Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ တရားမဝင်တင်သွင်းမှုများကြောင့် ပြည်တွင်းသကြားဈေးနှုန်း ကျဆင်း

ပြည်ပမှ တရားမဝင်သကြားတင်သွင်းမှု များပြားနေတဲ့အပြင် တရုတ်နိုင်ငံမှလည်း သကြားဝယ်ယူမှုကို ရပ်ဆိုင်းထားတဲ့အတွက် ပြည်တွင်းမှာ သကြားဈေးနှုန်းများ အရင်နှစ်တွေကထက် ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။

 

ပြည်တွင်းစားသောက်ကုန်နဲ့ ဖျော်ရည်လုပ်ငန်းများရဲ့ လိုအပ်ချက်အရ ပြည်ပမှ လုပ်ငန်းသုံးသကြားများကို တင်သွင်းခွင့်ပြုခဲ့ရာ သကြားတင်သွင်းမှု တရားဝင်စာရင်းများထက် (၅) ဆခန့် ပြည်တွင်းသို့ တင်သွင်းထားကြောင်း သိရပါတယ်။

 

''တရားဝင်လုပ်ငန်းကိုမှီပြီး တရားမဝင် တင်သွင်းမှုတွေကြောင့် ပြည်တွင်းမှာ သကြားတွေက ပုံနေပြီး ဈေးနှုန်းကလည်း ကျဆင်းလာတာပါ။ ဒါ့အပြင် တရုတ်နိုင်ငံက သကြားဝယ်ယူမှုကို ရပ်တန့်ထားတဲ့အတွက် ပြည်တွင်းမှာ သကြားတွေ ပိတ်မိနေပါတယ်'' လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက ပြောကြားခဲ့ပါတယ်။

 

တရားဝင်လမ်းကြောင်းကတဆင့် ပြည်တွင်းကို သကြားတန်ချိန် (၃) သောင်းခန့်သာ တင်သွင်းထားပေမယ့်လည်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာတဲ့ သကြားများမှာ တန်ချိန် တစ်သိန်းခြောက်သောင်းကျော်အထိရှိကြောင်း မှန်းထားပါတယ်။

 


Read More >>>>> ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ

 


''ပြည်ပက သကြားတင်သွင်းတာကို ထိန်းချုပ်နိုင်ရင် ဈေးကွက်ကို အထိုက်အလျောက် ထိန်းချုပ်နိုင်မယ်။ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ သကြားဈေးကွက်က ကောင်းလာမှာမဟုတ်ဘူး။ အစိုးရအနေနဲ့ ဥပဒေ တစ်ရပ်ချမှတ်ဖို့လိုပါတယ်'' လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးစိုးလင်းက ပြောပါတယ်။

 

Source: Myanmar Business Today

Read times Last modified on Thursday, 08 August 2019 11:37
Rate this item
(1 Vote)