Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Top Thai Brands 2020 ကုန်စည်ပြပွဲကျင်းပ

Unicode >>>>>

Top Thai Brands 2020 ကုန်စည်ပြပွဲကျင်းပ


မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ (၅) ကြိမ်မြောက် Top Thai Brands 2020 ကို မတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် နံနက် (၉) နာရီမှ ညနေ (၆) နာရီအတွင်း ကျင်းပလျက်ရှိကြောင်း သိရပါတယ်။


Foodstuffs ရေထွက်ပစ္စည်းများ ၁၁၁၈ ခုကို ရှာရန်နှိပ်ပါ။


ယင်းပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံး၊ Department of International Trade Promotion (DITP) မှ နှစ်စဉ်ကြီးမှူး၍ ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်း၊ ထိုင်းနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ Thai Airways,  လေကြောင်းကုမ္ပဏီ၊ Nok Airlines ကုမ္ပဏီ၊ မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။


ပြပွဲတွင် ထိုင်းနိုင်ငံမှ နာမည်ကြီး ထုတ်ကုန်အမှတ်တံဆိပ်ပေါင်း ၁၃၀ ကျော်ပါဝင်ပြီး ထိုင်းနိုင်ငံရှိ အရည်အသွေးကောင်းမွန်သော နာမည်ကြီးကုန်အမှတ်တံဆိပ်ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပါတယ်။


ယင်းပြပွဲတွင် ကုန်ပစ္စည်းများ၊ အစားအသောက်နှင့်အဖျော်ယမကာများ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်များ၊ နေ့စဉ်သုံး အထွေထွေပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နှင့် နည်းပညာသုံးပစ္စည်းများအပါအဝင် ဆေးဝါးများ ခင်းကျင်းရောင်းချထားပါတယ်။


Read More >>>>>   ထမင်းမြိန်စေမယ့် ငါးသလောက်ပေါင်း


ထို့ပြင် ထိုင်းရိုးအကအလှများ၊ မွေထိုင်းအက၊ ထိုင်းရိုးရာ Massage Show, ထိုင်း Cooking Show, သစ်သီးအလှပုံဖော်တဲ့အစီအစဉ်များအပါအဝင် နာမည်ကြီး သရုပ်ဆောင်များနှင့် အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများပါဝင်ကြောင်း သိရပါတယ်။


#MFID

 

Home Page Food


 


 


 


 


 


 


 


 

#MFID

Read times
Rate this item
(0 votes)