Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ဈေးကွက်တွင် မတ်ပဲဈေးမငြိမ်

Unicode


ပြည်တွင်း ဈေးကွက်တွင် မတ်ပဲဈေးမငြိမ်


အိန္ဒိယကုန်သည်များ၏ ဝယ်လိုအား အတိုး၊ အလျှော့ပေါ် မူတည်ပြီး ပြည်တွင်းဈေးကွက် တွင် မတ်ပဲဈေးမငြိမ်ဘဲ ဒီဇင်ဘာ ၂ ရက်တွင် တစ်တန်လျှင် ကျပ် ၁၀ သိန်း ဈေးဖွင့်ကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

 

နိုဝင်ဘာ နောက်ဆုံးပတ် က ပြည်တွင်းဈေးကွက်တွင် မတ် ပဲတစ်တန်လျှင် ကျပ်ကိုးသိန်း ခြောက်သောင်းအထိ ဈေးကျ ဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် အိန္ဒိယသို့ တင်ပို့ရန် မတ်ပဲ အဝယ် ပြန်လိုက်လာချိန်တွင် ပြည်တွင်း ဈေးကွက်၌ တစ်တန် လျှင် ကျပ်လေးသောင်း ပြန်လည် မြင့်တက်လာသည်။

 

‘‘အိန္ဒိယမှာ ဈေးတက်ပြီး အဝယ်လိုက်ရင် ပြည်တွင်းမှာ လည်း လိုက်တက်တယ်’’ဟု ဦးမင်းကိုဦးက ပြောသည်။

 

Read More >>>>> မူဆယ္တြင္ ဖရဲ၊ သခြားေမႊး အေရာင္းျပန္သြက္

 

အိန္ဒိယနိုင်ငံ မိုးရာသီတွင် စိုက်ပျိုးသည့် မတ်ပဲအထွက်နည်း ခြင်းကြောင့် အောက်တိုဘာက စတင်ပြီး ဝယ်လိုအားပြန်လည် မြင့်တက်လာသဖြင့် ပြည်တွင်း ဈေးကွက်တွင် မတ်ပဲဈေး တစ် တန်လျှင် ကျပ်တစ်ဆယ့်သုံးသိန်း လေးသောင်းအထိ မြင့်တက်ခဲ့ သည်။

 

အိန္ဒိယမှ မတ်ပဲဝယ်အား များသော်လည်း ပဲစင်းငုံဝယ်လို အား အနည်းငယ်သာရှိသဖြင့် တစ်တန်လျှင် ကျပ်ရှစ်သိန်းခွဲခန့် တွင် ဈေးဖွင့်သည်။

 

‘‘ဒီနှစ် စပါးဈေးမရတော့ ပဲဈေးကိုတော့ တောင်သူတွေ မျှော်နေကြတယ်’’ဟု ကျောင်း ကုန်းမြို့နယ်မှ လယ်သမား ဦးပြူး က ပြောသည်။

 

မိုးစပါး ရိတ်သိမ်းပြီးချိန်တွင် ပြည်တွင်းဈေးကွက်၌ မတ်ပဲဈေး သည် နယ်မြို့များတွင် တစ်တင်း လျှင် ကျပ်သုံးသောင်းခွဲဈေးရှိ သည်။

 

တောင်သူများက မတ်ပဲ တစ်တင်း ကျပ်သုံးသောင်းအ ထက် ဈေးရလျှင် စိုက်ပျိုးရန် အ ဆင်ပြေကြောင်း ၎င်းကဆိုသည်။

 

ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း ဒေသအချို့ ကုန်းတွင်းပိုင်းလယ် များတွင် မိုးစပါးရိတ်သိမ်းပြီးလျှင် မတ်ပဲကို အဓိကစိုက်ပျိုးသည်။ ယခုနှစ် မတ်ပဲစတင်စိုက်ပျိုးချိန် တွင် မြေအစိုဓာတ်ကောင်းခြင်း ကြောင့် အပ်ပေါက်အားကောင်း သည်ဟု ဓနုဖြူမြို့နယ်မှ လယ် သမား ဦးသိန်းအောင်က ပြော ကြားသည်။

 

Source: 7 day news

 

 

 

ျပည္တြင္း ေဈးကြက္တြင္ မတ္ပဲေဈးမၿငိမ္

 

အိႏၵိယကုန္သည္မ်ား၏ ဝယ္လိုအား အတိုး၊ အေလၽွာ့ေပၚ မူတည္ၿပီး ျပည္တြင္းေဈးကြက္ တြင္ မတ္ပဲေဈးမၿငိမ္ဘဲ ဒီဇင္ဘာ ၂ ရက္တြင္ တစ္တန္လၽွင္ က်ပ္ ၁၀ သိန္း ေဈးဖြင့္ေၾကာင္း ျမန္မာ နိုင္ငံ ပဲမ်ိဳးစုံႏွင့္ ႏွမ္းကုန္သည္အ သင္း အတြင္းေရးမႉး ဦးမင္းကိုဦး က ေျပာသည္။

 

နိုဝင္ဘာ ေနာက္ဆုံးပတ္ က ျပည္တြင္းေဈးကြက္တြင္ မတ္ ပဲတစ္တန္လၽွင္ က်ပ္ကိုးသိန္း ေျခာက္ေသာင္းအထိ ေဈးက် ဆင္းခဲ့ေသာ္လည္း ယခုရက္ပိုင္းတြင္ အိႏၵိယသို႔ တင္ပို႔ရန္ မတ္ပဲ အဝယ္ ျပန္လိုက္လာခ်ိန္တြင္ ျပည္တြင္း ေဈးကြက္၌ တစ္တန္ လၽွင္ က်ပ္ေလးေသာင္း ျပန္လည္ ျမင့္တက္လာသည္။

 

‘‘အိႏၵိယမွာ ေဈးတက္ၿပီး အဝယ္လိုက္ရင္ ျပည္တြင္းမွာ လည္း လိုက္တက္တယ္’’ဟု ဦးမင္းကိုဦးက ေျပာသည္။

 

Read More >>>>> မူဆယ္တြင္ ဖရဲ၊ သခြားေမႊး အေရာင္းျပန္သြက္

 

အိႏၵိယနိုင္ငံ မိုးရာသီတြင္ စိုက္ပ်ိဳးသည့္ မတ္ပဲအထြက္နည္း ျခင္းေၾကာင့္ ေအာက္တိုဘာက စတင္ၿပီး ဝယ္လိုအားျပန္လည္ ျမင့္တက္လာသျဖင့္ ျပည္တြင္း ေဈးကြက္တြင္ မတ္ပဲေဈး တစ္ တန္လၽွင္ က်ပ္တစ္ဆယ့္သုံးသိန္း ေလးေသာင္းအထိ ျမင့္တက္ခဲ့ သည္။

 

အိႏၵိယမွ မတ္ပဲဝယ္အား မ်ားေသာ္လည္း ပဲစင္းငုံဝယ္လို အား အနည္းငယ္သာရွိသျဖင့္ တစ္တန္လၽွင္ က်ပ္ရွစ္သိန္းခြဲခန႔္ တြင္ ေဈးဖြင့္သည္။

 

‘‘ဒီႏွစ္ စပါးေဈးမရေတာ့ ပဲေဈးကိုေတာ့ ေတာင္သူေတြ ေမွ်ာ္ေနၾကတယ္’’ဟု ေက်ာင္း ကုန္းၿမိဳ႕နယ္မွ လယ္သမား ဦးျပဴး က ေျပာသည္။

 

မိုးစပါး ရိတ္သိမ္းၿပီးခ်ိန္တြင္ ျပည္တြင္းေဈးကြက္၌ မတ္ပဲေဈး သည္ နယ္ၿမိဳ႕မ်ားတြင္ တစ္တင္း လၽွင္ က်ပ္သုံးေသာင္းခြဲေဈးရွိ သည္။

 

ေတာင္သူမ်ားက မတ္ပဲ တစ္တင္း က်ပ္သုံးေသာင္းအ ထက္ ေဈးရလၽွင္ စိုက္ပ်ိဳးရန္ အ ဆင္ေျပေၾကာင္း ၎ကဆိုသည္။

 

ဧရာဝတီတိုင္းႏွင့္ ပဲခူးတိုင္း ေဒသအခ်ိဳ႕ ကုန္းတြင္းပိုင္းလယ္ မ်ားတြင္ မိုးစပါးရိတ္သိမ္းၿပီးလၽွင္ မတ္ပဲကို အဓိကစိုက္ပ်ိဳးသည္။ ယခုႏွစ္ မတ္ပဲစတင္စိုက္ပ်ိဳးခ်ိန္ တြင္ ေျမအစိုဓာတ္ေကာင္းျခင္း ေၾကာင့္ အပ္ေပါက္အားေကာင္း သည္ဟု ဓႏုျဖဴၿမိဳ႕နယ္မွ လယ္ သမား ဦးသိန္းေအာင္က ေျပာ ၾကားသည္။

 

Source: 7 day news

Read times Last modified on Tuesday, 04 February 2020 17:03
Rate this item
(0 votes)