Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံ အာလူးစိုက်ခင်း စိုက်ပျိုးအောင်မြင်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာတောင်သူဦးကြည်စိန်၏ အာလူးမျိုးသန့်မျိုးပွားစိုက်ကွင်းဟာ

ရေအစက်ချစနစ်ဖြင့် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံအာလူးစိုက်ခင်း စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရပါတယ်။

 

ယင်းစိုက်ကွင်းသို့ ပထမပတ်က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

 

နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အနေဖြင့် ယခုနှစ်ဆောင်းသီးနှံစိုက်ဧရိယာဧက ၂၇၇၀ တွင် မတ်ပဲ၊ နှမ်း၊ မြေပဲ၊ ဖူးစားပြောင်းသီးနှံများ စိုက်ပျိုးခဲ့ပြီး လာမည့်ဆောင်းသီးနှံရာသီတွင် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ကာ ဈေးကွက်အလားအလာပိုမိုကောင်းမွန်သော သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read 1419 times Last modified on Wednesday, 19 September 2018 11:18
Rate this item
(0 votes)