Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဝယ်လိုအားကြောင့် လေးဆကျော် မြင့်တက်လာတဲ့ ငရုတ်အစိုဈေးနှုန်း

ပြည်ပနိုင်ငံများက ဝယ်လိုအားများလာခြင်းကြောင့် ငရုတ်သီးအစိုဈေးနှုန်းများမှာ ပုံမှန်ထက် လေးဆကျော် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

 

ပုံမှန်အားဖြင့် ငရုတ်အစိုဈေးနှုန်းမှာ တစ်ပိဿာကို ကျပ် (၁၅၀၀)မှ (၂၀၀၀) ခန့်သာ ဈေးပေါက်လေ့ရှိပြီး လက်ရှိ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က ပြည်တွင်းမှ ထွက်ရှိတဲ့ငရုတ်ကို အများအပြားဝယ်ယူလာတဲ့အတွက် တစ်ပိဿာကို ကျပ် (၈၅၀၀)ထိ မြင့်တက်လာကြောင်း သိရပါတယ်။

 

အခုလို ငရုတ်အစိုကို ပြည်ပနိုင်ငံများက ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ပြည်တွင်းမှာ ကုန်ရှားပါးတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့အပေါ် ပြန်လည်ကာကွယ်ပေးနိုင်ရေးအတွက် နယ်စပ်ဒေသများမှ တရားဝင်လမ်းကြောင်းနဲ့ တင်သွင်းခွင့်ပြုပေးဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆီ တင်ပြထားကြောင်း စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခင်ဟန်က ပြောပါတယ်။

 

ငရုတ် စိုက်ပျိုးထုတ်လုပ်သူများက အစိုဈေးကွက်အနေနဲ့လည်းကောင်း၊ အခြောက်ဈေးကွက်အနေနဲ့လည်းကောင်း ပြည်တွင်း၊ ပြည်ပကို တင်ပို့ရောင်းချလျက်ရှိပေမယ့်လည်း လတ်တလောမှာ ပြည်ပနိုင်ငံများမှ အဝယ်လိုက်တဲ့ ငရုတ်အစိုများကို ဦးစားပေး ရောင်းချနေရတာကြောင့် တောင်သူများ ငွေကြေးကုန်ကျမှုနည်းပါးပြီး တွက်ခြေကိုက်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံရှိ ငရုတ်စိုက်တောင်သူအများစုမှာ ပြည်တွင်းငရုတ်မျိုးများ၊ ဒေသမျိုးရင်းများကိုသာ ထပ်တလဲလဲ အသုံးပြုစိုက်ပျိုးကြတာကြောင့် အထွက်နှုန်းနဲ့ ငရုတ်သီး အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်နေတဲ့အတွက် အမြတ်များတဲ့ ငရုတ်မျိုးကောင်းမျိုးသန့်များကို ပြောင်းလဲစိုက်ပျိုးဖို့ လိုအပ်ကြောင်း ငရုတ်စိုက်တောင်သူများက ပြောပါတယ်။

 


Read More >>>>>     ကြာစွယ် စားပေးခြင်း၏ အကျိုးကျေးဇူးများ

 


ငရုတ်တစ်ဧက စိုက်ပျိုးတဲ့အခါ မြေပြုပြင်ခြင်း၊ မျိုးနဲ့ သဘာဝမြေသြဇာ၊ လုပ်အားခ စုစုပေါင်း ကျပ် (၁၅၀၀၀၀) သာကုန်ကျတာကြောင့် ငရုတ်စိုက်တောင်သူများအနေနဲ့ အထွက်နှုန်းကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်တဲ့ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း သိရပါတယ်။

 

လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်ကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများက စိုက်ပျိုးထွက်ရှိတဲ့ ငရုတ်များ မကြာခင်ကာလပိုင်းမှာ ဝင်ရောက်လာတော့မှာဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးနဲ့ မြစ်ဝကျွန်းပေါ်ဒေသများက ထွက်ရှိတဲ့ ငရုတ်များ ဈေးကွက်ကို ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။

 

Source: The Farmer Myanmar

Read times Last modified on Thursday, 27 June 2019 13:56
Rate this item
(0 votes)