Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယကုန်သည်များ ဈေးကစားခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံ ၁၀ ရာခိုင်နှုန်းခန့်ကျဆင်း

အိန္ဒိယအစိုးရ၏ သွင်းကုန်မူဝါဒပေါ် မူတည်၍ ကုန်သည် များ၏ ဈေးကစားမှုကြောင့် နှစ် ပတ်အတွင်း ပြည်တွင်းဈေးကွက် ၌ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။

 

အိန္ဒိယနိုင်ငံက ဈေးထိန်းပြီး အ၀ယ်လျှော့ချိန်တွင် ပြည်တွင်း ရောင်းလိုအားများနေသဖြင့် ဈေးကျဆင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။ ဇူလိုင်အတွင်း အိန္ဒိယကုန်သည်များက မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ် လာ ၅၅၀ ခန့်ဖြင့် ဈေးရခဲ့သော် လည်း သြဂုတ် ၁၀ ရက်၌ တစ်တန်လျှင် ဒေါ်လာ ၄၉၀ ထိ ကျဆင်းခြင်းဖြစ်သည်။ ထို့အတူ ပဲစင်းငုံဈေးသည် တစ်တန်လျှင် ဒေါ်လာ ၆၈၀ မှ ၆၂၀ သို့ ကျဆင်းနေသည်။ဆောင်းရာသီ သီးနှံအဖြစ် ဧရာဝတီတိုင်း လယ်မြေအများစု၊ ပဲခူးတိုင်းဒေသအချို့တွင် စိုက်ပျိုးသည့် မတ်ပဲနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးသည့် ပဲစင်းငုံတို့၏ အဓိကဈေး ကွက်သည် အိန္ဒိယနိုင်ငံဖြစ်နေ သည်။

 

ထိုကြောင့် အိန္ဒိယကုန်သည် များက ၀ယ်ယူမှုနှင့် ဈေးနှုန်းကို အပြောင်းအလဲ ပြုလုပ်လေ့ရှိပြီး အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲရှိလျှင် မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ပိုမို လှုပ်ခတ်လေ့ရှိကြောင်း ပဲ၊ နှမ်းကုန်သည်အသင်းတာဝန်ရှိသူက ပြောသည်။

 

‘‘အခုအခြေအနေက မြန်မာနိုင်ငံက ရောင်းလိုသူက များနေတယ်’’ ဟု ဦးမင်းကိုဦးက ပြောသည်။ ရာသီဥတုကြောင့် မတ်ပဲနှင့် ပဲစင်းငုံလိုအပ်ချက် အိန္ဒိယတွင် ရှိသော်လည်း သွင်းကုန်မူဝါဒ ကို ထိန်းချုပ်ပြီး လိုသလိုအပြောင်း အလဲပြုလုပ်ခြင်းကြောင့် အနာ ဂတ်ဈေးကွက်အခြေအနေကို မြန်မာဘက်က ခန့်မှန်းရန်ခက် နေကြောင်း ၎င်းကဆိုသည်။

 

Read More >>>>>  စပျစ်သီး၏ အကျိုးကျေးဇူးများ

 

လက်ရှိတွင် အိန္ဒိယအစိုးရ က မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲ စင်းငုံတန်ချိန်လေးသိန်းတင်သွင်းခွင့်ပြုထား ပြီး ကုမ္ပဏီတစ်ထောင် ကျော်သို့ သွင်းကုန်လိုင်စင်များ ချပေးထားသည်။ သို့သော် ကုမ္ပဏီတစ်ခုလျှင် မတ်ပဲနှင့် ပဲစင်းငုံနှစ်ခုပေါင်း တန်ချိန် ၃၀၀ ခန့်သာ တင်သွင်းခွင့်ရရှိထားခြင်းကြောင့် အိန္ဒိယကုမ္ပဏီများက အ၀ယ်ကို ထိန်းသဖြင့် မြန်မာပြည်တွင်းဈေးလည်းကျဆင်းလာခြင်း ဖြစ်သည်။ ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ် ရှစ်သိန်းခြောက် သောင်းမှ ခုနစ်သိန်းခုနစ်သောင်း၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၁၀ သိန်းခန့်မှ ကိုးသိန်းနှစ်သောင်းသို့ကျဆင်းနေခြင်းဖြစ်သည်။

 

အိန္ဒိယအစိုးရက ပဲတင်သွင်း ခွင့်မူဝါဒကို ပါးနပ်စွာ ကိုင်တွယ် ကစားနေခြင်းကြောင့် ပြည်တွင်းပဲကုန်သည်များ အခက်အခဲတွေ့ရသည်ဟု တောင်တွင်းကြီးမြို့ နယ်မှ ကုန်သည် ဦးပြူးက ပြော သည်။

 

Source: 7 day news

Read times Last modified on Tuesday, 13 August 2019 15:51
Rate this item
(1 Vote)