Food & Livestock
မန္တလေးစျေးကွက်အတွင်း ငရုတ်သီးအစိုတစ်ပိဿာ ငွေကျပ် ၅၀၀၀ ထိပေါက်စျေးရရှိ
မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသစုံမှ ထွက်ရှိလာသည့် ငရုတ်သီးအစိုများ မန္တလေးစျေးကွက်အတွင်း တစ်ပိဿာလျှင်
ငွေကျပ် ၅၀၀၀ ပေါက်စျေးထိ ရရှိနေကြောင်း ငရုတ်စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။
ငရုတ်များကို ယခုအချိန်တွင် ပြင်ဦးလွင်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာနယ်တစ်ဝိုင်နှင့် ရမည်းသင်းနယ် ဒေသတို့မှ ထွက်ရှိပြီး စျေးကွက်အတွင်း ငရုတ်သီးအစိုစျေး တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မှ ငွေကျပ် ၅၀၀၀ ပေါက်စျေးတို့ဖြင့် ရောင်းချပေးလျက်ရှိရာ စျေးကောင်းများရရှိနေကြောင်း ငရုတ်စျေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌက ပြောကြားသည်။
“ခုချိန်ကတော့ နယ်စုံဒေသက ငရုတ်တွေ ထွက်ရှိနေပါတယ်။ ထွက်ရှိလာတဲ့ ငရုတ်တွေကို တောင်သူများက မန္တလေးစျေးကွက်ကို တင်ပို့ရောင်းချတဲ့အခါ အစိုတစ်ပိဿာကို ငွေကျပ် ၄၀၀၀ ကနေ ငွေကျပ် ၅၀၀၀ စျေးရရှိနေပါတယ်။ ပြီးခဲ့တဲ့လတွေက တစ်ပိဿာကို ငွေကျပ် ၃၅၀၀ ရှိခဲ့ပါတယ်။ အခုလက်ရှိမှာ ငရုတ်စျေးကတော့ ၆၉၂ ငရုတ်မျိုးတစ်ပိဿာကို ငွေကျပ် ၅၀၀၀ ပေါက်စျေးရှိတယ်။ တောင်သူတွေအတွက်ကတော့ ထွက်ပေါက်တစ်ခုအနေနဲ့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အခုချိန်မှာ ပြည်တွင်းစျေးကွက်ကိုတော့ ရောင်းချနေပါတယ်။ ငရုတ်အမှည့်အစိုတွေကို ပြည်ပနိုင်ငံတွေသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်” ဟု၎င်းကရှင်းပြသည်။
Source: MDN
Myanmar Food Industry Guide




