Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်မျှော့ရှားပါးလာခြင်းကြောင့် လုပ်ကိုင်သူမရှိသလောက် နည်းပါး

ပင်လယ်ရေအောက်ကြမ်းပြင်တွင် ရှာဖွေ ဖမ်းဆီးရသည့် ပင်လယ်မျှော့ရှားပါးလာသည့် အတွက် မျှော့ငုပ်လုပ်ငန်းလုပ်ကိုင်သူ မရှိသလောက်

နည်းပါးလာကြောင်း ကျွန်းစုမြို့ နယ် ဒုံးပလဲအော်ကျေးရွာ ဒေသခံအချို့ထံမှ သိရသည်။

 

ရှားပါးလာ

အိမ်ခြေ ၃၀ဝ ကျော်ရှိသည့် ဒုံးပလဲအော် ကျေးရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အိမ်ထောင်စု ရာခိုင်နှုန်း ၆၀ ခန့်မှာ ပင်လယ် မျှော့ငုပ်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိတွင်မူ ပင်လယ် မျှော့ရှားပါးလာသည့်အတွက် ယင်းလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး ခန့်သာရှိတော့ကြောင်း ဒုံးပလဲအော်ကျေးရွာ ဒေသခံအချို့က ပြောပါသည်။

 

ထောင်ချီရ
 လွန်ခဲ့သည့် ၁၀ နှစ်ခန့်က  မျှော့ငုပ်လှေတစ်စင်းသည် တစ်ညလျှင် ပင်လယ်  မျှော့ ကောင်ရေ ထောင်ချီရရှိခဲ့သော်လည်း ယခုအချိန်တွင် တစ်ညလျှင် ကောင်ရေ ၅၀ မှ ၁၀ဝ ကြားသာ ဖမ်းမိတော့ကြောင်း ယင်း ကျေးရွာရှိ မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူအချို့ က ပြောဆိုသည်။

 

"အရင်ကဆို  မျှော့တွေကို နီးစပ်ရာကျွန်းပေါ်မှာ ကျပ်တိုက်နေလှန်း အခြောက်ခံရတယ်။ အခုကတော့ ကိုယ့်လှေပေါ်မှာပဲ နေလှန်းရတဲ့ အခြေအနေရောက်သွားပြီ"ဟု ဒုံးပလဲအော် ကျေးရွာနေ  မျှော့ငုပ်လုပ်ငန်းလုပ်ကိုင်သူ ဦးကြည်စိုးက ပြောဆိုသည်။

 

ငါးများကို မိုင်းခွဲသည့်နည်းဖြင့် ဖမ်းဆီးခြင်း၊ တရွတ်ဆွဲငါးဖမ်းလှေများ ကမ်းနီးရေပြင်တွင် စည်းကမ်းမဲ့ ဝင်ရောက်ဖမ်းဆီးခြင်းတို့ကြောင့်  မျှော့များ ပေါက်ဖွားကျက်စားသည့် ရေအောက်ကြမ်းပြင်ရှိ သန္တာကျောက်တန်းများပျက်စီးကာ  မျှော့ရှားပါးလာခြင်းဖြစ်ကြောင်း ဦးကြည်စိုးက ပြောဆိုသည်။ ယင်းအပြင် ပုလဲမွေးမြူရေး လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်လည်း  မျှော့ရှာဖွေနိုင်သည့် ဧရိယာကျဉ်းလာသဖြင့် လုပ်ကိုင်သူနည်းပါးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

 

ကျပ်နှစ်သိန်းကျော်

လွန်ခဲ့သည့် ငါးနှစ်ခန့်က  မျှော့အခြောက် တစ်ပိဿာ ရွာပေါက်ဈေး ကျပ်တစ်သိန်းခန့် ရှိခဲ့ရာမှ ယခုအခါ ရွာပေါက်ဈေး ကျပ်နှစ်သိန်းကျော်ရှိကြောင်း ဒုံးပလဲအော်ရွာနေ  မျှော့ငုပ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သင်းသင်းရီက ပြောပါသည်။

 

" မျှော့ က ရှားလာတော့  မျှော့ငုပ်သူတွေက ငါးထိုး၊ ရှပ်(ခရု)ငုပ်၊ ပဂဲ(ကျောက်ပုစွန်)ငုပ်တဲ့ လိုင်းဘက်ပြောင်းကုန်ကြပြီ"ဟု ၎င်းက ပြော ဆိုသည်။

 

တင်ပို့

ပင်လယ် မျှော့များကို တရုတ်လူမျိုးများ အဓိကစားသုံးကြပြီး ရန်ကုန်နှင့်မန္တလေးဈေးကွက်အထိ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း ပင်လယ် မျှော့ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

Source: MM Time

Read times Last modified on Monday, 25 February 2019 16:22
Rate this item
(1 Vote)