Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂ဝ၁၈ ခုနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၅ ၃၇ ဒသမ ၆၄ သန်းဖြစ်

၂ဝ၁၈ ခုနှစ် မေလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၃၃  ဒသမ ဝ၉ သန်း၊ နယ်စပ်ပို့ ကုန်တန်ဖိုးမှာ

အမေရိကန်ဒေါ်လာ ၄၅၈ ဒသမ ၃၅ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃၉၁ ဒသမ ၄၄ သန်းဖြစ်ပြီး ပုံမှန်သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၉၉  ဒသမ ၆၁ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ ၂၇ဝ ဒသမ ၅၃ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၉၇ဝ ဒသမ ၁၄ သန်းဖြစ်ကြောင်း သိရပါတယ်။

 

 

သို့ဖြစ်၍ ၂ဝ၁၈ ခုနှစ် မေလအတွက် စုစု ပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ၃၃၆၁ ဒသမ ၅၈ သန်းဖြစ်ပြီး စုစုပေါင်းကုန် သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၇၈ဒသမ ၇ဝ သန်းဖြစ်ကြောင်းသိရပါတယ်။

 

 

၂ဝ၁၈ ခုနှစ် ဧပြီလမှ မေလအတွင်း မြန်မာ နိုင်ငံ၏ပုံမှန်ပို့ကုန်တန်ဖိုးမှာ   အမေရိကန်ဒေါ်လာ၁၆၇၄ ဒသမ ၅၅ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈ဝ  ဒသမ ဝ၃ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၂၄၅၄ ဒသမ ၅၈ သန်း  တင်ပို့နိုင်ခဲ့ပါတယ်။

 

 

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉ဝ၄ဒသမ ၈၉သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၇၈ ဒသမ ၁၇ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၃၃၈၃ ဒသမ ဝ၆ သန်းဖြစ် သဖြင့် ၂ဝ၁၈ ခုနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၅၈၃၇ ဒသမ ၆၄ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၉၂၈ ဒသမ ၄၈ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာ အရ သိရပါတယ်။

 

 

Source: Myawady

 

Read More >>>>>  ဘဲစာဈေးတက်ပြီး ဘဲဥ ဥနှုန်းကျဆင်းနေသဖြင့် ဘဲမွေးမြူသူများ တွက်ခြေမလိုက်ဖြစ်နေ

Read times Last modified on Tuesday, 18 September 2018 11:33
Rate this item
(1 Vote)