Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရည်အသွေးပိုင်းဆိုင်ရာ ကွာဟမှု ရှိနေသောကြောင့် ပြည်တွင်းစပျစ် ဈေးနှုန်းရရှိမှုနည်းပါး

Unicode


အရည်အသွေးပိုင်းဆိုင်ရာ ကွာဟမှု ရှိနေသောကြောင့် ပြည်တွင်းစပျစ် ဈေးနှုန်းရရှိမှုနည်းပါး


လတ်တလောတွင် စပျစ်စိုက်ပျိုးချိန် ကြားကာလဖြစ်၍ စပျစ်အထွက်နည်းကာ ဈေးနှုန်း မြင့်တက်လာသော်လည်း ပြည်ပမှ ဝင်ရောက်လာသည့် စပျစ်သီးများနှင့် အရည် အသွေးပိုင်းဆိုင်ရာ ကွာဟမှုများရှိနေသောကြောင့် ဈေးနှုန်းရရှိမှု နည်းပါးနေကြောင်း ရမည်းသင်းမြို့နယ်မှ ပုလဲစပျစ် စိုက်ပျိုးရေး ခြံပိုင်ရှင် ဦးလှိုင်ထွန်း၏ ပြောပြချက်အရ သိရသည်။

 

လက်ရှိတွင် စပျစ်ပင်ကိုင်းဖြတ် ပြင်ဆင်နေချိန်ဖြစ်သောကြောင့် အထွက်နည်းနေခြင်း ဖြစ်ပြီး တောင်ကိုရီးယား၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသည့်   စပျစ်များမှာ လည်း ဈေးနှုန်းမြင့်မားသော်လည်း ဈေးကွက်အတွင်း နေရာယူထားကြောင်း သိရ သည်။

 

ပြည်တွင်းမှထွက်ရှိသည့် No.3 အမျိုး အစားစပျစ်တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ မှ ၂ဝဝဝ၊ BQ အမျိုးအစား တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝ ဝန်းကျင်အထိ ဈေးနှုန်း ရရှိကာ တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာသော် လည်း ပြည်ပမှ ဝင်ရောက်သည့် စပျစ်များ မှာ တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်း မှ နှစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းရရှိကြောင်း သိရသည်။

 

''အခုက နောက်ထပ်စိုက်ပျိုးမယ့် စပျစ်ရာသီအတွက် ပြင်ဆင်နေတဲ့ကာလပါ။ အကူး အပြောင်းကာလ ဖြစ်တဲ့အတွက် အသီးအထွက်နှုန်းနည်းတယ်။ အထွက် နည်းတော့    ဈေးက အတက်ဘက်ကို ရောက်လာတယ်'' ဟု  ဦးလှိုင်ထွန်းက ပြောသည်။

 

Read More >>>>>   တ႐ုတ္ေရႊသခြားေမႊးမ်ဳိးေစ့ကို လိုသေလာက္ဝယ္ယူမရ၍ ေတာင္သူမ်ားအခက္ႀကံဳ

 

စပျစ်ကိုင်းပြင် ရာသီချိန်မှာ အောက်တိုဘာလမှ ဒီဇင်ဘာလဆန်းပိုင်း အထိဖြစ်ပြီး မတ်လအတွင်း စပျစ်ထွက်ရှိမည်ဖြစ်သည်။ ထို့ပြင်  မေလအတွင်း  ကိုင်းပြင်ထားသည့် အပင်များသည်  သြဂုတ်လမှ အောက်တိုဘာလအထိ အသီးထွက်ရှိမည် ဖြစ်ပြီး  လတ် တလောတွင် အထွက်နည်းနေကြောင်း သိရသည်။

 

ရမည်းသင်းမြို့နယ်မှ စပျစ်ပေါများစွာ ထွက်ရှိချိန်တွင် တစ်ရက်လျှင် ပိဿာချိန် နှစ်သောင်းဝန်းကျင် ရရှိသော်လည်း လတ်တလောတွင် တစ်ရက်လျှင် ပိဿာချိန် နှစ်ထောင်ဝန်းကျင်သာ ထွက်ရှိကြောင်း သိရသည်။

 

ရမည်းသင်းမြို့နယ်မှ ထွက်ရှိသည့် စပျစ်ကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပခုက္ကူ၊  မြင်းခြံ၊  မကွေးနှင့် တောင်ကြီး စသည့်မြို့တို့သို့  တင်ပို့လျက်ရှိကြောင်း သိရသည်။

 


Source: Myawady

 

 

 

အရည္အေသြးပိုင္းဆုိင္ရာ ကြာဟမႈ ရွိေနေသာေၾကာင့္ ျပည္တြင္းစပ်စ္ ေစ်းႏႈန္းရရွိမႈနည္းပါး

 

လတ္တေလာတြင္ စပ်စ္စိုက္ပ်ဳိးခ်ိန္ ၾကားကာလျဖစ္၍ စပ်စ္အထြက္နည္းကာ ေစ်းႏႈန္း ျမင့္တက္လာေသာ္လည္း ျပည္ပမွ ဝင္ေရာက္လာသည့္ စပ်စ္သီးမ်ားႏွင့္ အရည္ အေသြးပိုင္းဆုိင္ရာ ကြာဟမႈမ်ားရွိေနေသာေၾကာင့္ ေစ်းႏႈန္းရရွိမႈ နည္းပါးေနေၾကာင္း ရမည္းသင္းၿမိဳ႕နယ္မွ ပုလဲစပ်စ္ စိုက္ပ်ဳိးေရး ၿခံပိုင္ရွင္ ဦးလိႈင္ထြန္း၏ ေျပာျပခ်က္အရ သိရသည္။

 

လက္ရွိတြင္ စပ်စ္ပင္ကိုင္းျဖတ္ ျပင္ဆင္ေနခ်ိန္ျဖစ္ေသာေၾကာင့္ အထြက္နည္းေနျခင္း ျဖစ္ၿပီး ေတာင္ကိုရီးယား၊ တ႐ုတ္ႏွင့္ထိုင္းႏုိင္ငံတို႔မွ ဝင္ေရာက္လာသည့္   စပ်စ္မ်ားမွာ လည္း ေစ်းႏႈန္းျမင့္မားေသာ္လည္း ေစ်းကြက္အတြင္း ေနရာယူထားေၾကာင္း သိရ သည္။

 

ျပည္တြင္းမွထြက္ရွိသည့္ No.3 အမ်ဳိး အစားစပ်စ္တစ္ပိႆာလွ်င္ ေငြက်ပ္ ၁၅ဝဝ မွ ၂ဝဝဝ၊ BQ အမ်ဳိးအစား တစ္ပိႆာလွ်င္ ေငြက်ပ္ ၂ဝဝဝ ဝန္းက်င္အထိ ေစ်းႏႈန္း ရရွိကာ တစ္ပိႆာလွ်င္ ေငြက်ပ္ ၅ဝဝ ဝန္းက်င္အထိ ေစ်းႏႈန္းျမင့္တက္လာေသာ္ လည္း ျပည္ပမွ ဝင္ေရာက္သည့္ စပ်စ္မ်ား မွာ တစ္ပိႆာလွ်င္ ေငြက်ပ္ တစ္ေသာင္း မွ ႏွစ္ေသာင္းဝန္းက်င္အထိ ေစ်းႏႈန္းရရွိေၾကာင္း သိရသည္။

 

''အခုက ေနာက္ထပ္စိုက္ပ်ဳိးမယ့္ စပ်စ္ရာသီအတြက္ ျပင္ဆင္ေနတဲ့ကာလပါ။ အကူး အေျပာင္းကာလ ျဖစ္တဲ့အတြက္ အသီးအထြက္ႏႈန္းနည္းတယ္။ အထြက္ နည္းေတာ့    ေစ်းက အတက္ဘက္ကို ေရာက္လာတယ္'' ဟု  ဦးလိႈင္ထြန္းက ေျပာသည္။

 

Read More >>>>>   တ႐ုတ္ေရႊသခြားေမႊးမ်ဳိးေစ့ကို လိုသေလာက္ဝယ္ယူမရ၍ ေတာင္သူမ်ားအခက္ႀကံဳ

 

စပ်စ္ကိုင္းျပင္ ရာသီခ်ိန္မွာ ေအာက္တုိဘာလမွ ဒီဇင္ဘာလဆန္းပိုင္း အထိျဖစ္ၿပီး မတ္လအတြင္း စပ်စ္ထြက္ရွိမည္ျဖစ္သည္။ ထို႔ျပင္  ေမလအတြင္း  ကိုင္းျပင္ထားသည့္ အပင္မ်ားသည္  ၾသဂုတ္လမွ ေအာက္တုိဘာလအထိ အသီးထြက္ရွိမည္ ျဖစ္ၿပီး  လတ္ တေလာတြင္ အထြက္နည္းေနေၾကာင္း သိရသည္။

 

ရမည္းသင္းၿမိဳ႕နယ္မွ စပ်စ္ေပါမ်ားစြာ ထြက္ရွိခ်ိန္တြင္ တစ္ရက္လွ်င္ ပိႆာခ်ိန္ ႏွစ္ေသာင္းဝန္းက်င္ ရရွိေသာ္လည္း လတ္တေလာတြင္ တစ္ရက္လွ်င္ ပိႆာခ်ိန္ ႏွစ္ေထာင္ဝန္းက်င္သာ ထြက္ရွိေၾကာင္း သိရသည္။

 

ရမည္းသင္းၿမိဳ႕နယ္မွ ထြက္ရွိသည့္ စပ်စ္ကို ရန္ကုန္၊ မႏၲေလး၊ မိတီၴလာ၊ ပခုကၠဴ၊  ျမင္းၿခံ၊  မေကြးႏွင့္ ေတာင္ႀကီး စသည့္ၿမိဳ႕တို႔သို႔  တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

 


Source: Myawady

Read times Last modified on Thursday, 06 February 2020 15:12
Rate this item
(0 votes)