Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲတွေ့ကြုံ

Unicode >>>>>

ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲတွေ့ကြုံ


COVID - 19 ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ငါးဖမ်းထွက်သည့် ကမ်းဝေးငါးဖမ်းရေယာဉ်များမှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို ဝယ်ယူရောင်းချသော လုပ်ငန်းများ ရပ်တန့်နေသည့်အတွက် ကမ်းဝေးငါးဖမ်းဆီးခြင်းလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုး၏ ပြောကြားချက်အရ သိရပါတယ်။


Beans & Pulse Warehouses ပဲမျိုးစုံသိုလှောင်ရုံများ (၅၀၅) ခုကိုရှာရန်နှိပ်ပါ။


ရန်ကုန်တိုင်းဒေသကြီးမှထွက်သည့် ကမ်းဝေးငါးဖမ်းရေယာဉ်များသည် ၎င်းတို့ကမ်းဝေးငါးဖမ်းရေယာဉ်များသည် ၎င်းတို့ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို သက်ဆိုင်ရာ ငါးတင်ငါးချဆိပ်ကမ်းများတွင် ဝင်ရောက်ရောင်းချလျက်ရှိရာ ရန်ကုန်မြို့ရှိ ငါးတင်ငါးချဆိပ်ကမ်းများသည် ဝင်ရောက်လာသည့် ငါးဖမ်းရေယာဉ်များမှ ငါး၊ ပုစွန်များကို တစ်လလျှင်တစ်ကြိမ် တင်ဒါလေလံစနစ်ဖြင့် ရောင်းချကြောင်း သိရပါတယ်။


လက်ရှိတွင် ငါးဝယ်ယူသည့်ဒိုင်များအနေဖြင့် ဝန်ထမ်းအခက်အခဲ၊ တင်ပို့သိုလှောင်သည့် အအေးခန်း အခက်အခဲများနှင့် ပြည်တွင်းငါးခြောက်လုပ်ငန်းများ စားသုံးမှုများသည့်ငါးများကို ဝယ်ယူရောင်းချသော လုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်နေသည့်အတွက် ဧပြီ ၉ ရက် နောက်ဆုံးထား ဝယ်ယူပေးပါရန် လုပ်ငန်းရှင်များထံ မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။


Read More >>>>>  မလေးရှားမှာ စာအုန်းဆီ စိုက်ခင်းများ ပြန်လည်လုပ်ကိုင်ခွင့် တောင်းဆို


ရန်ကုန်တိုင်းဒေသကြီးမှ ထွက်သည့် ပင်လယ်ငါးဖမ်းရေယာဉ်များမှ ဖမ်းဆီးရမိသော ငါး၊ ပုစွန်များကို ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းတွင် ငါးခြောက်ပြုလုပ်ခြင်းနှင့် ပြည်သူများစားသုံးရန် ဈေးတွင် ရောင်းချခြင်းများ ပြုလုပ်လျက်ရှိရာ လက်ရှိတွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် အပြင်ထွက်သူနည်းပါးပြီး ငါး၊ ပုစွန်များကိုလည်း ဝယ်ယူစားသုံးမှုနည်းပါးလာကြောင်း သိရပါတယ်။


#MFID

 

Home Page Food

COVID 19

 

Zawgyi >>>>>

 


 


 


 


 


 


 


 

#MFID

Read times Last modified on Monday, 06 April 2020 11:01
Rate this item
(0 votes)