Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀ တွင် ပို့ ကုန်အသစ်ငါးမျိုး တိုးချဲ့တင်ပို့မည်

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၅) မှာ လက်ရှိ ဦးစားပေးကဏ္ဍ (၁၁) ခုအပြင် နောက်ထပ် ကဏ္ဍအသစ် (၅) မျိုးတို့ကို တိုးချဲ့ ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

 

“ကဏ္ဍအသစ် (၅) ခုဖြစ်တဲ့ ကျောက်မျက်၊ လက်ဝတ်ရတနာ၊ ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်း၊ သစ်သီးဝလံနဲ့  လက်မှုအနုပညာပစ္စည်း ထုတ်လုပ်မှုကဏ္ဍတွေကို တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

 

Fresh Milk  နွားနို့လုပ်ငန်းပေါင်း ၂၃ ခုကို ရှာရန်နှိပ်ပါ။

 

အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုရဲ့ ‘လယ်ယာထွက်ကုန်သီးနှံများ ပြည်ပဈေးကွက်မပျက်ရေးဆိုင်ရာ အမေး’ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဖြေကြားချက်များနဲ့ ပေါင်းစပ်ပြီး စီးပွား/ ကူးသန်း ဒုတိယဝန်ကြီးက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

လယ်ယာထွက်ကုန်သီးနှံများ ပြည်ပဈေးကွက်မပျက်ရေးနဲ့ ပတ်သက်ပြီး ဆန်တင်ပို့မှုတွင် ဖိလစ်ပိုင်၊ မိုဇမ်ဘစ်၊ တရုတ်နိုင်ငံတို့နဲ့လည်းကောင်း၊ ပဲတီစိမ်းကို တရုတ်၊ ဗီယက်နမ်သို့ တင်ပို့ ခွင့်များ ထပ်မံ ရရှိထားကြောင်း၊ မြန်မာနိုင်ငံရဲ့ ပဲတီစိမ်း တင်ပို့ မှုမှ ဥရောပသမဂ္ဂက တင်သွင်းမှုရဲ့ (၈၀) ရာခိုင်နှုန်း ရရှိနေကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 

Ice Cream & Ice Lolly ရေခဲမုန့်နှင့် ရေခဲချောင်းလုပ်ငန်းပေါင်း ၃၇၄ ကို ရှာရန်နှိပ်ပါ။


ဒါ့ပြင် ပြောင်းတင်ပို့မှုမှာလည်း ဈေးကွက်သစ်အဖြစ် ထိုင်းနိုင်ငံသို့  တန်ချိန် ငါးသိန်းခွဲ တင်ပို့နိုင်ခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်းအနေဖြင့် ဥရောပ၊ တရုတ်၊ ဂျပန်နဲ့ အမေရိကန် ဈေးကွက်များကို ရရှိထားကြောင်း၊ ပြည်ပဈေးကွက် ခိုင်မာရေးအတွက် မိမိတို့ ထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့ ကိုက်ညီရမှာဖြစ်တာကြောင့် သီးနှံအရည်အသွေးကောင်းမွန်စေရေး၊ ဘေးအန္တရာယ်ကင်းစေရေးအတွက် ပြည်ပတင်ပို့ရန် အလားအလာကောင်းတဲ့သီးနှံ (၁၅) မျိုးကို GAP စနစ် အသုံးပြုစိုက်ပျိုးနိုင်ရန် ဘက်ပေါင်းစုံက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 


Read More >>>>>   တရုတ်သို့ တင်ပို့ရန် သဘောတူထားသည့် ဆန်တန်ချိန်တစ်သိန်းမှ တန်ချိန်ငါးသောင်း တင်ပို့မည်


Source: Xinhua

Read times Last modified on Friday, 30 August 2019 11:03
Rate this item
(0 votes)