Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကနေဒါမှ စားတော်ပဲ တန်ချိန် ငါးသောင်းကို စမ်းသပ်တင်သွင်းမည်

ကနေဒါနိုင်ငံမှ စားတော်ပဲ (Yellow Peas) တန်ချိန် ငါးသောင်းကို စမ်းသပ်တင်သွင်းဖို့ သက်ဆိုင်ရာ တောင်သူများနဲ့ ကုန်သည်များပါဝင်တဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စီစဉ်လျက်ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

တရားဝင် ကိုတာစနစ်နဲ့ ကနေဒါနိုင်ငံမှ စားတော်ပဲ (Yellow Peas) တန်ချိန် ငါးသောင်းကို တင်သွင်းဖို့ စီစဉ်နေခြင်းဖြစ်ကာ ပြည်ပမှတင်သွင်းပါက ဈေးနှုန်းသက်သာစွာ တင်သွင်းနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

 

လက်ရှိ ဈေးကွက်အခြေအနေအရ စားတော်ပဲ တစ်တန်ကို FOB ဈေးနှုန်းအရ ဒေါ်လာ (၃၂၀) သာရှိနေပြီး အခုလို ကိုတာစနစ်နဲ့ တရားဝင်တင်သွင်းလိုက်ပါက နယ်စပ်မှ တရားမဝင်တင်သွင်းမှုများကိုလည်း လျှော့ကျသွားနိုင်မယ်လို့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ရှင်းပြခဲ့ပါတယ်။ ဒါ့ပြင် ပြည်တွင်းရှိ စားသုံးသူများအနေနဲ့လည်း အရည်အသွေးကောင်းမွန်တဲ့ စားတော်ပဲများကို စားသုံးနိုင်မှာဖြစ်ပါတယ်။

 

ဒါပေမယ့် ကုန်စည်ဒိုင်အချို့မှ အခုလို ပြည်ပမှတရားဝင် စမ်းသပ်တင်သွင်းဖို့ စီစဉ်နေခြင်းကို ကန့်ကွက်မှုများရှိနေတဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ ၎င်းကန့်ကွက်မှုများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

"ဒီလိုတင်သွင်းဖို့က စမ်းသပ်တင်သွင်းဖို့ စဉ်းစားတာပါ။ အမြဲတမ်းတင်သွင်းဖို့မဟုတ်ပါဘူး။ အဲ့လိုစမ်းတင်သွင်းတဲ့အပေါ်မှာ ဘာတွေလိုအပ်ချက်ရှိလဲ၊ ဘာတွေထိခိုက်မှုရှိမလဲဆိုတာတွေကို စောင့်ကြည့်ပြီးမှ နောက်ပိုင်းဆက်လုပ်၊ မလုပ်ကို ထပ်ပြီး စဉ်းစားဖို့ပါပဲ။ လက်ရှိဆို မြန်မာနိုင်ငံက တောင်သူလယ်သမားကြီးတွေမှာလည်း ပဲကနဲနဲပဲကျန်မယ်။ ကျန်တဲ့တောင်သူလေးတွေဆို ပိုဆိုးပြီပေါ့။ မကျန်တော့ဘူးလို့ ဆွေးနွေးတဲ့အပေါ်မှာ ပြောကြတာသိရတယ်။

 

တင်သွင်းတယ်၊ မသွင်းဘူးကတော့ ဝန်ကြီးဌာနကဆုံးဖြတ်မှာပါ။ အခု ကုန်စည်ဒိုင်အချို့က အဲ့လိုတင်သွင်းရင် ပြည်တွင်းဈေးကွက်ထိခိုက်မှာကို စိုးရိမ်နေကြတဲ့အတွက် ကန့်ကွက်မှုတွေ ရှိနေပါတယ်။ အားလုံးကို စားသုံးသူရော၊ ကုန်သည်တွေရော၊ လယ်သမားတွေအတွက်ပါ ထည့်တွက်စဉ်းစားပြီးမှ ဆောင်ရွက်မှာပါ" လို့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ရှင်းပြခဲ့ပါတယ်။

 

Read More >>>>>  ဘီယာဘုရင် Starbuks ဝယ်ယူ


စားတော်ပဲများမှာ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လျက်ရှိနေပြီး တရုတ်နယ်စပ်မှ တစ်နှစ်ကို တန်ချိန် (၁၀၀) ခန့်အထိ ပြည်တွင်းကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။ တရားမဝင်တင်သွင်းနေတဲ့ စားတော်ပဲများရဲ့ မှောင်ခိုဈေးနှုန်းမှာ တစ်တန်ကို ကျပ် ( ၇ ) သိန်းခွဲခန့်ရှိနေပြီး ကိုတာစနစ်နဲ့ တင်သွင်းလိုက်ပါက တစ်တန်ကို ကျပ် ( ၅ ) သိန်းခွဲခန့်နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

 

Source: BE NEWS

Read times Last modified on Monday, 08 July 2019 13:15
Rate this item
(1 Vote)