ်မံမြင့်တက်နိုင်ကြောင်း ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။


ထို့အပြင် ပဲစင်းငုံလည်း ယခုနှစ်တွင်တန်ချိန် ငါးသောင်း ခန့်သာ စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ပြည်တွင်း၌တစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ မှ ၁,၀၄၀,၀၀၀ အထိ ဈေးရှိနေသည်။


‘‘ပဲဈေးတက်ချိန်က လယ် သမားအများစုလက်ထဲမှာ ပဲကမ ရှိတော့ဘူး’’ ဟု ဆောင်းရာသီတွင် မတ်ပဲစိုက်ပျိုးသော ဓနုဖြူမြို့ နယ်မှ လယ်သမား ဦးသိန်းအောင် က ပြောသည်။


ပဲစင်းငုံ ဝယ်လိုအားရှိခြင်းကြောင့် မေလအတွင်း တစ်တန်လျှင် ကျပ်သုံးသောင်းခန့် ဈေး တက်လာသည်။ ပဲစင်းငုံဝယ်လို အားက ပုံမှန်အခြေအနေရှိနေပြီး ဝယ်လိုအားများစွာ တိုးမြှင့်ခြင်းမရှိသေးကြောင်း ဦးမင်းကိုဦးက ပြောသည်။

 

ပဲတီစိမ်းလည်း လက်ရှိပြည်တွင်းဈေးကွက်တွင်တစ်တန်လျှင် ကျပ် ၁၀ သိန်းကျော်နှင့် ကျပ် ၁,၄၀၀,၀၀၀ အကြားဈေးရှိသည်။ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သာ အိန္ဒိယသို့ တင်ပို့ပြီး ဥရောပအပါအဝင် အခြားနိုင်ငံများသို့လည်း အနည်း ငယ်တင်ပို့ရောင်းချသည်။

 

 ယခုနှစ် မတ်ပဲပေါ်ချိန်တွင် လယ်သမားများက ပဲတစ်တင်းလျှင် ကျပ် ၂၂,၀၀၀ မှ ကျပ် ၂၅,၀၀၀ အတွင်း ဈေးပေါက်ခဲ့ သည်။ ရိတ်သိမ်းပြီးချိန်တွင်ဈေးမ ကောင်းသဖြင့်အထွက်နည်းသော တောင်သူများ အရှုံးပေါ်ခဲ့သည်။

 

Source: 7 day news

Read times
Rate this item
(0 votes)