Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ကုလားပဲ ပဲလွမ်းဖြူနှင့် မြေထောက်ပဲ တန်ချိန် ကိုးသောင်းကျော် တင်ပို့

<<<  Unicode  >>>

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်ပသို့ ကုလားပဲ ပဲလွမ်းဖြူနှင့် မြေထောက်ပဲ တန်ချိန် ကိုးသောင်းကျော် တင်ပို့

၂ဝ၁၉  ခုနှစ်  ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်ပသို့  ကုလားပဲ၊ ပဲလွမ်းဖြူနှင့်  မြေထောက်ပဲ  တန်ချိန် ကိုးသောင်းကျော်   တင်ပို့ထားကြောင်း ပြည်တွင်းမှ ပဲကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။


လက်ရှိတွင် ကုလားပဲတန်ချိန် ၄၈ဝဝဝ ကျော်၊ ပဲလွမ်းဖြူတန်ချိန် ၃၅ဝဝဝ ကျော် နှင့် မြေထောက်ပဲတန်ချိန်  ၉၈ဝဝ  ကျော် တင်ပို့ထားကြောင်း သိရသည်။


''အရင်နှစ်တုန်းက ဒီပမာဏလောက် မတင်ပို့နိုင်ဘူး။  အများဆုံး  တန်ချိန် ရှစ်သောင်းကျော်လောက်ပဲ   တင်ပို့နိုင်ပါတယ်။  ဒီနှစ်တိုးပြီး  တင်ပို့နိုင်တယ်။ ကုလားပဲဆိုရင် ပြည်တွင်းမှာရော ပြည်ပမှာပါ စျေးကွက်ရှိတယ်။ ပြည်တွင်းမှာ ကုလားပဲကို ပဲခွဲစက် လုပ်ငန်းရှင်တွေက   စားတော်ပဲ အစားထိုးကြတယ်။  ပြည်တွင်းမှာ စားသုံးတဲ့ ပဲတစ်မျိုးလည်းဖြစ်တယ်။  ကုလားပဲကို  ခွဲခြမ်း လုပ်ပြီးတော့လည်း တင်ပို့ကြတယ်။ ကုလားပဲကို ပါကစ္စတန်၊ တူရကီနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု က ကြိုက်ကြတယ်။  ကုလားပဲကို  အိန္ဒိယ နိုင်ငံအပါအဝင်  နိုင်ငံပေါင်း ခုနစ်နိုင်ငံကို တင်ပို့နေတယ်'' ဟု  မန္တလေးမြို့ရှိ   နှမ်းမျိုးစုံနှင့် ကုလားပဲကုန်သည် ဦးတင်လှိုင် ကပြော သည်။

 

Read More >>>>>  အေရွ ႔တိုင္းသားမ်ား ႀကိဳက္ႏွစ္ၾကတဲ့ ျပင္သစ္ေပါင္မုန္႔ ရွည္နဲ႔ ဂဏန္းသား


လက်ရှိ ပြည်ပစျေးကွက်၌ ကုလားပဲ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆ဝဝ မှ ၆၃ဝ ကြား၊ ကုလားပဲအခွံချွတ် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၈ဝဝ မှ ၈၄ဝ ကြား စျေးရရှိကြောင်း သိရသည်။


လက်ရှိ ပြည်တွင်း ပဲစားသုံးမှု တန်ချိန် ၁၃ဝဝဝဝ ကျော်ရှိပြီး ပြည်ပသို့ နှစ်စဉ် အနည်းဆုံး ပျမ်းမျှတန်ချိန် သုံးသောင်းကျော်  တင်ပို့ကာ အများဆုံးတန်ချိန်  ရှစ်သောင်းကျော် တင်ပို့ကြောင်း သိရသည်။ နိုင်ငံအတွင်း ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမှုများသည့် မြေထောက်ပဲကို  တရုတ်နိုင်ငံ အပါအဝင် စျေးကွက်အင်အားကြီး နိုင်ငံများက ဝယ်လိုအားကောင်းလာ၍  လက်ရှိ စျေးကွက်အတွင်း လက်ကျန်နည်းပါးနေသည်။


''ဘဏ္ဍာနှစ်အလိုက်   တင်ပို့မှုနှုန်း တက်လာတယ်။ မြေထောက်ပဲကို ပြည်တွင်းမှာ အစိုက်နည်းတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ပိုပြီးစားသုံးလို့ မတ်ပဲနဲ့ ပဲစင်းငုံနေရာမှာ အစားထိုးစိုက်ဖို့လိုတဲ့  သီးနှံတစ်မျိုး ဖြစ်လာနိုင်တယ်။ ပြည်တွင်း ထွက်ရှိနှုန်း နည်းလို့ ပြည်ပကို လိုသလောက် မတင်ပို့ နိုင်သေးဘူး''  ဟု မန္တလေးမြို့ရှိ  ဇရာမြေလပ် ပွဲရုံပိုင်ရှင် ဦးကျော်ခန့်ကပြောသည်။


လက်ရှိ  မြေထောက်ပဲ တင်ပို့နေသည့် နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊  အိန္ဒိယ၊ မလေးရှား၊ တရုတ်(တိုင်ပေ)၊ ဒိန်းမတ်၊ ထိုင်း၊ ကနေဒါနှင့် ကင်ညာနိုင်ငံတို့ဖြစ် သည်။


ဘဏ္ဍာနှစ်အလိုက် ကုလားပဲတင်ပို့မှု စာရင်းများအရ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် က တန်ချိန်  ၃၅ဝဝဝ  ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၁၉  သန်းကျော်၊ ၂ဝ၁၆- ၂ဝ၁၇  ဘဏ္ဍာနှစ်က  တန်ချိန် ၃၅ရဝဝ ကျော်တင်ပို့မှုမှ  အမေရိကန် ဒေါ်လာ ၂၈ သန်းကျော်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က တန်ချိန် ၃၆ဝဝဝ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂ သန်း ကျော်ရရှိခဲ့သည်။


အလားတူ မြေထောက်ပဲကို နယ်စပ်နှင့်  ပင်လယ်ရေကြောင်းများမှ ၂ဝ၁၆-၂ဝ၁၇  ဘဏ္ဍာနှစ်က တန်ချိန် ၂၅ဝဝဝ ကျော်နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က တန်ချိန် ၂၅ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း  သိရသည်။  

Source: Myawaddy

 

 

ျပည္ပသုိ႕ ကုလားပဲ ပဲလြမ္းျဖဴႏွင့္  ေျမေထာက္ပဲ တန္ခ်ိန္ ကိုးေသာင္းေက်ာ္ တင္ပို႔

 

၂ဝ၁၉  ခုႏွစ္  ဇန္နဝါရီလမွ ေအာက္တုိဘာလအထိ ျပည္ပသို႔  ကုလားပဲ၊ ပဲလြမ္းျဖဴႏွင့္  ေျမေထာက္ပဲ  တန္ခ်ိန္ ကိုးေသာင္းေက်ာ္   တင္ပို႔ထားေၾကာင္း ျပည္တြင္းမွ ပဲကုန္သည္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။


လက္ရွိတြင္ ကုလားပဲတန္ခ်ိန္ ၄၈ဝဝဝ ေက်ာ္၊ ပဲလြမ္းျဖဴတန္ခ်ိန္ ၃၅ဝဝဝ ေက်ာ္ ႏွင့္ ေျမေထာက္ပဲတန္ခ်ိန္  ၉၈ဝဝ  ေက်ာ္ တင္ပို႔ထားေၾကာင္း သိရသည္။

 

Read More >>>>>  အေရွ ႔တိုင္းသားမ်ား ႀကိဳက္ႏွစ္ၾကတဲ့ ျပင္သစ္ေပါင္မုန္႔ ရွည္နဲ႔ ဂဏန္းသား


''အရင္ႏွစ္တုန္းက ဒီပမာဏေလာက္ မတင္ပို႔ႏုိင္ဘူး။  အမ်ားဆံုး  တန္ခ်ိန္ ရွစ္ေသာင္းေက်ာ္ေလာက္ပဲ   တင္ပို႔ႏုိင္ပါတယ္။  ဒီႏွစ္တိုးၿပီး  တင္ပုိ႔ႏိုင္တယ္။ ကုလားပဲဆိုရင္ ျပည္တြင္းမွာေရာ ျပည္ပမွာပါ ေစ်းကြက္ရွိတယ္။ ျပည္တြင္းမွာ ကုလားပဲကို ပဲခြဲစက္ လုပ္ငန္းရွင္ေတြက   စားေတာ္ပဲ အစားထိုးၾကတယ္။  ျပည္တြင္းမွာ စားသံုးတဲ့ ပဲတစ္မ်ဳိးလည္းျဖစ္တယ္။  ကုလားပဲကို  ခြဲျခမ္း လုပ္ၿပီးေတာ့လည္း တင္ပို႔ၾကတယ္။ ကုလားပဲကို ပါကစၥတန္၊ တူရကီနဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု က ႀကိဳက္ၾကတယ္။  ကုလားပဲကို  အိႏိၵယ ႏိုင္ငံအပါအဝင္  ႏုိင္ငံေပါင္း ခုနစ္ႏုိင္ငံကို တင္ပို႔ေနတယ္'' ဟု  မႏၲေလးၿမိဳ႕ရွိ   ႏွမ္းမ်ဳိးစံုႏွင့္ ကုလားပဲကုန္သည္ ဦးတင္လႈိင္ ကေျပာ သည္။


လက္ရွိ ျပည္ပေစ်းကြက္၌ ကုလားပဲ တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၆ဝဝ မွ ၆၃ဝ ၾကား၊ ကုလားပဲအခြံခြၽတ္ တစ္တန္ လွ်င္ အေမရိကန္ေဒၚလာ ၈ဝဝ မွ ၈၄ဝ ၾကား ေစ်းရရွိေၾကာင္း သိရသည္။


လက္ရွိ ျပည္တြင္း ပဲစားသံုးမႈ တန္ခ်ိန္ ၁၃ဝဝဝဝ ေက်ာ္ရွိၿပီး ျပည္ပသို႔ ႏွစ္စဥ္ အနည္းဆံုး ပ်မ္းမွ်တန္ခ်ိန္ သံုးေသာင္းေက်ာ္  တင္ပို႔ကာ အမ်ားဆံုးတန္ခ်ိန္  ရွစ္ေသာင္းေက်ာ္ တင္ပို႔ေၾကာင္း သိရသည္။ ႏုိင္ငံအတြင္း ေဆာင္းသီးႏွံအျဖစ္ စိုက္ပ်ဳိးမႈမ်ားသည့္ ေျမေထာက္ပဲကို  တ႐ုတ္ႏိုင္ငံ အပါအဝင္ ေစ်းကြက္အင္အားႀကီး ႏုိင္ငံမ်ားက ဝယ္လိုအားေကာင္းလာ၍  လက္ရွိ ေစ်းကြက္အတြင္း လက္က်န္နည္းပါးေနသည္။


''ဘ႑ာႏွစ္အလိုက္   တင္ပို႔မႈႏႈန္း တက္လာတယ္။ ေျမေထာက္ပဲကို ျပည္တြင္းမွာ အစိုက္နည္းတယ္။ ဒါေပမဲ့ ျပည္တြင္းမွာ ပိုၿပီးစားသံုးလို႔ မတ္ပဲနဲ႔ ပဲစင္းငံုေနရာမွာ အစားထိုးစိုက္ဖို႔လိုတဲ့  သီးႏွံတစ္မ်ဳိး ျဖစ္လာႏုိင္တယ္။ ျပည္တြင္း ထြက္ရွိႏႈန္း နည္းလို႔ ျပည္ပကို လိုသေလာက္ မတင္ပို႔ ႏုိင္ေသးဘူး''  ဟု မႏၲေလးၿမိဳ႕ရွိ  ဇရာေျမလပ္ ပြဲ႐ုံပိုင္ရွင္ ဦးေက်ာ္ခန္႔ကေျပာသည္။


လက္ရွိ  ေျမေထာက္ပဲ တင္ပုိ႔ေနသည့္ ႏုိင္ငံမ်ားမွာ တ႐ုတ္၊ ဂ်ပန္၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ဆြစ္ဇာလန္၊  အိႏိၵယ၊ မေလးရွား၊ တ႐ုတ္(တိုင္ေပ)၊ ဒိန္းမတ္၊ ထိုင္း၊ ကေနဒါႏွင့္ ကင္ညာႏုိင္ငံတို႔ျဖစ္ သည္။


ဘ႑ာႏွစ္အလိုက္ ကုလားပဲတင္ပို႔မႈ စာရင္းမ်ားအရ ၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္ က တန္ခ်ိန္  ၃၅ဝဝဝ  ေက်ာ္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ  ၁၉  သန္းေက်ာ္၊ ၂ဝ၁၆- ၂ဝ၁၇  ဘ႑ာႏွစ္က  တန္ခ်ိန္ ၃၅၇ဝဝ ေက်ာ္တင္ပို႔မႈမွ  အေမရိကန္ ေဒၚလာ ၂၈ သန္းေက်ာ္၊ ၂ဝ၁၇-၂ဝ၁၈ ဘ႑ာႏွစ္က တန္ခ်ိန္ ၃၆ဝဝဝ ေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၃၂ သန္း ေက်ာ္ရရွိခဲ့သည္။


အလားတူ ေျမေထာက္ပဲကို နယ္စပ္ႏွင့္  ပင္လယ္ေရေၾကာင္းမ်ားမွ ၂ဝ၁၆-၂ဝ၁၇  ဘ႑ာႏွစ္က တန္ခ်ိန္ ၂၅ဝဝဝ ေက်ာ္ႏွင့္ ၂ဝ၁၇-၂ဝ၁၈ ဘ႑ာႏွစ္က တန္ခ်ိန္ ၂၅ဝဝဝ ေက်ာ္ တင္ပို႔ခဲ့ေၾကာင္း  သိရသည္။  

 

Source: Myawaddy

 

 

 

Read times Last modified on Thursday, 06 February 2020 17:01
Rate this item
(0 votes)