Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း ရောင်းချရေး နှစ်နိုင်ငံကုမ္ပဏီများ စာချုပ်ချုပ်ဆိုမည်

တရုတ်နိုင်ငံကို တရားဝင် ဆန်တန်ချိန်တစ်သိန်း ရောင်းချဖို့ အခုလ တတိယပတ်မှာ နှစ်နိုင်ငံကုမ္ပဏီများ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

 

ဘေဂျင်းမြို့မှာ ဆန်တန်ချိန်တစ်သိန်း ရောင်းချရေး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ပြီး ဆန်ရောင်းချမယ့် ကုမ္ပဏီများနဲ့ တရုတ်နိုင်ငံမှ COSCO ကုမ္ပဏီတို့ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလက ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ခဲ့တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံခရီးစဉ်မှာ မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်း တရားဝင်ဝယ်ယူရေး သဘောတူညီမှုကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သိန်း ရောင်းချရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီနေ့ပြုလုပ်နေတာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သိန်း တရားဝင် ရောင်းချရေးက အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဆန်တန်ချိန်တစ်သိန်းကို ပင်လယ်ရေကြောင်းမှ တရားဝင် ရောင်းချနိုင်ခဲ့ပါတယ်။

 

အခုဘဏ္ဍာနှစ် ရှစ်လအတွင်း တရုတ်နိုင်ငံကို ဆန်တန်ချိန် ငါးသိန်းကျော်သာ တင်ပို့နိုင်ပါတယ်။ အရင်နှစ်နဲ့ ယှဉ်ပါက ထက်ဝက်ခန့် လျော့နည်းနေချိန်မှာ အခုလိုတရားဝင် ဆန်ရောင်းချမယ့် အစီအစဉ်က မြန်မာ့လယ်ယာကဏ္ဍအတွက် သတင်းကောင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့က ပြောပါတယ်။

 
Read More >>>>> မြန်မာနိုင်ငံ၏ ပထမဆုံး wifi နဲ့ အသုံးပြုနိုင်တဲ့ App ထိန်းချုပ်မှုများနှင့် "Smart Water Heater- The Andris2 Range"

 

၂၀၁၈ နှစ်ကုန်က စတင်ပြီး ယူနန်အစိုးရက တရားမဝင် ကုန်သွယ်ရေးတားဆီးမှုကြောင့် မြန်မာနိုင်ငံမှ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိခဲ့ပေ။

 

၎င်းအခြေအနေကို ဖြေရှင်းဖို့ နှစ်နိုင်ငံ ကုန်စည်ဖလှယ်တဲ့စနစ် အကောင်အထည်ဖော်ရန် ယူနန်အစိုးရ တာဝန်ရှိသူများနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ဒါ့ပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကူမင်းမြို့မှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ညှိနှိုင်းပြီး မူဆယ်နယ်စပ်မှ ဆန်တန်ချိန်တစ်သောင်းကို တရားဝင်ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ မြန်မာ၊ တရုတ် နယ်စပ်ကုန်သွယ်ရေး စတင်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ပထမအကြိမ် တရားဝင်ကုန်သွယ်ရေးကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။

 

ဆန်တစ်အိတ်ကို ( ၁၀၁ ) ယွမ် ( ၂၂,၃၂၁ ကျပ် ) နဲ့ ဆန်တန်ချိန် တစ်သောင်း (အိတ်ရေ နှစ်သိန်း) ရောင်းချမှာဖြစ်ပါတယ်။ ဒါ့အပြင် ယူနန်အစိုးရက တရုတ်ကုန်သည်များကို ချပေးတဲ့ ပါမစ်များဖြင့် တစ်ပတ်ကို ဆန်တန်ချိန် တစ်ထောင်ခန့် တင်ပို့ရောင်းချနေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ အသင်းဝင် ဦးမင်းသိန်းက ပြောပါတယ်။

 

Source: 7Day Daily

Read times
Rate this item
(1 Vote)