Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌လိုအပ်ချက်ရှိ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုရပ်ဆိုင်းမည်မဟုတ်

အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီမှာ ပြည်တွင်း၌ လိုအပ်ချက်ရှိနေသောကြောင့် ပြည်ပမှတင်သွင်းမှုကို ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း စီးပွားရေးနှင့်

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ပြောဆိုသည်။

 

စားသုံးဆီအပါအဝင် ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည်တို့မှာ ပြည်တွင်း၌ ဈေးနှုန်းအရသာမက ဖူလုံမှုအရပါ အထိခိုက်မခံနိုင်သည့် အခြေခံစားသောက်ကုန်များဖြစ်သည့် အတွက် လိုအပ်ပါက ပြည်ပမှ တင်သွင်းမှာဖြစ်ပါတယ်။

 

Read More >>>>>   ဒန့်သလွန်နှင့်ရဲယိုတို့ကို ပြည်ပနိုင်ငံများက ဝယ်ယူရန်ကမ်းလှမ်းထား

 

ထို့ပြင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းဖြန့်ဖြူးသည့်အပိုင်း၌လည်း စားအုန်းဆီများအပေါ် ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

 

စားအုန်းဆီကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး အခြားနေကြာဆီကိုလည်း ပြည်ပမှ တင်သွင်းသုံးစွဲလျက် ရှိကာ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းစသည်တို့ကို ပြည်ပသို့ တင်ပို့လျက်ရှိသောကြောင့် ပြည်တွင်း၌ စားသုံးဆီလိုအပ်ချက် ပိုမိုများ ပြားလာ၍ ပြည်ပမှ မဖြစ်မနေ တင်သွင်းနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စားအုန်းဆီလိုအပ်ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ဆီတန်ချိန်တစ်သန်းခန့် လိုအပ်လျက်ရှိနေကြောင်း သိရသည်။

 

Source: MM Time

Read times Last modified on Tuesday, 12 March 2019 16:07
Rate this item
(1 Vote)