Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်စပါးမျိုးသစ်တစ်ခုကို ပြည်တွင်းတွင် စမ်းသပ်စိုက်ပျိုးပြီး ပြန်လည်တင်ပို့မည်

Unicode

တရုတ်စပါးမျိုးသစ်တစ်ခုကို ပြည်တွင်းတွင် စမ်းသပ်စိုက်ပျိုးပြီး ပြန်လည်တင်ပို့မည်

တရုတ်နိုင်ငံအတွင်း စားသုံးမှုများသည့် တရုတ်စပါးမျိုးစိတ်သစ်တစ်ခုကို ပြည်တွင်းတွင် စမ်းသပ်စိုက်ပျိုးပြီး တရုတ်နိုင်ငံကို ပြန်လည်တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။

 

အဆိုပါ စပါးမျိုးစိတ်သစ်ကို ဧရာဝတီတိုင်းအတွင်းရှိ ဧက (၂၀၀၀) တွင် စတင် စမ်းသပ်စိုက်ပျိုးသွားမှာဖြစ်ပြီး ထွက်ရှိလာတဲ့ ဆန်များကို တရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူပေးသွားမှာ ဖြစ်ပါတယ်။

 

တရုတ်က ဗီယက်နမ်ကနေ အများဆုံးဝယ်တာဖြစ်ပါတယ်။ အခုက မြန်မာနိုင်ငံကနေဝယ်ချင်တဲ့အတွက် တောင်းဆိုလာတာဖြစ်ပါတယ်။ တစ်နှစ်ကို တန်တစ်သိန်းလောက်ဝယ်ဖို့ တရုတ်က တောင်းဆိုလာတဲ့အတွက် စက်ပိုင်တွေကနေတဆင့် လယ်သမားတွေကို ပြန်ဖြန့်သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ယူလာတယ်ဆိုပေမယ့် မြန်မာနိုင်ငံက နာမည်နဲ့ပဲ ဖောက်မှာဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>     ေဆးဖက္ဝင္မုန္ညင္းစိမ္း အပင္ရွည္မ်ဳိး စိုက္ပ်ဳိးသူ နည္းပါးလာ


အဆိုပါစပါးမှာ နွေစပါးမျိုးဖြစ်ပြီး တရုတ်နိုင်ငံအတွင်း စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် စပါးတင်း (၁၃၀) ထွက်ရှိကာ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးမယ်ဆိုပါက တစ်ဧကကို တင်း (၁၀၀) ခန့်ထွက်ရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရာသီဥတုဒဏ်နဲ့ ပိုးမွှားဒဏ်ကိုလည်း ခံနိုင်ပြီး ဈေးနှုန်းပိုင်းမှာလည်း ပိုမိုရရှိလာကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ဆိုပါတယ်။

 

“ဈေးနှုန်းက အများကြီးကွာတယ်။ သူတို့ ဒီဆန်ကို ဗီယမ်နမ်ကနေ တစ်တန်ကို ဒေါ်လာ (၄၇၀) လောက် ပေးဝယ်တယ်။ ကျွန်တော်တို့ဆီမှာ (၄၀၀) လောက်ဆိုရင် အဆင်ပြေပြီ၊ ကျွန်တော်တို့ရောင်းတာ ဒီလိုဆန်ဖြူကို (၄၀၀) တစ်ခုမှ မရသေးဘူး။ အများဆုံးရ (၃၈၅)၊ (၃၇၅) ပဲ” လို့ ၎င်းက ဆိုပါတယ်။

 

မုန့်ဖုတ်လုပ်ငန်းများ (၅၆၆) ခုကိုရှာရန်နှိပ်ပါ။

 

တရုတ်နိုင်ငံက လက်ရှိမှာ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံတို့မှ ဆန်များကို အများဆုံး ဝယ်ယူနေကြောင်း သိရပါတယ်။

 

Source: Mizzima

 

 

တ႐ုတ္စပါးမ်ိဳးသစ္တစ္ခုကို ျပည္တြင္းတြင္ စမ္းသပ္စိုက္ပ်ိဳးၿပီး ျပန္လည္တင္ပို႔မည္

 

တ႐ုတ္ႏိုင္ငံအတြင္း စားသုံးမႈမ်ားသည့္ တ႐ုတ္စပါးမ်ိဳးစိတ္သစ္တစ္ခုကို ျပည္တြင္းတြင္ စမ္းသပ္စိုက္ပ်ိဳးၿပီး တ႐ုတ္နုိင္ငံကို ျပန္လည္တင္ပို႔ေရာင္းခ်ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ား အသင္းမွ သိရပါတယ္။

 

အဆိုပါ စပါးမ်ိဳးစိတ္သစ္ကို ဧရာဝတီတိုင္းအတြင္းရွိ ဧက (၂၀၀၀) တြင္ စတင္ စမ္းသပ္စိုက္ပ်ိဳးသြားမွာျဖစ္ၿပီး ထြက္ရွိလာတဲ့ ဆန္မ်ားကို တ႐ုတ္ႏိုင္ငံမွ ျပန္လည္ဝယ္ယူေပးသြားမွာ ျဖစ္ပါတယ္။

 

တ႐ုတ္က ဗီယက္နမ္ကေန အမ်ားဆံုးဝယ္တာျဖစ္ပါတယ္။ အခုက ျမန္မာႏုိင္ငံကေနဝယ္ခ်င္တဲ့အတြက္ ေတာင္းဆိုလာတာျဖစ္ပါတယ္။ တစ္ႏွစ္ကို တန္တစ္သိန္းေလာက္ဝယ္ဖုိ႔ တ႐ုတ္က ေတာင္းဆိုလာတဲ့အတြက္ စက္ပိုင္ေတြကေနတဆင့္ လယ္သမားေတြကို ျပန္ျဖန္႔သြားမွာျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံက ယူလာတယ္ဆိုေပမယ့္ ျမန္မာႏုိင္ငံက နာမည္နဲ႔ပဲ ေဖာက္မွာျဖစ္ေၾကာင္း သိရပါတယ္။

 

အဆိုပါစပါးမွာ ေႏြစပါးမ်ိဳးျဖစ္ၿပီး တ႐ုတ္ႏိုင္ငံအတြင္း စိုက္ပ်ိဳးခဲ့ရာ တစ္ဧကလွ်င္ စပါးတင္း (၁၃၀) ထြက္ရွိကာ ျမန္မာႏိုင္ငံအတြင္း စိုက္ပ်ိဳးမယ္ဆိုပါက တစ္ဧကကို တင္း (၁၀၀) ခန႔္ထြက္ရွိႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ႔အျပင္ ရာသီဥတုဒဏ္နဲ႔ ပိုးမႊားဒဏ္ကိုလည္း ခံႏိုင္ၿပီး ေစ်းႏႈန္းပိုင္းမွာလည္း ပိုမိုရရွိလာေၾကာင္း အသင္းဥကၠ႒ ဦးေက်ာ္ဝင္းက ဆိုပါတယ္။


Read More >>>     ေဆးဖက္ဝင္မုန္ညင္းစိမ္း အပင္ရွည္မ်ဳိး စိုက္ပ်ဳိးသူ နည္းပါးလာ


“ေစ်းႏႈန္းက အမ်ားႀကီးကြာတယ္။ သူတို႔ ဒီဆန္ကို ဗီယမ္နမ္ကေန တစ္တန္ကို ေဒၚလာ (၄၇၀) ေလာက္ ေပးဝယ္တယ္။ ကြၽန္ေတာ္တို႔ဆီမွာ (၄၀၀) ေလာက္ဆိုရင္ အဆင္ေျပၿပီ၊ ကြၽန္ေတာ္တို႔ေရာင္းတာ ဒီလိုဆန္ျဖဴကို (၄၀၀) တစ္ခုမွ မရေသးဘူး။ အမ်ားဆုံးရ (၃၈၅)၊ (၃၇၅) ပဲ” လို႔ ၎က ဆိုပါတယ္။

 

တ႐ုတ္ႏိုင္ငံက လက္ရွိမွာ ဗီယက္နမ္နဲ႔ ပါကစၥတန္ႏိုင္ငံတို႔မွ ဆန္မ်ားကို အမ်ားဆုံး ဝယ္ယူေနေၾကာင္း သိရပါတယ္။

 

မုန္႔ဖုတ္လုပ္ငန္းမ်ား (၅၆၆) ခုကိုရွာရန္ႏွိပ္ပါ။

 

Source: Mizzima

 

 

 

Read times Last modified on Tuesday, 11 February 2020 11:46
Rate this item
(0 votes)