Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေး အတက်အကျက ပြည်ပဝယ်လက်ပေါ် မူတည်နေ

ကြက်သွန်နီဈေး အတက်အကျက ပြည်ပဝယ်လက်ပေါ် မူတည်နေ g

ပြည်တွင်း ကြက်သွန်နီဈေး အတက်အကျက ပြည်ပဝယ်လက်ပေါ် မူတည်နေတယ်လို့ ကြက်သွန်ကုန်သည်တွေက

ပြောပါတယ်။ ကြက်သွန်နီအသစ်တွေထွက်လာလို့ ပြည်တွင်းက ကြက်သွန်နီဈေးတွေ ဆက်တိုက်ကျနေတယ်လို့ သိရပါတယ်။

 

“ကြက်သွန်ဈေးက ပြည်ပဝယ်လက်အပေါ်မှာ မူတည်နေပါတယ်။ ပြည်ပဝယ်လက်အပေါ် မူတည်မယ်ဆိုတာ ကြက်သွန်က Export အတွက်ဆိုရင် တစ်ပိဿာကို ကျပ် ၁၀၀၀ အောက်ရောက်မှ ပြည်ပကို ဈေးကွက်က သွားလို့လာလို့ ကောင်းမှာပေါ့။ ယခုလက်ရှိအခြေအနေအရ ကျွန်တော်တို့ပို့တာဆိုရင် တရုတ်ပြည်ကိုပို့တယ်။ တရုတ်ပြည်ကိုပို့ပေမယ့် တရုတ်ပြည်က ကွမ်စီးအထိ ဗီယက်နမ်နယ်စပ်အထိကို ပို့တာပေါ့။

 

ယင်းအပြင် အခြားနိုင်ငံက ကြက်သွန်တွေရော ကိုယ့်နိုင်ငံက ကြက်သွန်တွေရော အဲမှာသွားဆုံတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက ကြက်သွန်တွေက ဈေးကျတယ်ဆိုတဲ့ လက်ရှိအခြေအနေမှာတောင် ဟိုဘက်ဈေးကွက်ကိုတိုးဖို့ ဈေးကမြင့်နေဆဲပဲရှိနေသေးတယ်” လို့ K2O Export & Import မှ Managing Director ဦးကျော်ကျော်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပြည်ပကို ကြက်သွန်ပြန်ပြီး တင်ပို့နိုင်မယ်ဆိုရင် ကြက်သွန်နီဈေး ပြန်တက်လာနိုင်မှာဖြစ်ပြီး အခုအချိန်မှာ တစ်ပိဿာကို ကျပ် ၁၀၀၀ ဝန်းကျင်ပဲရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့လကတော့ ပြည်တွင်းမှာ ကြက်သွန်ဈေးတွေ မြင့်နေလို့ ပြည်ပကိုတင်ပို့တာ ရပ်ထားခဲ့ရကြောင်း သိရပါတယ်။

 

ပြည်တွင်းက ကြက်သွန်နီတွေက မူဆယ်နယ်စပ်ကနေတစ်ဆင့် တရုတ်နိုင်ငံ၊ မြဝတီ၊ ယိုးဒယားအထိ တင်ပို့နေပြီးတော့ မလေးရှား၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက အများဆုံးဝယ်တယ်လို့ သိရပါတယ်။ အရင်က ပြည်တွင်းဈေးကွက်မှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၂၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပြီးတော့ လက်ရှိမှာတော့ တစ်ပိဿာကို ကျပ် ၈၀၀ ဝန်းကျင်သာ ရှိကြောင်း သိရပါတယ်။

 

Source: Myanmar Business Channel

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(1 Vote)