Food & Livestock
မန္တလေးစျေးကွက်တွင် စားတော်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀ ပေါက်စျေးရှိလာ
မန္တလေးစျေးကွက်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းလာခြင်းကြောင့် သုံးတင်းဝင် တစ်အိတ်လျှင်
ငွေကျပ် ၂၅၅,၀၀၀ ပေါက်စျေးရှိလာကြောင်း ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း
(မန္တလေး ကုန်စည်ဒိုင်) အတွင်းရေးမှူးက ပြောပြ၍ သိရသည်။
ယခုလက်ရှိ စားတော်ပဲများကို ရန်ကုန်၊ လားရှိုးအပါအဝင် မန္တလေမြို့မှ ကုန်သည်များအနေဖြင့် အဝယ်များ
ပြားလျက်ရှိကြောင်း၊ စားတော်ပဲမှာယခင်က အရောင်းအေးနေခဲ့သော်လည်း ယခုလက်ရှိတွင် စားတော်ပဲများ
အရောင်းအဝယ် ကောင်းမွန်လာပြီး စျေးကောင်းပြန်လည်ရရှိလာကြောင်း သိရသည်။
“အခုလတ်တလော ပြည်တွင်းကော ပြည်ပကပါ စားတော်ပဲတွေ အဝယ်လိုက်နေတာကြောင့် မန္တလေး
စျေးကွက်ထဲမှာစျေးကောင်းရနေသည်။ ပြည်ပက ဒီထက်ပိုပြီး ဝယ်ယူမှုများလာရင်တော့ မန္တလေးစျေးကွက်မှာ
အခုစျေးထက် စျေးကောင်းပိုရနိုင်ပါတယ်” ဟု (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူးက ပြောပြသည်။
မန္တလေး စျေးကွက်အတွင်း စက်တင်ဘာလ နောက်ဆုံးပတ်က စားတော်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀
သာ ပေါက်စျေးရှိခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် စားတော်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ၂၅၅,၀၀၀ ပေါက်စျေးရှိလာကြောင်း သိရသည်။
“အခုလတ်တစ်လော ပြည်တွင်း စျေးကွက်မှာ စားတော်ပဲ အရောင်းအဝယ်ဖြစ်နေသည်။
ပြည်ပကို တင်ပို့မှုနဲ့စာရင် ပြည်တွင်းစျေးကွက်ကိုပဲ အားထားပြီး လက်လီ၊ လက်ကားရောင်းနေရတယ်”
ဟု ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူးကပြောပြသည်။
Source: myawady
Myanmar Food Industry Guide



