Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


SP Bakery ၏ "သတ္တမမြောက် ဆိုင်ခွဲသစ်" ဖွင့်လှစ်ခြင်း

SP Bakery သည် သန့်ရှင့်လတ်ဆတ်သော ကျန်းမာရေးနှင့် ကိုက်ညီသော စားသောက်ကုန်များကို စားသုံးသူများ အလွယ်တကူဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍

ရန်ကုန်မြို့တွင် သတ္တမမြောက်ဆိုင်ခွဲကို အမှတ် ၄၀၀ ကျိုက္ကဆံလမ်းရှိ Ar Yu International Hospital အသစ်ကြီးတွင် ၂၀၁၉ ခုနှစ် ၊မတ်လ ၁၇ ရက်နေ့က ထပ်မံဖွင့်လှစ်လိုက်ပါတယ်။

 

၁၉၈၉ ခုနှစ်တွင် ပထမမျိုးဆက်ဖြစ်သူ အဘိုး ဦးကျင်စိန်မှ စံပြမုန့်တိုက်အမည်ဖြင့် မိုးကုတ်မြို့မှ အစပြုပြီး ၂၀၁၀ ပြည့်နှစ်တွင် တတိယမျိုးဆက်ဖြစ်သော မြေးဖြစ်သူ ဒေါ်သင်းသင်းကျော်မှ SP Bakery အမည်ဖြင့် Brand Refreshment ပြုလုပ်ပြီး မန္တလေးမြို့တွင် စတင်အခြေချခဲ့ပါတယ်။

 Read More >>>>>  တိုင်းရင်းသားအစားအစာ ညဈေးနှင့် " ချင်းရိုးရာ ပရဲထိုးပွဲ နှင့် ကယန်းပွဲတော် "

ယခုဆိုလျှင် မန္တလေးမြို့တွင် ဆိုင်ခွဲ ၆ဆိုင်၊ ရန်ကုန်တွင် ဆိုင်ခွဲ ၇ ဆိုင် စုစုပေါင်း ဆိုင်ခွဲပေါင်း ၁၃ ဆိုင်အထိ တိုးချဲ့ဖွင့်လှစ် ထားပြီး အထက်မြန်မာပြည်မှာ Distribution များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေပြီး Nationwide Distribution ပြုလုပ်သွားဖို့အတွက်လည်း ရည်ရွယ် ထားပါတယ်။

 

အဆိုပါဆိုင်ဖွင့်လှစ်ရာတွင် သန့်ရှင်းလတ်ဆတ်သောမုန့်များ တည်ခင်းရောင်းချပေးမည့် Counter များပါဝင်သလို Coffee, Tea, Bubble Tea များနှင့် အသီးစစ်စစ်များမှ ထုတ်လုပ်ထားသော Fresh Fruits Tea & Juices မျိုးစုံကိုလည်း ရောင်းချပေးမည့် Bar လည်း ပါဝင်ခဲ့တယ်။

 

"ဒီဆိုင်ခွဲမှာရနိုင်တဲ့ အဓိက Menu တွေကတော့ ကျန်းမာရေးပေါင်မုန့်တွေ ဆီးချိုဝေဒနာရှင်များအတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ ကွတ်ကီးတွေကိုလည်း ရရှိနိုင်မှာဖြစ်ပြီး ကိုယ်ခံအားနည်းခြင်း၊အလုပ်ပင်ပန်းလို့ ဦးနှောက်စွမ်းအင်တွေ ကျဆင်းနေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုများလို့ အိပ်မပျော်ခြင်း၊ မျက်လုံးအားနည်းခြင်း၊ ဆံပင်ဖြူခြင်း၊ ကျွတ်ခြင်းနဲ့ အသားအရေက Collagen ဓာတ်ဆုံးရှုံးခြင်း စတဲ့အချက်တွေနဲ့ ကြုံနေရသူတွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Butterfly Pea လို့ခေါ်တဲ့ အောင်ပန်းညိုရွက်က ထုတ်လုပ်ထားတဲ့ ကျန်းမာရေးပေါင်မုန့်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်"ဟု SP Bakery ၏ Digital Marketing Manager ဖြစ်သူ ဦးမင်းအောင်ကျော်မှ ပြောကြားခဲ့ပါတယ်။

 

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ စားသုံးသူ Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ၁၀၀၀၀ ဖိုးဝယ်ယူသူတိုင်းအတွက် ၃၀၀၀ ကျပ်တန် Discount Coupon များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ထို့အပြင် ဆိုင်ဖွင့်ပွဲနေ့မှစ၍ ဧပြီလ ၄ ရက်နေ့ အထိ ဝယ်ယူသူတိုင်းအတွက် wheel Promotion ကံစမ်းမဲများကိုလည်း ထည့်သွင်းဖောက်ပေးသွားမည်ဟုလည်း သိရပါတယ်။

Read times Last modified on Monday, 18 March 2019 16:38
Rate this item
(1 Vote)