Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီး စိုက်ပျိုးသူများ ဝင်ငွေကောင်း

Unicode ဖြင့်ဖတ်ရန်

 ထောပတ်သီး စိုက်ပျိုးသူများ ဝင်ငွေကောင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ပင်လောင်း၊ ဖယ်ခုံနှင့် ရွာငံမြို့  စသည့်မြို့နယ်တို့မှ  ဒေသခံတောင်သူများ အနေဖြင့် ထောပတ်သီးပင်များကို နှစ်အလိုက် တိုးချဲ့စိုက်ပျိုးကြရာ ပြည်ပဝယ်ယူမှုများကြောင့်    စျေးကွက်ရရှိလာသဖြင့် ယခင်နှစ်ကထက် ထောပတ်စိုက်ပျိုးတောင်သူများ  အဆင်ပြေဝင်ငွေကောင်း ရရှိလာကြောင်း  ထောပတ်စိုက်ပျိုးတောင်သူထံမှ သိရသည်။

Indian Curry Powder Mills အိန္ဒိယဟင်းခတ်အေမွှေးအကြိုှုင်ထုတ်စက်ရုံပေါင်း ၅၈ ခုကိုရှာရန်နှိပ်ပါ။


ပြည်တွင်းစျေးကွက်၌ ထောပတ်သီး အရွယ်အစားပေါ် မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် ၂ဝဝ မှငွေကျပ် ၁၅ဝဝ ဝန်းကျင် အထိ ရောင်းချရကြောင်း၊   ပြည်တွင်း စျေးကွက်အနေဖြင့် ထောပတ်သီးပွဲရုံများမှ တစ်ဆင့် ကျိုင်းတုံနှင့် တာချီလိတ်စျေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်းသိရသည်။


ကုန်သည်များသည် ထောပတ်သီးကို ပင်ပြတ်၊ ခြံပြတ်ဝယ်ယူကာ အသီးရင့်မှည့်ပြီး  အရည်အသွေးကောင်း ရရှိရေးအတွက် အချိန်စောင့်၍ ခူးဆွတ်ရောင်းချရန် ပြင်ဆင်လျက်ရှိကြောင်းနှင့် ထောပတ်သီးပင်များသည် အသီးတင်နှုန်း ယခင်နှစ်ကထက်    ပိုမိုကောင်းမွန်သောကြောင့် ထောပတ်သီး    ပိုမိုထွက်ရှိနိုင်ကြောင်း သိရသည်။


ပြည်ပစျေးကွက်အနေဖြင့် နှစ်စဉ် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချပြီး ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

 

Read More >>>>>  ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ပြည်ပတင်ပို့ရန် အခက်အခဲရှိ


ယခုနှစ် ထိုင်းနိုင်ငံစျေးကွက်အနေဖြင့် ထောပတ်သီး တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၅ဝ ရှိသဖြင့် မြန်မာငွေကျပ် ၂၄ဝဝ ဝန်းကျင်ရရှိကြောင်း ထောပတ်စိုက်ပျိုး တောင်သူများထံမှ သိရသည်။  


Source: Myawaddy

 

 

 

 


 


 

  ဈေးကွက်ရရှိလာသဖြင့် ယခင်နှစ်ကထက် ထောပတ်စိုက်ပျိုးတောင်သူများ  အဆင်ပြေဝင်ငွေကောင်း ရရှိလာကြောင်း  ထောပတ်စိုက်ပျိုးတောင်သူထံမှ သိရသည်။

 

Indian Curry Powder Mills အိန္ဒိယဟင်းခတ်အမွှေးအကြှိုင်ထုတ်စက်ရုံပေါင်း ၅၈ ခုကိုရှာရန်နှိပ်ပါ။

 


ပြည်တွင်းဈေးကွက်၌ ထောပတ်သီး အရွယ်အစားပေါ် မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် ၂ဝဝ မှငွေကျပ် ၁၅ဝဝ ဝန်းကျင် အထိ ရောင်းချရကြောင်း၊   ပြည်တွင်း ဈေးကွက်အနေဖြင့် ထောပတ်သီးပွဲရုံများမှ တစ်ဆင့် ကျိုင်းတုံနှင့် တာချီလိတ်ဈေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်းသိရသည်။

 



 


ပြည်ပဈေးကွက်အနေဖြင့် နှစ်စဉ် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချပြီး ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

 

 

Read More >>>>>    ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ပြည်ပတင်ပို့ရန် အခက်အခဲရှိ

 


ယခုနှစ် ထိုင်းနိုင်ငံဈေးကွက်အနေဖြင့် ထောပတ်သီး တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၅ဝ ရှိသဖြင့် မြန်မာငွေကျပ် ၂၄ဝဝ ဝန်းကျင်ရရှိကြောင်း ထောပတ်စိုက်ပျိုး တောင်သူများထံမှ သိရသည်။  

 


Source: Myawaddy

 

 

Read times Last modified on Monday, 17 February 2020 14:53
Rate this item
(1 Vote)