Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီစိုက်ပျိုးသူများကို ရိုးမဘဏ်က ကျပ်သန်း ၈၀၀ ကူညီပံ့ပိုးမည်

 ကော်ဖီစိုက်ပျိုးသူများ အရည်အသွေးမြင့် ကော်ဖီထုတ် လုပ်နိုင်ရန် ရိုးမဘဏ်ကကျပ် သန်း ၈၀၀

ကူညီပံ့ပိုးမည်ဟု ယင်းဘဏ်က မတ်လ ၁၉ ရက် တွင် ထုတ်ပြန်ကြေညာသည်။

 

ကော်ဖီထုတ်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းမြှင့်တင်ရေးကူ ညီမှုကို Mandalay Coffee Group မှတစ်ဆင့် ကူညီမည်ဖြစ် ပြီး ကူညီမှုသဘောတူညီချက် စာချုပ်ကို ရိုးမဘဏ်နှင့် Man-dalay Coffee Group တို့ မတ်လ ၇ ရက်က လက်မှတ်ရေးထိုးခဲ့ သည်။

 

‘‘ဒီသဘောတူစာချုပ်လက် မှတ်ရေးထိုးမှုက ကျွန်တော်တို့ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ နဲ့ နိုင်ငံအတွက် အရှေ့ကိုတစ် လှမ်းတိုးလိုက်နိုင်တယ်လို့ မြင်ပါ တယ်။ MCG ကလည်း ကော်ဖီ အသေးစားစိုက်ပျိုးသူတွေကို ငွေ ကြေးအကူအညီရအောင်၊ ဈေး ကွက်ရှယ်ယာရအောင် ကူညီပေး နိုင်မှာပါ’’ ဟု Mandalay Coffee Group ကုမ္ပဏီလီမိတက်အမှု ဆောင်ဒါရိုက်တာဦးကျော်လှိုင် က ပြောသည်။

 

ကော်ဖီစိုက်တောင်သူများ အား Mandalay Coffee Group မှတစ်ဆင့် ပုံမှန်ဘဏ္ဍာရေးစနစ် တစ်ခုကို ထိရောက်စွာအသုံးပြု နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း ရိုးမဘဏ်အမှုဆောင် အရာရှိ Mr. Hal Bosher က ပြောသည်။

 

ရိုးမဘဏ်က ထုတ်ပေး သည့် ကျပ်သန်း ၈၀၀ ကျော်ကို Mandalay Coffee Group က စိစစ်၍ ကျေးရွာ ၂၃ ရွာရှိတောင် သူများအား ၁၁ ရာခိုင်နှုန်းအတိုးဖြင့် ယမန်နှစ်နိုဝင်ဘာကစတင် ချေးငွေထုတ်ပေးခဲ့ကြောင်း၊ယင်း ကဲ့သို့ ချေးငွေရရှိမှု အကျိုးရလဒ် အဖြစ် ယခုနှစ်အတွင်း ကော်ဖီ ပြည်ပပို့ကုန်ပမာဏ ၂၀ ရာခိုင် နှုန်းကျော် တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း Mandalay Coffee Group မန်နေဂျင်းဒါရိုက် တာဦးကျော်လှိုင်က ပြောသည်။

 

‘‘တောင်သူတွေကို ချေးငွေ ထုတ်ပေးတာမှာ သူတို့ဘာသာသူ တို့ ငွေကြေးမပြေလည်တာတွေ ကိုထုတ်မပေးဘူး။ ကော်ဖီကို ပြည်ပတင်ပို့ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ငွေကြေးလိုနေတယ်ဆိုတဲ့ သူတွေကို ကျွန်တော်တို့က ထုတ် ပေးတာပါ။ ကျေးရွာတွေမှာရှိတဲ့ အဖွဲ့ခေါင်းဆောင်တွေကနေတစ် ဆင့် ထုတ်ပေးတာပါ။ ၀ိုင်းကြီးလို မျိုးပေါ့။ ချေးငွေကာလကတစ်နှစ် လို့ပြောလို့ရပါတယ်’’ ဟု ဦး ကျော်လှိုင်က ပြောသည်။

 

တောင်သူများ တင်ပြလာ သည့် လုပ်ငန်းအစီအစဉ်များကို စိစစ်ကာ စိုက်ဧက၊ ထွက်ရှိမည့် ကော်ဖီအရေအတွက်နှင့် တောင် သူများ၏ ကော်ဖီစိုက်အတွေ့အ ကြုံစသည်များကို ကွင်းဆင်းလေ့ လာကာ တောင်သူတစ်ဦးလျှင် ကျပ်သိန်းတစ်ရာဝန်းကျင်ထုတ် ပေးခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။Mandalay Coffee Group ကို ၂၀၁၄ စက်တင်ဘာက စတင် တည်ထောင်ခဲ့ပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ၊ လက် လီရောင်းချသူများစသည့် လုပ် ငန်းရှင်များက စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

 

Mandalay Coffee Group သည် USAID ၏ ကျေးလက်ဖွံ့ ဖြိုးရေးစီမံကိန်းအတွက် ထုတ် ကုန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ဆောင် ရွက်နေသည့် Winrock Interna-tional နှင့် ၂၀၁၄ က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အရည်အသွေး မြင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ် သည့် မိသားစုလုပ်ငန်း ၂,၅၀၀ ကျော်အား ကျပ်သန်း ၁၆၀ ကူညီ ပံ့ပိုးနိုင်ခဲ့သည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 10:55
Rate this item
(1 Vote)