Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထား

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမခြောက်လတာကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော်တင်ပို့ နိုင်ရန် မျှော်မှန်းထားကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံမှ သိရပါတယ်။

 

လျာထားချက်အတိုင်း အကော်အထည်ဖော်နိုင်ဖို့ ၀န်ကြီးဌာနာတွေ၊ အသင်းအဖွဲ့တွေကနေ စိုက်ပျိုးသူ တောင်သူတွေအထိ ဈေးကွက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံမှ သိရပါတယ်။

 

ပြည်တွင်းမှ ထွက်ရှိသော ဆန်များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေပြီး ဥရောပဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး စံချိန်တင်နိုင်သော အခြေအနေမျိုး ဖြစ်ခဲ့ပြီး ဆန်တင်ပို့ရောင်းချရာမှ အမေရိကန်ဒေါ်လာ ၁၁၃၇ သန်းရရှိခဲ့သော်လည်း ယခုတင်ပို့နေသည့် အခြေအနေမှာ ယခင်နှစ်က တင်ပို့သော ပမာဏကို မီနိုင်မည့် အခြေအနေမျိုး မရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များက ခန့်မှန်းကြကြောင်း သိရပါတယ်။

 

လောလောဆယ် အနေအထားကတော့ ဘဏ္ဍာနှစ်ကာလထဲမှာပို့တဲ့ ပမာဏများများစားစား မရှိသေးတာကို လျာထားချက်မမီနိုင်ဘူးလို့တော့ ပုံသေတွက်လို့မရနိုင်သေးပါဘူး” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးထံမှ သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:15
Rate this item
(2 votes)