Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲဆီနှင့် နှမ်းဆီ ဈေးနှုန်းကြီးမှုကြောင့် ဈေးကွက်ဝယ်လိုအားကျဆင်း

မြေပဲဆီနှင့် နှမ်းဆီတို့ဟာ ဈေးနှုန်းကြီးမှုကြောင့် ၀ယ်ယူမှုကျဆင်းပြီး ဈေးကွက်နည်းပါးလျက်ရှိရာ

ဆီစက်လုပ်ငန်းတချို့ ရပ်ဆိုင်းလိုက်ရကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ၏ ပြောကြား ချက်အရ သိရပါတယ်။

 

ပြည်တွင်း ဆီဈေးကွက်တွင် စားသုံးဆီဖြစ်တဲ့ မြေပဲဆီနှင့် နှမ်းဆီတို့၏ ဈေးကွက်မှာ နည်းပါးလျက်ရှိခြင်းကြောင့် ဆီစက်လုပ်ငန်းများ၏ ၉၀% အထိ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

 

မရပ်ဆိုင်းဘဲ လည်ပတ်နေတဲ့စက်တွေကလည်း အချိန်ပြည့်မလည်နိုင်ဘူး။ လည်ပတ်ချိန်က အလွန်နည်းတယ်။ ဆီဈေးနှုန်းနဲ့ ဆိုင်ပါတယ်။ ဆီဈေးကကြီးပြီး စားသုံးသူတွေရဲ့ ယုံကြည်မှုနည်းတာကြောင့်လည်း ပါတယ်။ ရောနှောဆီတွေများနေတဲ့ကိစ္စကို ထိထိရောက်ရောက် စစ်ဆေးအရေးယူသင့်ပါတယ်။ စားသုံးသူတွေ အနေနဲ့ ဈေးကြီးပေးပြီး ၀ယ်လိုက်ရပေမယ့် အရည်အသွေးက စိတ်မချရတဲ့အတွက် ၀ယ်ယူမှုနည်းနေတယ်။ ပြည်ပကလာတဲ့ နေကြာဆီတွေပေါ်မှာ ယုံကြည်မှုပိုတဲ့ သဘောဖြစ်နေတယ်ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌ၏ ပြောကြား ချက်အရ သိရပါတယ်။

 

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရောနှောဆီရောင်းချသူများကို ထိထိရောက်ရောက် အရေးယူခြင်း၊ ကုန်အမှတ်တံဆိပ်ဥပဒေများ ပေါ်ပေါက်လာစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပြီး ယခုအခါ လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာလျက်ရှိကြောင်း သိရပါတယ်။

 

ပြည်တွင်း ဆီဈေးကွက်သို့ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ဆီများဝင်ရောက်လျက်ရှိကာ တစ်လလျှင် ဆီတန်ချိန် ခြောက်သောင်းခန့် တရားဝင်တင်သွင်းရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady Daily

Read times Last modified on Tuesday, 18 September 2018 14:29
Rate this item
(1 Vote)