Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်သီးအစိမ်းကို အမှည့်ခံတင်ပို့နိုင်ရန် ကွင်းဆင်း ဆောင်ရွက်နေ

Unicode


ငရုတ်သီးအစိမ်းကို အမှည့်ခံတင်ပို့နိုင်ရန် ကွင်းဆင်း ဆောင်ရွက်နေ


ပြည်ပသို့ ငရုတ်သီး အစိမ်းများကို အမှည့်ခံ တင်ပို့နိုင်ရန်   စိုက်ပျိုးရာနေရာများသို့ အရောက်သွား၍ ကွင်းဆင်းဆောင်ရွက်နေကြောင်း  ငရုတ်သီး ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်၏ ပြောကြားချက်အရ သိရပါတယ်။

 

ငရုတ်သီးအစိမ်းအဓိကစိုက်ပျိုးသည့် နယ်မြေစိုက်ခင်းများသို့ ကွင်းဆင်း၍ စိုက်ပျိုး တောင်သူများနှင့်  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရာ လက်ရှိတွင် နေပြည်တော်နှင့် ရမည်းသင်းမြို့နယ် တို့ရှိ ငရုတ်သီး အစိမ်းစိုက် တောင်သူများက ဆွေးနွေးချက်များကို လက်ခံကြကြောင်း သိရပါတယ်။

 

''ငရုတ်သီးအစိမ်းကို အမှည့်ခံပြီး တင်ပို့နိုင်ဖို့ အမှည့်ထားတဲ့ နည်းပညာကို တောင်သူ တွေသိအောင်    ကွင်းဆင်းဆွေးနွေးပြီး   နားလည်လာအောင် အသေးစိတ် ရှင်းလင်း ပြောပြပေးပါတယ်'' ဟု ဒေါ်ဥမ္မာကျော်က ပြောကြားခဲ့ပါတယ်။

 

နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ပြည်၊ အုတ်ဖို  စသည့်ဒေသတို့၌ ငရုတ်သီး အစိမ်းကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး  ပြည်တွင်းမှထွက်ရှိသည့်  ငရုတ်သီးအနီများကို  ပြည်ပနိုင်ငံတို့က ဝယ်ယူလေ့ရှိကာ  ဈေးကွက်ဝင် သီးနှံဖြစ်လာကြောင်း သိရပါတယ်။

 

Boiler & Steam System (1)ေရေႏြးအိုးႏွင့္ ေရေႏြးေငြ႕စနစ္ဆိုင္ရာလုပ္ငန္း (၁) ခုကိုရွာရန္ႏွိပ္ပါ။

 

မြန်မာ့ငရုတ်သီးကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့သို့  တင်ပို့လေ့ရှိကာ နောက်ပိုင်းတွင် ယင်းနိုင်ငံများသည် ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်ဖြင့် စိုက်ပျိုးထားသော ငရုတ်သီးများကိုသာ လက်ခံတော့မည်ဖြစ်ကြောင်း သိရပါတယ်။

 

Bottle Caps/Seals (7)ပုလင္းႏွင့္ဘူးအဖံုးရရွိႏုိင္သည့္ဆိုင္မ်ား (၇) ခုကိုရွာရန္ႏွိပ္ပါ။

 

ပြည်တွင်း၌  ငရုတ်ကို   ဧရာဝတီတိုင်း ဒေသကြီး အပါအဝင် ကျောက်ဆည်၊  မြစ်သား၊   ဟန်မြင့်မိုရ်   စသည့်ဒေသတို့၌  စိုက်ပျိုးလေ့ရှိကာ    ကုန်းမြင့်ဒေသတို့၌  သြဂုတ်လအတွင်း  စတင်စိုက်ပျိုးပြီး  မြေနိမ့်ဒေသများတွင်    စက်တင်ဘာလ အတွင်း   စိုက်ပျိုးလေ့ရှိကြောင်း   သိရပါတယ်။

 

Read More >>>>>  ကောက်ပဲသီးနှံဈေးနှုန်းများ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ရောက်ရှိပါက နိုင်ငံတော်မှ ဝယ်ယူသွားမည်

 

Source: Myawady

 

 

 

င႐ုတ္သီးအစိမ္းကို အမွည့္ခံတင္ပို႕နိုင္ရန္ ကြင္းဆင္း ေဆာင္ရြက္ေန

 

ျပည္ပသို႔ င႐ုတ္သီး အစိမ္းမ်ားကို အမွည့္ခံ တင္ပို႔ႏိုင္ရန္   စိုက္ပ်ဳိးရာေနရာမ်ားသို႔ အေရာက္သြား၍ ကြင္းဆင္းေဆာင္ရြက္ေနေၾကာင္း  င႐ုတ္သီး ေစ်းကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးေရး အသင္းဥကၠ႒ ေဒၚဥမၼာေက်ာ္၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

င႐ုတ္သီးအစိမ္းအဓိကစိုက္ပ်ဳိးသည့္ နယ္ေျမစိုက္ခင္းမ်ားသို႔ ကြင္းဆင္း၍ စိုက္ပ်ဳိး ေတာင္သူမ်ားႏွင့္  ေတြ႕ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ၾကရာ လက္ရွိတြင္ ေနျပည္ေတာ္ႏွင့္ ရမည္းသင္းၿမိဳ႕နယ္ တို႔ရွိ င႐ုတ္သီး အစိမ္းစိုက္ ေတာင္သူမ်ားက ေဆြးေႏြးခ်က္မ်ားကို လက္ခံၾကေၾကာင္း သိရပါတယ္။

 

''င႐ုတ္သီးအစိမ္းကို အမွည့္ခံၿပီး တင္ပို႔ႏိုင္ဖို႔ အမွည့္ထားတဲ့ နည္းပညာကို ေတာင္သူ ေတြသိေအာင္    ကြင္းဆင္းေဆြးေႏြးၿပီး   နားလည္လာေအာင္ အေသးစိတ္ ရွင္းလင္း ေျပာျပေပးပါတယ္'' ဟု ေဒၚဥမၼာေက်ာ္က ေျပာၾကားခဲ့ပါတယ္။

 

ေနျပည္ေတာ္၊ ရမည္းသင္း၊ ေပ်ာ္ဘြယ္၊ ျပည္၊ အုတ္ဖို  စသည့္ေဒသတို႔၌ င႐ုတ္သီး အစိမ္းကို အဓိကထား စိုက္ပ်ဳိးလ်က္ရိွၿပီး  ျပည္တြင္းမွထြက္ရိွသည့္  င႐ုတ္သီးအနီမ်ားကို  ျပည္ပႏိုင္ငံတို႔က ဝယ္ယူေလ့ရိွကာ  ေစ်းကြက္ဝင္ သီးႏွံျဖစ္လာေၾကာင္း သိရပါတယ္။

 

Boiler & Steam System (1)ေရေႏြးအိုးႏွင့္ ေရေႏြးေငြ႕စနစ္ဆိုင္ရာလုပ္ငန္း (၁) ခုကိုရွာရန္ႏွိပ္ပါ။

 

ျမန္မာ့င႐ုတ္သီးကို တ႐ုတ္၊ ထိုင္းႏွင့္ ဗီယက္နမ္ႏိုင္ငံ တို႔သို႔  တင္ပို႔ေလ့ရိွကာ ေနာက္ပိုင္းတြင္ ယင္းႏိုင္ငံမ်ားသည္ ေကာင္းမြန္ေသာ စိုက္ပ်ဳိးေရး အေလ့အက်င့္ျဖင့္ စိုက္ပ်ဳိးထားေသာ င႐ုတ္သီးမ်ားကိုသာ လက္ခံေတာ့မည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Bottle Caps/Seals (7)ပုလင္းႏွင့္ဘူးအဖံုးရရွိႏုိင္သည့္ဆိုင္မ်ား (၇) ခုကိုရွာရန္ႏွိပ္ပါ။

 

ျပည္တြင္း၌  င႐ုတ္ကို   ဧရာဝတီတိုင္း ေဒသႀကီး အပါအဝင္ ေက်ာက္ဆည္၊  ျမစ္သား၊   ဟန္ျမင့္မိုရ္   စသည့္ေဒသတို႔၌  စိုက္ပ်ဳိးေလ့ရိွကာ    ကုန္းျမင့္ေဒသတို႔၌  ၾသဂုတ္လအတြင္း  စတင္စိုက္ပ်ဳိးၿပီး  ေျမနိမ့္ေဒသမ်ားတြင္    စက္တင္ဘာလ အတြင္း   စိုက္ပ်ဳိးေလ့ရိွေၾကာင္း   သိရပါတယ္။

 

Read More >>>>>  ေကာက္ပဲသီးႏွံေစ်းႏႈန္းမ်ား ထုတ္လုပ္မႈကုန္က်စရိတ္ေအာက္ ေရာက္ရွိပါက ႏုိင္ငံေတာ္မွ ဝယ္ယူသြားမည္

 

Source: Myawady

Read times Last modified on Saturday, 22 February 2020 14:30
Rate this item
(0 votes)