Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပနိုင်ငံများအနေဖြင့် မြန်မာ့ထောပတ်သီးကို တရားဝင်ဝယ်ယူနိုင်ရေးဆွေးနွေးနေ

Unicode

ပြည်ပနိုင်ငံများအနေဖြင့် မြန်မာ့ထောပတ်သီးကို တရားဝင်ဝယ်ယူနိုင်ရေးဆွေးနွေးနေ


မြန်မာ့ထောပတ်သီးကို အိန္ဒိယ၊ နယ်သာလန် စသည့်ပြည်ပနိုင်ငံတို့က တရားဝင်ဝယ်ယူရန် ဆွေးနွေးမှုများရှိကြောင်း မြန်မာနိုင်ငံထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း   ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ပြောပြချက်အရ သိရသည်။

 

လတ်တလောတွင်  ပြည်ပနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ တင်ပို့နိုင်သည့်အနေအထားနှင့် ထွက်ရှိမှုအပါအဝင် သီးနှံအရည်အသွေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

 

Frozen Foods/Meals (8) ေအးခဲစားေသာက္ကုန္ (၈) ခုကိုရွာရန္ႏွိပ္ပါ။

 

''လက်ရှိမှာ   ပြည်ပကဝယ်ယူသူတွေ လိုချင်တဲ့အနေအထားကို မပေးနိုင်သေးဘူး။    အိန္ဒိယကလည်း   လာရောက် ချိတ်ဆက်တာတွေရှိတယ်။ နယ်သာလန်က လာပြီးတွေ့ဆုံဆွေးနွေးထားတာလည်း ရှိပါတယ်'' ဟု ဦးမျိုးညွန့် ကပြောသည်။

 

ပြည်တွင်းမှထွက်ရှိသည့် ထောပတ်သီးများကို ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့သို့  တင်ပို့လျက်ရှိပြီး  တရုတ်နိုင်ငံသို့ မူဆယ်လမ်းကြောင်းမှတင်ပို့ရန် အခက်အခဲရှိနေသောကြောင့် ယခုနှစ်တွင်  တင်ပို့နိုင်ခြင်းမရှိသေးကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ  တရုတ်နိုင်ငံသို့  တရားဝင်G to G တင်ပို့နိုင်ရန်   ကြိုးပမ်းလျက်ရှိကြောင်း  သိရသည်။

 

Pickled Tea Leaves & Assortments (300) လက္ဖက္ႏွင့္အေၾကာ္စံု (၃၀၀) ခုကိုရွာရန္ႏွိပ္ပါ။

 

ပြည်တွင်း၌ ထောပတ်သီးသည် သဘာဝ အလျောက်  စိုက်ပျိုးထားသည့် ခြံစည်းရိုးပင်များမှ ထွက်ရှိခြင်းဖြစ်၍ အရည်အသွေးပိုင်းနှင့် အရွယ်အစားမျိုးစုံရှိသည်။

 

၂ဝ၂ဝ-၂ဝ၂၁  ခုနှစ်တွင် ထောပတ်ကို စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးပြီး နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေးရှိသည့်  ထောပတ်သီးများ  အထွက်နှုန်းများစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် လတ်တလောတွင်  ပြည်ပဈေးကွက်အလားအလာမှာ ကောင်းမွန်နေကြောင်း သိရသည်။       

 

Read More >>>>> ယခုႏွစ္တြင္ မိုးမ်ားေသာေၾကာင့္ မကၠေဒးမီးယား အသီးထြက္ႏႈန္း က်ဆင္း

 

Source: Myawady

 

 

 

ျပည္ပႏိုင္ငံမ်ားအေနျဖင့္ ျမန္မာ့ေထာပတ္သီးကို တရားဝင္ဝယ္ယူႏိုင္ေရးေဆြးေႏြးေန

 

ျမန္မာ့ေထာပတ္သီးကို အိႏိၵယ၊ နယ္သာလန္ စသည့္ျပည္ပႏိုင္ငံတို႔က တရားဝင္ဝယ္ယူရန္ ေဆြးေႏြးမႈမ်ားရိွေၾကာင္း ျမန္မာႏိုင္ငံေထာပတ္စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္း   ဒုတိယဥကၠ႒ ဦးမ်ဳိးၫြန္႔၏ေျပာျပခ်က္အရ သိရသည္။

လတ္တေလာတြင္  ျပည္ပႏိုင္ငံတို႔မွ ရင္းႏွီးျမႇဳပ္ႏွံလိုသည့္ ကုမၸဏီမ်ားက ျမန္မာႏိုင္ငံမွ တင္ပို႔ႏိုင္သည့္အေနအထားႏွင့္ ထြက္ရွိမႈအပါအဝင္ သီးႏွံအရည္အေသြးပိုင္းဆိုင္ရာမ်ားႏွင့္ပတ္သက္၍ လာေရာက္ေတြ႕ဆုံေဆြးေႏြးလ်က္ရိွသည္။

 

Frozen Foods/Meals (8) ေအးခဲစားေသာက္ကုန္ (၈) ခုကိုရွာရန္ႏွိပ္ပါ။

 

''လက္ရွိမွာ   ျပည္ပကဝယ္ယူသူေတြ လိုခ်င္တဲ့အေနအထားကို မေပးႏိုင္ေသးဘူး။    အိႏိၵယကလည္း   လာေရာက္ ခ်ိတ္ဆက္တာေတြရိွတယ္။ နယ္သာလန္က လာၿပီးေတြ႕ဆုံေဆြးေႏြးထားတာလည္း ရိွပါတယ္'' ဟု ဦးမ်ဳိးၫြန္႔ ကေျပာသည္။

 

ျပည္တြင္းမွထြက္ရွိသည့္ ေထာပတ္သီးမ်ားကို ထိုင္းႏွင့္အိႏိၵယႏိုင္ငံတို႔သို႔  တင္ပို႔လ်က္ရွိၿပီး  တ႐ုတ္ႏိုင္ငံသို႔ မူဆယ္လမ္းေၾကာင္းမွတင္ပို႔ရန္ အခက္အခဲရွိေနေသာေၾကာင့္ ယခုႏွစ္တြင္  တင္ပို႔ႏိုင္ျခင္းမရိွေသးေၾကာင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာနမွ  တ႐ုတ္ႏိုင္ငံသို႔  တရားဝင္G to G တင္ပို႔ႏိုင္ရန္   ႀကိဳးပမ္းလ်က္ရိွေၾကာင္း  သိရသည္။

 

Pickled Tea Leaves & Assortments (300) လက္ဖက္ႏွင့္အေၾကာ္စံု (၃၀၀) ခုကိုရွာရန္ႏွိပ္ပါ။

 

ျပည္တြင္း၌ ေထာပတ္သီးသည္ သဘာဝ အေလ်ာက္  စိုက္ပ်ဳိးထားသည့္ ၿခံစည္း႐ိုးပင္မ်ားမွ ထြက္ရိွျခင္းျဖစ္၍ အရည္အေသြးပိုင္းႏွင့္ အရြယ္အစားမ်ဳိးစုံရိွသည္။

 

၂ဝ၂ဝ-၂ဝ၂၁  ခုႏွစ္တြင္ ေထာပတ္ကို စိုက္ခင္းမ်ားျဖင့္ စနစ္တက်စိုက္ပ်ဳိးၿပီး ႏိုင္ငံတကာေစ်းကြက္ဝင္ အရည္အေသြးရိွသည့္  ေထာပတ္သီးမ်ား  အထြက္ႏႈန္းမ်ားေစရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္းႏွင့္ လတ္တေလာတြင္  ျပည္ပေစ်းကြက္အလားအလာမွာ ေကာင္းမြန္ေနေၾကာင္း သိရသည္။       

 

Read More >>>>> ယခုႏွစ္တြင္ မိုးမ်ားေသာေၾကာင့္ မကၠေဒးမီးယား အသီးထြက္ႏႈန္း က်ဆင္း

 

Source: Myawady

Read times Last modified on Tuesday, 25 February 2020 16:42
Rate this item
(0 votes)