Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ပေါင်မျိုးစေ့များ ဈေးကောင်းသောကြောင့် စီးပွားဖြစ် စိုက်ပျိုးသူများလာ

Unicode


ချဉ်ပေါင်မျိုးစေ့များ ဈေးကောင်းသောကြောင့် စီးပွားဖြစ် စိုက်ပျိုးသူများလာ


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်   လယ်ယာ၊ကိုင်းကျွန်း စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့် ချဉ်ပေါင်မျိုးစေ့များ ဈေးကောင်းလာသည့်အတွက် ချဉ်ပေါင်ပင်၊  

ချဉ်ပေါင်ရွက်များကို  စီးပွားဖြစ် စိုက်ပျိုးသူ များလာကြောင်း ကျောက်ပန်းတောင်းမြို့နယ်  လဲဂွကျေးရွာတောင်သူ ဦးတင်ထွန်းအောင်ထံမှ သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ပတ်ဝန်းကျင်    ကျေးရွာများသည် ချဉ်ပေါင်စိုက်ပျိုးမှုကို  စားသုံးရန်အတွက် စိုက်ပျိုးခဲ့ရာမှ ယခုအခါစီးပွားဖြစ် စိုက်ပျိုးလာခြင်းဖြစ်သည်။

 

ချဉ်ပေါင်ကို အမျိုးမျိုး ကြော်ချက်စားနိုင်သည့်အပြင်   ချဉ်ပေါင်နီသီးကို ယိုထိုး၍လည်း    ချဉ်ပေါင်ယိုအဖြစ်  စီးပွားဖြစ် ရောင်းချကြသည်။

 

Read More >>>>  ကြမ္းသီး အထြက္ႏႈန္း ထက္ဝက္ခန္႕ေလ်ာ့က်

 

လက်ရှိတွင်   အဆိုပါကျေးရွာများ၌ ဈေးကောင်းသည့် ချဉ်ပေါင်လေးမျိုးဖြစ်သော ချဉ်ပေါင်ခါး၊ ချဉ်ပေါင်ဖြူ၊ လက်ခြားချဉ်ပေါင်၊ ချဉ်ပေါင်နီတို့ကို စိုက်ပျိုးထားကြသည်။

 

ချဉ်ပေါင်ခါး   ခေါ် ချဉ်ပေါင်ကောင်း မျိုးစေ့တစ်ပြည်လျှင်ငွေကျပ် ၈၀၀၀ ရောင်းချရပြီး ချဉ်ပေါင်နီမျိုးစေ့ တစ်ပြည်လျှင် ငွေကျပ်  ၄၀၀၀၊  ချဉ်ပေါင်ဖြူမျိုးစေ့ တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှင့်လက်ခြားချဉ်ပေါင် တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀၀ ဈေးရောင်း ချရသည်။

 

ချဉ်ပေါင်ရွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင်  ငွေကျပ် ၅၀၀ မှ ၁၂၀၀  အထိ ဈေးရှိပြီး ချဉ်ပေါင်သီးတစ်ပြည်လျှင် (အခွံနွှာပြီး)ငွေကျပ် ၄၅၀ ဖြင့် ရောင်းချရသည်။  

 

 ချဉ်ပေါင်မျိုးစေ့ဈေးကောင်းလာခြင်းနှင့် ချဉ်ပေါင်ရွက် အရောင်းအဝယ် ကောင်းလာသောကြောင့် ချဉ်ပေါင်ရွက်ကို  စီးပွားဖြစ် စိုက်ပျိုးသူ များလာသည်။ချဉ်ပေါင်ပင် စိုက်ပျိုးရာတွင်   ကုန်ကျစရိတ်နည်းပါးခြင်းကြောင့်  ချဉ်ပေါင်စိုက်ခင်းများ သီးသန့်စိုက်ကာ    အရွက်များ ခူးရောင်း ချခြင်းနှင့်   ချဉ်ပေါင်သီးများ ရင့်မှည့်ချိန်တွင်    မျိုးစေ့များ   ပြန်လည် ရောင်းချရခြင်းကြောင့်  ကြက်မောက်တောင်ဆည်  ပတ်ဝန်းကျင်ကျေးရွာများရှိ တောင်သူများမှာ   ချဉ်ပေါင်အမျိုးမျိုး စိုက်ပျိုးထားကြောင်း သိရသည်။

 

Source: Myawaddy

 

 

ခ်ဥ္ေပါင္မ်ဳိးေစ့မ်ား ေစ်းေကာင္းေသာေၾကာင့္ စီးပြားျဖစ္ စုိက္ပ်ဳိးသူမ်ားလာ

 

မႏၱေလးတိုင္းေဒသႀကီး ေညာင္ဦးခ႐ိုင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္   လယ္ယာ၊ကုိင္းကၽြန္း စုိက္ပ်ဳိးေရးလုပ္ကိုင္ၾကသည့္ ေတာင္သူမ်ားအေနျဖင့္ ခ်ဥ္ေပါင္မ်ဳိးေစ့မ်ား ေစ်းေကာင္းလာသည့္အတြက္ ခ်ဥ္ေပါင္ပင္၊  

ခ်ဥ္ေပါင္ရြက္မ်ားကုိ  စီးပြားျဖစ္ စုိက္ပ်ဳိးသူ မ်ားလာေၾကာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္  လဲဂြေက်းရြာေတာင္သူ ဦးတင္ထြန္းေအာင္ထံမွ သိရသည္။

 

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ ပတ္၀န္းက်င္    ေက်းရြာမ်ားသည္ ခ်ဥ္ေပါင္စုိက္ပ်ဳိးမႈကုိ  စားသံုးရန္အတြက္ စုိက္ပ်ဳိးခဲ့ရာမွ ယခုအခါစီးပြားျဖစ္ စုိက္ပ်ဳိးလာျခင္းျဖစ္သည္။

 

ခ်ဥ္ေပါင္ကုိ အမ်ဳိးမ်ဳိး ေၾကာ္ခ်က္စားႏုိင္သည့္အျပင္   ခ်ဥ္ေပါင္နီသီးကုိ ယိုထုိး၍လည္း    ခ်ဥ္ေပါင္ယိုအျဖစ္  စီးပြားျဖစ္ ေရာင္းခ်ၾကသည္။

 

Read More >>>>  ကြမ္းသီး အထြက္ႏႈန္း ထက္ဝက္ခန္႕ေလ်ာ့က်

 

လက္ရွိတြင္   အဆုိပါေက်းရြာမ်ား၌ ေစ်းေကာင္းသည့္ ခ်ဥ္ေပါင္ေလးမ်ဳိးျဖစ္ေသာ ခ်ဥ္ေပါင္ခါး၊ ခ်ဥ္ေပါင္ျဖဴ၊ လက္ျခားခ်ဥ္ေပါင္၊ ခ်ဥ္ေပါင္နီတို႔ကုိ စိုက္ပ်ဳိးထားၾကသည္။

 

ခ်ဥ္ေပါင္ခါး   ေခၚ ခ်ဥ္ေပါင္ေကာင္း မ်ဳိးေစ့တစ္ျပည္လွ်င္ေငြက်ပ္ ၈၀၀၀ ေရာင္းခ်ရၿပီး ခ်ဥ္ေပါင္နီမ်ဳိးေစ့ တစ္ျပည္လွ်င္ ေငြက်ပ္  ၄၀၀၀၊  ခ်ဥ္ေပါင္ျဖဴမ်ဳိးေစ့ တစ္ျပည္လွ်င္ ေငြက်ပ္ ၂၅၀၀ ႏွင့္လက္ျခားခ်ဥ္ေပါင္ တစ္ျပည္လွ်င္ ေငြက်ပ္ ၁၀၀၀၀ ေစ်းေရာင္း ခ်ရသည္။

 

ခ်ဥ္ေပါင္ရြက္ေပၚခ်ိန္တြင္ တစ္ပိႆာလွ်င္  ေငြက်ပ္ ၅၀၀ မွ ၁၂၀၀  အထိ ေစ်းရွိၿပီး ခ်ဥ္ေပါင္သီးတစ္ျပည္လွ်င္ (အခြံႏႊာၿပီး)ေငြက်ပ္ ၄၅၀ ျဖင့္ ေရာင္းခ်ရသည္။  

 

 ခ်ဥ္ေပါင္မ်ဳိးေစ့ေစ်းေကာင္းလာျခင္းႏွင့္ ခ်ဥ္ေပါင္ရြက္ အေရာင္းအ၀ယ္ ေကာင္းလာေသာေၾကာင့္ ခ်ဥ္ေပါင္ရြက္ကုိ  စီးပြားျဖစ္ စိုက္ပ်ဳိးသူ မ်ားလာသည္။ခ်ဥ္ေပါင္ပင္ စိုက္ပ်ဳိးရာတြင္   ကုန္က်စရိတ္နည္းပါးျခင္းေၾကာင့္  ခ်ဥ္ေပါင္စိုက္ခင္းမ်ား သီးသန္႔စိုက္ကာ    အရြက္မ်ား ခူးေရာင္း ခ်ျခင္းႏွင့္   ခ်ဥ္ေပါင္သီးမ်ား ရင့္မွည့္ခ်ိန္တြင္    မ်ဳိးေစ့မ်ား   ျပန္လည္ ေရာင္းခ်ရျခင္းေၾကာင့္  ၾကက္ေမာက္ေတာင္ဆည္  ပတ္၀န္းက်င္ေက်းရြာမ်ားရွိ ေတာင္သူမ်ားမွာ   ခ်ဥ္ေပါင္အမ်ဳိးမ်ဳိး စိုက္ပ်ဳိးထားေၾကာင္း သိရသည္။

 

Source: Myawaddy

Read times Last modified on Tuesday, 04 February 2020 17:11
Rate this item
(0 votes)