Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီတင်ပို့မှု ယခင်နှစ်ထက် ၇၀ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ကြက်သွန်နီတန်ချိန် ၁၈၄၀၈ ဒသမ ၆၇၂ တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ

ခုနစ်သန်းကျော်ရရှိခဲ့ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်ကထက် တင်ပို့မှု ၇၀% ကျော်အထိ လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

မြန်မာနိုင်ငံ၏ ကြက်သွန်နီ စိုက်ဧကမှာ (မိုးနှင့်ဆောင်း) ပေါင်းပါက ဧကလေးသောင်းနီးပါးရှိပြီး တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းနီးပါးထွက်ရှိကာ အလေအလွင့်အပုပ်များ နုတ်လိုက်ပါက ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းစားသုံးချိန် တန်ချိန် ကိုးသိန်းခန့် ကျန်ရှိကြောင်း သိရပါတယ်။

 

ကြက်သွန်နီစိုက်ပျိုးရာတွင် ဈေးနှုန်းအနိမ့်အမြင့်ကိုလိုက်ကာ စိုက်ပျိုးမှုဧရိယာအကျယ်အ၀န်းမှာလည်း ပြောင်းလဲတတ်သဖြင့် ဈေးအမြင့်ဖြင့် ပိတ်သောနှစ်တွင် စိုက်ဧကများပြီး ဈေးအနိမ့်ဖြင့် ပိတ်သောနှစ်တွင် စိုက်ဧက နည်းတတ်သည့်အတွက်ကြောင့် ကြက်သွန်နီ၏ Supply Side သည် နှစ်စဉ် မတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိသည်။

 

ကြက်သွန်နီကို တိုးတက်တင်ပို့လျက်ရှိသော်လည်း ပြည်တွင်းစားသုံးသူများပြားခြင်း၊ ပြည်တွင်းဈေးကြီးမြင့်ခြင်း၊ ပုပ်လွယ်သော ပစ္စည်းဖြစ်၍ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ခက်ခဲခြင်းတို့ကြောင့် နယ်စပ်ကုန်သွယ်မှုမှသာ တင်ပို့မှုများပြားလျက်ရှိကြောင်း၊ မြန်မာ့ကြက်သွန်နီများကို နှစ်စဉ် ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဘူလ်ဂေးရီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဗီယက်နမ်၊ ဗင်နီဇွဲလား နိုင်ငံများသို့ တင်ပို့နေရကြောင်း သိရပါတယ်။

 

၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ကြက်သွန်နီအထွက်တန်ချိန် ၁၀၉၁၀၀၀ ခန့်မှ ပြည်တွင်း စားသုံးပြီး ပိုလျှံမှုတန်ချိန် ၄၆၂၀၀၀ ခန့်တွင် ပြည်ပတင်ပို့မှုမှာ ၅၆၅၁၂ တန် ရှိခဲ့ရာ ပိုလျှံမှုအပေါ် ပြည်ပတင်ပို့မှုရာခိုင်နှုန်းမှာ ၁၂ ဒသမ ၂၃ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါတယ်။

 

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပတင်ပို့မှုမှာ ၃၆၁၃၅ တန်ခန့်ရှိပြီး ပိုလျှံမှုအပေါ် ပြည်ပတင်ပို့မှုရာခိုင်နှုန်းမှာ ၆ ဒသမ ၀၅ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပတင်ပို့မှု ၄၇၇၄၈ တန်ခန့်နှင့် ပိုလျှံမှုအပေါ် ပြည်ပတင်ပို့မှုရာခိုင်နှုန်း ၇ ဒသမ ၉၈ ရာခိုင်နှုန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပတင်ပို့မှု ၆၆၇၁၄ တန်ခန့်နှင့် ပိုလျှံမှုအပေါ်တင်ပို့မှုရာခိုင်နှုန်း ၁၃ ဒသမ ၁၇ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သိရပါတယ်။

 

ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုတွင် မိုးကြက်သွန်နီစိုက်ပျိုးနိုင်မှုမှာ နည်းပါးပြီး ဆောင်း ကြက်သွန်နီ စိုက်ပျိုးမှုပေါ်တွင်သာ တစ်နိုင်ငံလုံး အားထားရကြောင်း တွေ့ရှိရပါတယ်။

 

ဆောင်းကြက်သွန်နီကို အဓိကစိုက်ပျိုးသော ဒေသများမှာ မြန်မာနိုင်ငံအထက်ပိုင်းရှိ ချောင်းကြီးလေးချောင်း ဖြစ်သော မန္တလေးတိုင်းဒေသကြီးမှ ဆင်တဲဝချောင်းနှင့် မကွေးတိုင်းဒေသကြီးမှ မုန်းချောင်း၊ မန်းချောင်း၊ ယင်းချောင်းတစ်လျှောက် ဒေသများဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:33
Rate this item
(1 Vote)