Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့စပါးကို ပြည်ပသို့ တင်ပို့ခွင့်ပြုမည်

Unicode

မြန်မာ့စပါးကို ပြည်ပသို့ တင်ပို့ခွင့်ပြုမည်


ဒီနှစ်မှာ နိုင်ငံအတွင်း ဆန်လက်ကျန်များနိုင်တဲ့အတွက် ပြည်ပကို စပါးတင်ပို့ခွင့်ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။


ဒါပေမယ့် စပါးတင်ပို့ခွင့်ကို ဘယ်အချိန်ကနေ စတင်ခွင့်ပြုမယ်၊ ဘယ်လောက်ပမာဏ တင်ပို့ခွင့်ပြုမယ် ဆိုတာတွေကို တောင်သူလယ်သမားအခွင့်အရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကသာ ဆုံးဖြတ်မယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။


ဒီလို ဆုံးဖြတ်မယ့် တောင်သူလယ်သမားအခွင့်အရေးနဲ့အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှာတော့ တောင်သူလယ်သမားကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆန်စပါးလုပ်ငန်းရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

 

Rice Warehouses ဆန်သိုလှောင်ရုံပေါင်း ၅၈၆ ခုကိုရှာရန်နှိပ်ပါ။


အစိုးရအနေနဲ့ အရင်တုန်းကတော့ စပါးကို ပြည်ပ တင်ပို့ခွင့်မပြုခဲ့ပေမယ့် ဒီနှစ်မှာ ဆန်လက်ကျန်များတဲ့အတွက် စပါးဈေးကျဆင်းခဲ့ရင် တောင်သူတွေ အဆင်ပြေစေဖို့အထူးကိစ္စရပ်တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာလို့ ဒုဝန်ကြီးက ပြောပါတယ်။


အရင်နှစ်တွေမှာ အစိုးရက စပါးကို တင်ပို့ခွင့်မပြုလို့ မှောင်ခိုတင်ပို့တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက စပါးကုန်သည်အချို့ဟာ စပါးတင်းတစ်ရာကို ကျပ်ခြောက်သိန်းခုနှစ်သောင်းအထိ ဈေးပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။


ပြည်ပကို အစိုးရက စပါးလွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပြုရင်တော့ မွေးမြူရေးလုပ်ငန်းတွေအတွက် ဖွဲနု၊ ဆန်ကွဲ စတာတွေ ရှားပါးနိုင်ပြီး ဈေးနှုန်းကြီးလာနိုင်တာကိုလည်း သတိပြုသင့်တယ်လို့ အကြံပြုချက်တွေလည်း ရှိနေပါတယ်။


Read More >>>>>   ကမ္ဗလာသီးများ ဈေးကောင်းရ

 

Source: 7Day Daily

 

 

 

ျမန္မာ့စပါးကို ျပည္ပသို႔ တင္ပို႔ခြင့္ျပဳမည္

 

ဒီနွစ္မွာ ႏိုင္ငံအတြင္း ဆန္လက္က်န္မ်ားႏိုင္တဲ့အတြက္ ျပည္ပကို စပါးတင္ပို႕ခြင့္ျပဳမယ္လို႕ စီးပြားေရးနဲ႕ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာပါတယ္။


ဒါေပမယ့္ စပါးတင္ပို႕ခြင့္ကို ဘယ္အခ်ိန္ကေန စတင္ခြင့္ျပဳမယ္၊ ဘယ္ေလာက္ပမာဏ တင္ပို႕ခြင့္ျပဳမယ္ ဆိုတာေတြကို ေတာင္သူလယ္သမားအခြင့္အေရးနဲ႕ အက်ိဳးစီးပြားျမွင့္တင္ေရး ဦးေဆာင္အဖြဲ႕ကသာ ဆုံးျဖတ္မယ္လုိ႕ ဒုဝန္ႀကီးက ဆိုပါတယ္။

 


ဒီလို ဆုံးျဖတ္မယ့္ ေတာင္သူလယ္သမားအခြင့္အေရးနဲ႕အက်ိဳးစီးပြားျမွင့္တင္ေရး ဦးေဆာင္အဖြဲ႕မွာေတာ့ ေတာင္သူလယ္သမားကိုယ္စားလွယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႕ ဆန္စပါးလုပ္ငန္းရွင္ေတြ ပါဝင္တယ္လုိ႕ သိရပါတယ္။

 

Rice Warehouses ဆန္သိုေလွာင္ရံုေပါင္း ၅၈၆ ခုကိုရွာရန္ႏွိပ္ပါ။

 


အစိုးရအေနနဲ႕ အရင္တုန္းကေတာ့ စပါးကို ျပည္ပ တင္ပို႕ခြင့္မျပဳခဲ့ေပမယ့္ ဒီႏွစ္မွာ ဆန္လက္က်န္မ်ားတဲ့အတြက္ စပါးေစ်းက်ဆင္းခဲ့ရင္ ေတာင္သူေတြ အဆင္ေျပေစဖို႕အထူးကိစၥရပ္တစ္ခုအေနနဲ႕ ေဆာင္ရြက္ေပးတာလို႕ ဒုဝန္ႀကီးက ေျပာပါတယ္။

 


အရင္ႏွစ္ေတြမွာ အစိုးရက စပါးကို တင္ပိုု႕ခြင့္မျပဳလို႕ ေမွာင္ခိုတင္ပိုု႕တာေတြရွိခဲ့ပါတယ္။ ဒါ့အျပင္ တရုတ္ႏိုင္ငံက စပါးကုန္သည္အခ်ိဳ႕ဟာ စပါးတင္းတစ္ရာကို က်ပ္ေျခာက္သိန္းခုႏွစ္ေသာင္းအထိ ေစ်းေပးၿပီး ဝယ္ယူခဲ့တယ္လုိ႕ သိရပါတယ္။

 


ျပည္ပကို အစိုးရက စပါးလြတ္လြတ္လပ္လပ္ တင္ပို႕ခြင့္ျပဳရင္ေတာ့ ေမြးျမဴေရးလုပ္ငန္းေတြအတြက္ ဖြဲႏု၊ ဆန္ကြဲ စတာေတြ ရွားပါးႏိုင္ၿပီး ေစ်းနႈန္းႀကီးလာႏိုင္တာကိုလည္း သတိျပဳသင့္တယ္လုိ႕ အၾကံျပဳခ်က္ေတြလည္း ရိွေနပါတယ္။

 


Read More >>>>>   ကမၺလာသီးမ်ား ေစ်းေကာင္းရ

 

Source: 7Day Daily

Read times Last modified on Monday, 17 February 2020 17:29
Rate this item
(0 votes)