Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးတန်မွေးမြူရေးစီမံကိန်းအတွက်​ အစုရှယ်ယာများ ဖိတ်ခေါ်ရန်​ စီစဉ်

ငါးတန်မွေးမြူ ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းတည်ထောင်ထားသော Global Earth Public Co.Ltd မှ အစုရှယ်ယာများ ဖိတ်ခေါ်ရန်စီစဉ်​ဆောင်​ရွက်​လျက်​ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

ယင်းစီမံကိန်းအတွက်​ အစုရှယ်ယာများ ဖိတ်ခေါ်ရန် ရှယ်ယာတစ်စုလျှင် အကျိုးအမြတ်နှုန်းထား မည်မျှခွဲပေးနိုင်သည်ကို တွက်ချက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

 

"တကယ်တမ်း ကျွန်မတို့ အစုရှယ်ယာခေါ်လို့ရှိရင် အမြတ်ပေးနိုင်တဲ့ အစုရှယ်ယာပဲဖြစ်ချင်ပါတယ်။ ကိုယ်က အကျိုးအမြတ် ဘယ်လောက်ပေးနိုင်လဲပေါ်မှာ မူတည်ပြီးတော့ တွက်နေတာပေါ့နော်။ ဒါကလည်း စီးပွားရေးပညာရှင်တွ ရှေ့နေတွေနဲ့ လုပ်ရတဲ့ ဟာပေါ့။

 

ကိုယ်က အစုတစ်ခုကို ယူပြီးတော့ အကျိုးအမြတ် မပေးနိုင်ဘူးဆိုရင် ဘယ်သူမှ ထည့်ချင်မှာ မဟုတ်ဘူး။ အဲ့တော့ ကိုယ့်ရဲ့ အတိုင်းအတာတစ်ခုနဲ့ကြမှ တကယ်တမ်း ကိုယ်သေချာပြီ၊ အကျိုးအမြတ်လည်း ပေးနိုင်ပြီလို့ ကိုယ်တွက်တဲ့ အချိန်မှာ အစုရှယ်ယာတွေကို လက်ခံသွားမယ်။ လောလောဆယ်တော့ တွက်နေတုန်းပါ။ ဘဏ် တွေမှာ ရောင်းချသလိုပဲ အစုရှယ်ယာခေါ်ဖို့ အကုန်လုံးနဲ့ ဆွေးနွေးနေပါတယ်"ဟု ၎င်းကပြောသည်​။

 

ယင်းအများပိုင်ကုမ္ပဏီကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ ဦးဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် အစုရှယ်များ ခေါ်ယူရန်အတွက် စီးပွားရေးပညာရှင်များ၊ အတက်ပညာရှင်များ၊ ရှေ့နေများဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ ၂ လ အတွင်း ခေါ်ယူနိုင်​ရန်​ ဆောင်​ရွက်​သွားမည်​ဟုဆိုသည်​။

 

ယင်းကဲ့သို့ အစုရှယ်​ယာများ ခေါ်ယူရာ၌ ကုမ္ပဏီ၏ လုပ်​​ငန်းထဲတွင်​ ရှယ်​ယာတန်​ဖိုး သတ်​မှတ်​ရောင်းချခြင်းဖြင့်​လည်းကောင်း ၊လူကိုယ်​တိုင်​ဝင်​ရောက်​လုပ်​ကိုင်​ရန်​အတွက်​ ရှယ်​ယာများ ဖိတ်​ခေါ်ခြင်းဖြင့်​လည်းကောင်း အပိုင်းနှစ်​ပိုင်းနှင့်​ ဆောင်​ရွက်​သွားမည်​ဖြစ်​သည်​။

 

ငါးတန်မွေးမြူ ရေးစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ပိုင်ဆိုင်သော မြေပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်​။

 

"ဒါကြောင့် ကျွန်မတို့တွေ ဒါတွေလုပ်နေပါတယ်။ ဒါပေမဲ့ ၂၀၁၉ မှာ ပြုပြင်ထိန်းသိမ်းတဲ့ စက်ရုံတွေ စတင်လုပ်ဆောင်မယ်။ ဒီစက်ရုံဆောက်ရင်တောင် နောက်ထပ် ၈ လကြာမယ်လို့ ကျွန်မအနေနဲ့ ထင်ပါတယ်။ ဒါကြောင့် ငါးလုပ်ငန်း ကျွမ်းကျင်တဲ့သူရော မကျွမ်းကျင်တဲ့သူရော ပူးပေါင်းဆောင်ရွက်ကြပါ"ဟု ဒေါက်တာတိုးနန္ဒာတင် ကပြောသည်​။

 

ယင်းစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အများပိုင်ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် တန်ချိန် ၂၀၀ ရှိ အအေးခန်းစက်ရုံကို စတင်အကောင် အထည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်​။

 

နိုင်ငံတကာအဆင့်မီ မွေးမြူကန်စနစ်ဖြင့် မွေးမြူ ရမည်ဖြစ်၍ ငါးမွေးမြူရေးကန် တူးဖော်ရာတွင် သာမန် ငါးမွေးမြူ ရေးကန်များကဲ့သို့ မဟုတ်ဘဲ ငါးကန်ကို မြေအနက်ကြီးတူးဖော်ရခြင်းကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် များပြားသဖြင့် အများပိုင် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်​သည်​ဟုဆိုသည်​။

 

ယင်းမွေးမြူရေးစီမံကိန်းအတွက် လိုအပ်သော ငါးသားပေါက်ရရှိရန်​ သားပေါက်စခန်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းသိရသည်​။

 

Global Earth Public Co.Ltd သည် ငါးတန်မွေးမြူ ရေးစီမံကိန်းကို ကန်ကြပ်စနစ်ဖြင့် မွေးမြူ ၍ ပြည်ပနိုင်ငံများသို့ export ပြုလုပ်သွားမည့်အပြင် အအေးခန်းလုပ်ငန်း၊ အစာစက်ရုံလုပ်ငန်းကိုလည်း တွဲဖက်လုပ်ဆောင်သွားမည်ဖြစ်သည်။


Source: The Fifth Wave News

Read times
Rate this item
(1 Vote)