Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်စပါး စံချိန်စံညွှန်းအတည်ပြုရန် နိုင်ငံတကာဆန်ဝယ်သူများထံ အကြံပြုချက်တောင်းခံထား

မြန်မာ့ဆန်စပါး စံချိန်စံညွှန်းကို နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ရေးဆွဲပြီး ဖြစ်တာကြောင့် အကြံပြုချက်များတောင်းခံရန် နိုင်ငံတကာဆန်ဝယ်ယူသူများထံ ပေးပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

 

ဆန်စပါး အရည်အသွေးနဲ့ စံချိန်စံညွှန်းများကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ကမ္ဘာ့ဘဏ်အစုအဖွဲ့ဖြစ်တဲ့ (International Finance Corporation -IFC) တို့ ပူးပေါင်းပြီး စတင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဆန်နဲ့ စပါးကို နှစ်ခုပိုင်းဆွဲတဲ့အခါမှာ မြန်မာဆန်စံချိန်စံညွှန်းက ကနဦးပြီးစီးသွားခြင်းဖြစ်ပါတယ်။

 

နိုင်ငံတကာဆန်ဝယ်ယူသူများထံမှ အကြံပြုချက်များ ပြန်လည်ရရှိပါက စံချိန်စံညွှန်း သတ်မှတ်ပေးမယ့် လယ်ယာထွက်ကုန်များ စိစစ်ရေးကော်မတီမှတဆင့် နောက်ဆုံးအဆင့်အနေနဲ့ အတည်ပြုနိုင်ရန် အမျိုးသားစံချိန်စံညွှန်းကောင်စီထံ ထပ်မံတင်ပြမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရပါတယ်။

 

မြန်မာ့ဆန်စံချိန်စံညွှန်းများ အတည်ပြုပြီးပါက လက်တွေ့ကျင့်သုံးနိုင်ဖို့အတွက် အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဩဂုတ်လကုန်မှာ မြန်မာ့ဆန်စံချိန်စံညွှန်းကို အပြီးသတ် အတည်ပြုနိုင်မှာဖြစ်ကြောင်း အသင်းချုပ်ထံမှ သိရပါတယ်။

 

Read More >>>>>  ပြည်ပမှ တရားမဝင်တင်သွင်းမှုများကြောင့် ပြည်တွင်းသကြားဈေးနှုန်း ကျဆင်း

 

မြန်မာ့ဆန်စံချိန်စံညွှန်းထဲမှာ ဆန်အဆင့်အတန်းခွဲခြားတဲ့အခါ အသုံးပြုတဲ့အသုံးအနှုန်းများ၊ မြန်မာ့ဆန်အဆင့်အတန်းများနဲ့ ပုံစံများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ကြိတ်ခွဲခြင်းအတိုင်းအတာ၊ မြန်မာ့ဆန်ကွဲရဲ့ အဆင့်အုပ်စုများ ခွဲခြားခြင်းစနစ်၊ ကျန်းမာသန့်ရှင်းမှု ထုပ်ပိုးခြင်း၊ အမှတ်တံဆိပ်ကပ်ခြင်းနဲ့ ဆန်အဆင့်အတန်း သတ်မှတ်ခြင်း စတာတွေကို အခန်းခွဲများနဲ့ ရှင်းလင်းဖွင့်ဆိုထားခြင်းဖြစ်ပါတယ်။

 

Source: The Voice

Read times Last modified on Friday, 09 August 2019 14:38
Rate this item
(1 Vote)