Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်များကို ဖျက်ဆီးမှုများ ပြုလုပ်

Unicode >>>>>

စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်များကို ဖျက်ဆီးမှုများ ပြုလုပ်


ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ်ရှိ  ထိန်ပင်အမှိုက်ပုံတွင်  စားသုံးရန် မသင့်သော  စားသောက်ကုန်ပစ္စည်းများထည့်သွင်းထားတဲ့ ကုန်သေတ္တာများကို ဖွင့်ဖောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်နေပြီး  ယခုလအတွင်း  ဖျက်ဆီးမှု အပြီးသတ်နိုင်ရန်   လုပ်ဆောင်နေကြောင်း  ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရပါတယ်။


Chemicals မုန့်ဖုတ်လုပ်ငန်းသုံး ဓာတုပစ္စည်းထုတ်လုပ်ငန်းများ (၁၉၉) ခုကိုရှာရန်နှိပ်ပါ။


ဖျက်ဆီးနေသည့် အဆိုပါ ကုန်သေတ္တာများမှာ   ရန်ကုန်ဆိပ်ကမ်းများတွင် ရောက်ရှိထားတဲ့  သက်တမ်းလွန် အအေးခန်း ကုန်သေတ္တာများ အပါအဝင်  စားသုံးရန် မသင့်သော စားသောက်ကုန်များလည်း ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဖျက်ဆီးပေးရန်    အကြောင်းကြားလာခြင်းကြောင့် ယခုကဲ့သို့  လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။


ကုန်သေတ္တာတစ်လုံးမှာ   ပါဝင်တဲ့ ဖျက်ဆီးမယ့်ကုန်တွေက   အမှိုက်ကား လေးခေါက်နီးပါးလောက်ရှိသလို လုပ်သား ဦးရေ  ၆ဝ လောက်  အသုံးပြုရတယ်။ ဒီလုပ်ငန်းကို   ဖေဖော်ဝါရီလကုန်ပိုင်းလောက်က စတင်ခဲ့တာပါ။   ဒီလအတွင်း အပြီးသတ် လုပ်ဆောင်မှာ ဖြစ်ပါတယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။


Read More >>>>>  ထမင်းမြိန်စေမယ့် ဘဲဥချက်


စားသောက်ကုန်များကို  ပေ ၃ဝ ပတ်လည်၊ အနက် ၈ ပေခွဲရှိသော ကျင်းတူးပြီး ထုံးဖြူတစ်လွှာ၊  ဖျက်ဆီးမည့် စားသောက်ကုန်ပစ္စည်းတစ်လွှာ၊   ထုံးဖြူ၊   မြေသား စသည်ဖြင့် အဆင့်ဆင့် ဖုံးအုပ်ကာ သုံးလွှာထပ်၍   ဖျက်ဆီးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။


ထိုကုန်သေတ္တာများမှ   စားသောက်ကုန်အများစုဟာ ဥရောပနိုင်ငံမှဖြစ်ပြီး တရုတ်နိုင်ငံသို့တင်ပို့ရန်    ကြားခံအဖြစ် မြန်မာကုမ္ပဏီကိုးခုက  ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ဖျက်ဆီးမှု ပြုလုပ်တဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ ကြားခံကုမ္ပဏီက   အကုန်အကျခံ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

 

စားသုံးဖို႕ မသင့္တဲ့ စားေသာက္ကုန္မ်ားကို ဖ်က္ဆီးမႈမ်ား ျပဳလုပ္

 

ရန္ကုန္တုိင္းေဒသႀကီး  လႈိင္သာယာၿမိဳ႕နယ္ရွိ  ထိန္ပင္အမိႈက္ပုံတြင္  စားသုံးရန္ မသင့္ေသာ  စားေသာက္ကုန္ပစၥည္းမ်ားထည့္သြင္းထားတဲ့ ကုန္ေသတၱာမ်ားကို ဖြင့္ေဖာက္ကာ ဖ်က္ဆီးမႈမ်ား ျပဳလုပ္ေနၿပီး  ယခုလအတြင္း  ဖ်က္ဆီးမႈ အၿပီးသတ္ႏုိင္ရန္   လုပ္ေဆာင္ေနေၾကာင္း  ရန္ကုန္ၿမိဳ႕ေတာ္   စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာနမွ သိရပါတယ္။

 

Chemicals မုန္႔ဖုုတ္လုပ္ငန္းသံုး ဓာတုပစၥည္းထုတ္လုပ္ငန္းမ်ား (၁၉၉) ခုကိုရွာရန္ႏွိပ္ပါ။

 

ဖ်က္ဆီးေနသည့္ အဆိုပါ ကုန္ေသတၱာမ်ားမွာ   ရန္ကုန္ဆိပ္ကမ္းမ်ားတြင္ ေရာက္ရွိထားတဲ့  သက္တမ္းလြန္ အေအးခန္း ကုန္ေသတၱာမ်ား အပါအဝင္  စားသုံးရန္ မသင့္ေသာ စားေသာက္ကုန္မ်ားလည္း ျဖစ္ၿပီး ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန     ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္က ဖ်က္ဆီးေပးရန္    အေၾကာင္းၾကားလာျခင္းေၾကာင့္ ယခုကဲ့သို႔  လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ကုန္ေသတၱာတစ္လုံးမွာ   ပါဝင္တဲ့ ဖ်က္ဆီးမယ့္ကုန္ေတြက   အမိႈက္ကား ေလးေခါက္နီးပါးေလာက္ရွိသလို လုပ္သား ဦးေရ  ၆ဝ ေလာက္  အသံုးျပဳရတယ္။ ဒီလုပ္ငန္းကို   ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္က စတင္ခဲ့တာပါ။   ဒီလအတြင္း အၿပီးသတ္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္ ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ဘဲဥခ်က္

 

စားေသာက္ကုန္မ်ားကို  ေပ ၃ဝ ပတ္လည္၊ အနက္ ၈ ေပခြဲရွိေသာ က်င္းတူးၿပီး ထုံးျဖဴတစ္လႊာ၊  ဖ်က္ဆီးမည့္ စားေသာက္ကုန္ပစၥည္းတစ္လႊာ၊   ထုံးျဖဴ၊   ေျမသား စသည္ျဖင့္ အဆင့္ဆင့္ ဖုံးအုပ္ကာ သုံးလႊာထပ္၍   ဖ်က္ဆီးလုပ္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

 

ထိုကုန္ေသတၱာမ်ားမွ   စားေသာက္ကုန္အမ်ားစုဟာ ဥေရာပႏိုင္ငံမွျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသို႔တင္ပို႔ရန္    ၾကားခံအျဖစ္ ျမန္မာကုမၸဏီကိုးခုက  ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယင္းကဲ့သို႔ ဖ်က္ဆီးမႈ ျပဳလုပ္တဲ့ ကုန္က်စရိတ္ကို သက္ဆိုင္ရာ ၾကားခံကုမၸဏီက   အကုန္အက်ခံ ေဆာင္ရြက္ရျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Friday, 13 March 2020 11:11
Rate this item
(0 votes)