Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့နိုင်ရေး စာချုပ်ချုပ်ဆိုမည်

Unicode

တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့နိုင်ရေး စာချုပ်ချုပ်ဆိုမည်

တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့ခွင့် သဘောတူစာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

Beans & Pulse Warehouses ပဲႏွင့္ပဲဆံအမ်ိဳးမ်ိဳး သိုေလွာင္ရံုေပါင္း ၄၇၂ ခုကိုရွာရန္ႏွိပ္ပါ။

 

“ဆန်ကွဲကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကနေ တရားဝင်ပို့နိုင်ဖို့ တောင်းဆိုထားတာရှိတယ်။ အရင်က ပင်လယ်ရေကြောင်းကနေ ကိုတာနဲ့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ခွင့်ထဲမှာ ဆန်ကွဲမပါဝင်လို့ အခု ကျွန်တော်တို့ဘက်က ထပ်မံတောင်းဆိုခဲ့လို့ ဖြစ်တယ်။ တရုတ်ရဲ့ မူဝါဒအရ ဆန်ကွဲကို ကိုတာစနစ်မထားပဲ လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပေးထားတာ ဖြစ်တယ်” လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

 

တရုတ်နိုင်ငံသို့ ဆန်ကွဲ တင်ပို့နိုင်ပါက တရုတ်အစိုးရက သတ်မှတ်ထားတဲ့ အခွန် (၁၅) ရာခိုင်နှုန်းကို ပေးဆောင်ကာ တင်ပို့ရမှာဖြစ်ကြောင်း သိရပါတယ်။

 

“ဆန်ကွဲကို တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၅) နိုင်ငံခန့်ကို အများဆုံး တင်ပို့နေတာဖြစ်တယ်။ ဆန်ကွဲက ဈေးကွက် ရှိပြီးသားဖြစ်တယ် “ လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှ ဆန်ကွဲကို နိုင်ငံပေါင်း (၄၁) နိုင်ငံသို့ တင်ပို့နေပြီး၊ ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်၊ နယ်သာလန်နဲ့ ယူကေနိုင်ငံများသို့ တန်ချိန် ငါးသိန်းခန့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော် ရရှိထားကြောင်း သိရပါတယ်။ ဒါ့ပြင် ဆန်ကွဲကို အီးယူနဲ့ အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရပါတယ်။

 

Read More >>>>>  တ႐ုတ္သၾကား ေမွာင္ခုိႏွိပ္ကြပ္မႈေၾကာင့္ အာရွသၾကား ပုိလွ်ံေနမည္

 

လက်ရှိ ဈေးကွက်အတွင်း ဆန်ကွဲအမျိုးအစားများဖြစ်တဲ့ ဘီ ၂၊ ၃ နဲ့ ၄ (၁၀၈) ပေါင်ရှိ တစ်အိတ်လျှင် ကျပ် (၁၄,၅၀၀) ကျပ်မှ (၁၄,၆၀၀) ကျပ်၊ ဘီ ၁၊ ၂ တစ်အိတ်လျှင် (၁၅,၂၀၀) ကျပ်မှ (၁၅,၇၀၀) ကျပ်ကြား၊ ဘီ ၁ (အသန့်) တစ်အိတ်လျှင် (၁၇,၀၀၀) ကျပ်အထိ ရှိနေကြောင်း သိရပါတယ်။

 

Credit: AMIA

 

 

တရုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔ႏိုင္ေရး စာခ်ဳပ္ခ်ဳပ္ဆိုမည္

 

တရုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔ခြင့္ သေဘာတူစာခ်ဳပ္ကို အျမန္ဆံုးခ်ဳပ္ဆိုႏိုင္ရန္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

 

“ဆန္ကြဲကို ပင္လယ္ေရေၾကာင္းနဲ႔ နယ္စပ္ကေန တရားဝင္ပို႔ႏိုင္ဖို႔ ေတာင္းဆိုထားတာရွိတယ္။ အရင္က ပင္လယ္ေရေၾကာင္းကေန ကိုတာနဲ႔ ဆန္တန္ခ်ိန္ တစ္သိန္း တင္ပို႔ခြင့္ထဲမွာ ဆန္ကြဲမပါဝင္လို႔ အခု ကၽြန္ေတာ္တို႔ဘက္က ထပ္မံေတာင္းဆိုခဲ့လို႔ ျဖစ္တယ္။ တရုတ္ရဲ႕ မူဝါဒအရ ဆန္ကြဲကို ကိုတာစနစ္မထားပဲ လြတ္လြတ္လပ္လပ္ တင္ပို႔ခြင့္ေပးထားတာ ျဖစ္တယ္” လို႔ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

 

Beans & Pulse Warehouses ပဲႏွင့္ပဲဆံအမ်ိဳးမ်ိဳး သိုေလွာင္ရံုေပါင္း ၄၇၂ ခုကိုရွာရန္ႏွိပ္ပါ။

 

တရုတ္ႏိုင္ငံသို႔ ဆန္ကြဲ တင္ပို႔ႏိုင္ပါက တရုတ္အစိုးရက သတ္မွတ္ထားတဲ့ အခြန္ (၁၅) ရာခိုင္ႏႈန္းကို ေပးေဆာင္ကာ တင္ပို႔ရမွာျဖစ္ေၾကာင္း သိရပါတယ္။

 

“ဆန္ကြဲကို တရုတ္ႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း (၅) ႏုိင္ငံခန္႔ကို အမ်ားဆံုး တင္ပို႔ေနတာျဖစ္တယ္။ ဆန္ကြဲက ေစ်းကြက္ ရွိၿပီးသားျဖစ္တယ္ “ လို႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

 

လက္ရွိတြင္ ျမန္မာႏုိင္ငံမွ ဆန္ကြဲကို ႏိုင္ငံေပါင္း (၄၁) ႏိုင္ငံသို႔ တင္ပို႔ေနၿပီး၊ ဘယ္လ္ဂ်ီယံ၊ အင္ဒိုနီးရွား၊ တရုတ္၊ နယ္သာလန္နဲ႔ ယူေကႏိုင္ငံမ်ားသို႔ တန္ခ်ိန္ ငါးသိန္းခန္႔ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္း (၁၀၀) ေက်ာ္ ရရွိထားေၾကာင္း သိရပါတယ္။ ဒါ႔ျပင္ ဆန္ကြဲကို အီးယူနဲ႔ အာဖရိကႏိုင္ငံမ်ားသို႔လည္း တင္ပို႔ေနေၾကာင္း သိရပါတယ္။

 

Read More >>>>>    တ႐ုတ္သၾကား ေမွာင္ခုိႏွိပ္ကြပ္မႈေၾကာင့္ အာရွသၾကား ပုိလွ်ံေနမည္

 

လက္ရွိ ေဈးကြက္အတြင္း ဆန္ကြဲအမ်ိဳးအစားမ်ားျဖစ္တဲ့ ဘီ ၂၊ ၃ နဲ႔ ၄ (၁၀၈) ေပါင္ရိွ တစ္အိတ္လွ်င္ က်ပ္ (၁၄,၅၀၀) က်ပ္မွ (၁၄,၆၀၀) က်ပ္၊ ဘီ ၁၊ ၂ တစ္အိတ္လွ်င္ (၁၅,၂၀၀) က်ပ္မွ (၁၅,၇၀၀) က်ပ္ၾကား၊ ဘီ ၁ (အသန္႔) တစ္အိတ္လွ်င္ (၁၇,၀၀၀) က်ပ္အထိ ရွိေနေၾကာင္း သိရပါတယ္။

 

Credit: AMIA

 

 

Read times Last modified on Friday, 14 February 2020 16:10
Rate this item
(0 votes)