Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်ထုတ်သည့်လုပ်ငန်းများ အပြိုင်အဆိုင်ရှိလာသဖြင့် အရောင်းဝန်ထမ်းများကို လစာတိုးမြှင့်ခေါ်ယူ လာ

ပြည်တွင်း၌စားသောက်ကုန်ထုတ်သည့် လုပ်ငန်းများ အပြိုင်အဆိုင်ရှိလာသဖြင့်အရောင်းဝန်ထမ်းလိုအပ်ချက်အရ လစာ တိုးမြှင့်၍ ခေါ်ယူလာကြောင်း နွယ်ရိုး

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်စိုးထွဋ်ထံမှ သိရသည်။

 

ပြည်တွင်း၌ စားသောက်ကုန်ထုတ် လုပ်ငန်းများ ပြိုင်ဆိုင်မှုများလာခြင်းကြောင့် ဝန်ထမ်းလိုအပ်ချက်လည်း မြင့်တက်လာရာ စားသောက်ကုန်များကို ကွင်းဆင်း၍ ဈေး ကွက်မြှင့်တင်ပေးနိုင်မည့် အရောင်းဝန်ထမ်း များအား ခေါ်ယူနေခြင်းဖြစ်သည်။ ထို့ပြင် ထုတ်ကုန်တစ်ခုလျှင် ကုန်ပစ္စည်းအမှတ် တံဆိပ်အမျိုးမျိုး ခွဲခြားထုတ်လုပ်မှုများရှိနေသဖြင့် အရောင်းဝန်ထမ်းလိုအပ်ချက်မြင့် တက်လာကြောင်းနှင့် ဘွဲ့ရ၊ တက္ကသိုလ် ဝင်တန်းအောင်မြင်သူများနှင့် လုပ်ငန်း အတွေ့အကြုံရှိသူများကို ဦးစားပေးခေါ်ယူ ကာ အနိမ့်ဆုံးလစာ ငွေကျပ် နှစ်သိန်းမှ စတင်ပေးကြောင်း သိရသည်။

 

''စားသောက်ကုန်ထုတ်လုပ်ငန်းတွေက နာမည်တစ်ခုတည်းထုတ်တာမဟုတ်တော့ တံဆိပ်တစ်မျိုးစီကိုရောင်းချပေးဖို့ ဝန်ထမ်း တွေလိုလာတယ်။ ပြည်တွင်းမှာ အလုပ်လုပ် ချင်သူတွေများနေတာကြောင့် အဆင်ပြေပါ တယ်။

 

ဈေးကွက်ယှဉ်ပြိုင်မှုအားကောင်းလေ ဝန်ထမ်းလိုအပ်ချက်များလေပါ။ လစာတွေ ကို တိုးမြှင့်ပြီးခေါ်ယူနေတာကြောင့် အလုပ် လျှောက်ထားသူတွေလည်း များလာတယ်။ အခြေခံလစာ နှစ်သိန်းကျော်ကစတော့ နောက်ပိုင်းမှာ အခွင့် အလမ်းတွေ ရှိလာနိုင် တာကြောင့် စိတ်ဝင်စားသူများတယ်'' ဟု ဦးကျော်စိုးထွဋ့်ကပြောသည်။

 

ပြည်တွင်းအလုပ်အကိုင်ရရှိမှုသည် တစ် လလျှင် လူဦးရေနှစ်သောင်းခွဲခန့်ရှိပြီး လက်ရှိတွင် ပွင့်လင်းရာသီ ရောက်ရှိ လာပြီ ဖြစ်၍ လုပ်ငန်းများ အလုပ်အကိုင်တိုးချဲ့မှု လည်း များလာကြောင်း၊ ဈေးကွက်မြှင့်တင် ခြင်း ဆောင်ရွက်ရာတွင် ကွင်းဆင်း၍ လုပ် ဆောင်လိုသဖြင့် အရောင်းဝန်ထမ်း အများအပြား လိုအပ်ချက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(1 Vote)