Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်မှ ကြက်သွန်နီ အဝယ်နည်းလာသောကြောင့် ဈေးနှုန်းပြန်လည် ကျဆင်း

Unicode


ဘင်္ဂလားဒေ့ရှ်မှ ကြက်သွန်နီ အဝယ်နည်းလာသောကြောင့်  ဈေးနှုန်းပြန်လည် ကျဆင်း


လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ကြက်သွန်နီဝယ်လိုအား နည်းလာသောကြောင့် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်အဝင်များလာကာ  ဈေးနှုန်းများ ကျဆင်းလာကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံရှိ အောင်ရတနာပွဲရုံ မန်နေဂျာ ဦးလှမောင် ၏ ပြောဆိုချက်အရ သိရသည်။

 

ယခင်က ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀ မှ ၃၄၀၀ အထိရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ်  ၁၈၀၀ မှ ၂၉၀၀ သို့ ဈေးနှုန်း ကျဆင်းလာသည်။

 

“အရင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဝယ်များနေလို့   ဈေးအရမ်းတက်ခဲ့တာပါ။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်က နေပဲ တိုက်ရိုက်ဝယ်ယူနေတယ်။ အရင်က ရန်ကုန်ဈေးကွက်မှာ  အဝင်နည်းတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အပြိုင်ဝယ်ရတယ်။ အခု  သူတို့ဘက်က အဝယ်ရပ်သွားတော့ ဈေးပြန်ကျသွားတယ်။   လက်ရှိအချိန်ကတော့ အရောင်းအဝယ် မကောင်းဘူး” ဟု ဦးလှမောင်က ပြောသည်။

 

Read More >>>>>   အသားႏွင့္ လယ္ယာထြက္ကုန္အခ်ိဳ႕ ျမန္မာသို႔ တင္သြင္းရန္ အေမရိကန္ လာေရာက္ေဆြးေႏြး

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအားများသည့်အချိန်က နယ်မြို့များမှ တိုက်ရိုက် တင်ပို့မှုများ ရှိခဲ့ရာ ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်နီကား အစီးရေ ၂၀ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် ကားအစီးရေ ၄၀ အထိ  ဝင်ရောက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီစားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 

ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကို နယ်မြို့များမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နေပြီး  ၎င်းတို့ ၏ ဝယ်ယူမှုအခြေအနေပေါ် မူတည်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

Source: Myawaddy

 

 

 

ဘဂၤလားေဒ႕ရွ္မွ ၾကက္သြန္နီ အ၀ယ္နည္းလာေသာေၾကာင့္  ေစ်းႏႈန္းျပန္လည္ က်ဆင္း

 

လတ္တေလာတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ မွ ၾကက္သြန္နီ၀ယ္လိုအား နည္းလာေသာေၾကာင့္ ရန္ကုန္ေစ်းကြက္သို႔ ၾကက္သြန္အ၀င္မ်ားလာကာ  ေစ်းႏႈန္းမ်ား က်ဆင္းလာေၾကာင္း ရန္ကုန္ၿမိဳ႕ ဘုရင့္ေနာင္ပြဲ႐ံုရွိ ေအာင္ရတနာပြဲ႐ံု မန္ေနဂ်ာ ဦးလွေမာင္ ၏ ေျပာဆိုခ်က္အရ သိရသည္။

 

ယခင္က ၾကက္သြန္နီတစ္ပိႆာလွ်င္ ေငြက်ပ္ ၂၁၀၀ မွ ၃၄၀၀ အထိရွိခဲ့ရာမွ လက္ရွိတြင္ ေငြက်ပ္  ၁၈၀၀ မွ ၂၉၀၀ သို႔ ေစ်းႏႈန္း က်ဆင္းလာသည္။

 

“အရင္က ဘဂၤလားေဒ့ရွ္ႏိုင္ငံက အ၀ယ္မ်ားေနလို႔   ေစ်းအရမ္းတက္ခဲ့တာပါ။ လက္ရွိမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက နယ္က ေနပဲ တိုက္႐ိုက္၀ယ္ယူေနတယ္။ အရင္က ရန္ကုန္ေစ်းကြက္မွာ  အ၀င္နည္းေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ အၿပိဳင္၀ယ္ရတယ္။ အခု  သူတို႔ဘက္က အ၀ယ္ရပ္သြားေတာ့ ေစ်းျပန္က်သြားတယ္။   လက္ရွိအခ်ိန္ကေတာ့ အေရာင္းအ၀ယ္ မေကာင္းဘူး” ဟု ဦးလွေမာင္က ေျပာသည္။

 

Read More >>>>>   အသားႏွင့္ လယ္ယာထြက္ကုန္အခ်ိဳ႕ ျမန္မာသို႔ တင္သြင္းရန္ အေမရိကန္ လာေရာက္ေဆြးေႏြး

 

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ၀ယ္လိုအားမ်ားသည့္အခ်ိန္က နယ္ၿမိဳ႕မ်ားမွ တိုက္႐ိုက္ တင္ပို႔မႈမ်ား ရွိခဲ့ရာ ရန္ကုန္ေစ်းကြက္သို႔ တစ္ရက္လွ်င္ ၾကက္သြန္နီကား အစီးေရ ၂၀ ၀န္းက်င္သာ ၀င္ေရာက္ခဲ့ၿပီး လက္ရွိတြင္ ကားအစီးေရ ၄၀ အထိ  ၀င္ေရာက္လာေၾကာင္း ျမန္မာႏိုင္ငံ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီစားဖိုေဆာင္သီးႏွံ စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းမွ သိရသည္။

 

ျပည္တြင္းမွထြက္ရွိသည့္ ၾကက္သြန္နီမ်ားကို နယ္ၿမိဳ႕မ်ားမွတစ္ဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔ေနၿပီး  ၎တို႔ ၏ ၀ယ္ယူမႈအေျခအေနေပၚ မူတည္ကာ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။

 

Source: Myawaddy

Read times Last modified on Thursday, 06 February 2020 14:57
Rate this item
(0 votes)