Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီလဝါ အထူးစီးပွားရေးဇုန်ရှိ Acecook ခေါက်ဆွဲခြောက်စက်ရုံ၌ အမေရိကန် ဒေါ်လာသိန်း ၃ဝဝ ရင်းနှီး မြှုပ်နှံထား

 

Unicode ဖြင့်ဖတ်ရန်


သီလဝါ အထူးစီးပွားရေးဇုန်ရှိ Acecook ခေါက်ဆွဲခြောက်စက်ရုံ၌ အမေရိကန် ဒေါ်လာသိန်း ၃ဝဝ ရင်းနှီး မြှုပ်နှံထား

ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်ရှိ ပြည်တွင်းစားသုံးရန် ထုတ်လုပ်နေသော Acecook ခေါက်ဆွဲခြောက်စက်ရုံ၌ အမေရိကန်ဒေါ်လာ သိန်း  ၃ဝဝ  ရင်းနှီးမြှုပ်နှံထားကြောင်း  Acecook   Myanmar ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ HIRANO  AKIRA ၏ပြောပြချက်အရ သိရပါတယ်။


''ရန်ကုန်စက်ရုံမှာရော အရောင်းဌာနမှာပါ စုစုပေါင်း ဝန်ထမ်းအင်အား ၃၅ဝ ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းမှာ မြန်မာဝန်ထမ်း ၃၄ဝ ရှိပါတယ်။ ဂျပန် ဝန်ထမ်း ငါးယောက်ရှိပါတယ်။  


 မြန်မာဝန်ထမ်းတွေရဲ့   အလုပ်အကိုင် အခွင့်အလမ်းတွေကို      ဖန်တီးပေးတဲ့အပြင် ဝန်ထမ်းတွေကို အထူးလေ့ကျင့် သင်ကြားပြီး  ဆက်လက်တိုးချဲ့ဖို့ ဆောင်ရွက်သွားမယ်''ဟု HIRANO AKIRA ကပြော ကြားခဲ့ပါတယ်။


အဆိုပါစက်ရုံ၌ တစ်လလျှင် ခေါက်ဆွဲခြောက် အထုပ်ပေါင်း  သိန်း  ၃ဝ အထိ  ထုတ်လုပ်နေပြီး စက်ရုံမှ Product များကို ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ ဖြန့်ဖြူးပေး နေကြောင်း သိရပါတယ်။

 

Read More >>>>>  ကလေးအကြိုက် ချိစ်ပြောင်းဖူးကြော် လုပ်စားကြရအောင်


ယင်းကုမ္ပဏီအနေဖြင့် ခေါက်ဆွဲခြောက် ဖြန့်ချိခြင်းကို  ဂျပန်နိုင်ငံ၌  ပထမဆုံး ဆောင်ရွက်ခဲ့ပြီး    ဒုတိယအကြိမ်အဖြစ် ဗီယက်နမ်၊ တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံ၌ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။


Source: Myawady

 

 

 


 


 



 



 

Rice Warehouses  ဆန်သိုလှောင်ရုံပေါင်း ၅၈၆ ခုကိုရှာရန်နှိပ်ပါ။

 



 

Read More >>>>>  ကလေးအကြိုက် ချိစ်ပြောင်းဖူးကြော် လုပ်စားကြရအောင်

 



 


Source: Myawady

 

 

 

Read times Last modified on Monday, 17 February 2020 15:06
Rate this item
(1 Vote)