Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်ကဏ္ဍများအတွက် အပေါင်မဲ့ ချေးငွေကို ဦးစားပေးထုတ်ချေး

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMID Bank) က သွင်းကုန်အစားထိုးနဲ့ ပို့ကုန်အားပေးတဲ့ လုပ်ငန်းတွေမှာ

အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့အတွက် အပေါင်မဲ့ပစ္စည်းချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်ကဏ္ဍတွေအတွက် ဦးစားပေးထုတ်ချေးမှာဖြစ်တယ်လို့ SMID Bank ထံမှ သိရပါတယ်။

 

အာမခံအပေါင်ပစ္စည်းအပေါ်မှာ အခြေမခံတဲ့ ငွေသားစီးဆင်းလည်ပတ်မှုကို အကဲဖြတ်ထုတ်ချေးတဲ့ ချေးငွေ (SMID CFB Loan – Cash Flow – Based Loan) ကို စိုက်ပျိုးရေးကဏ္ဍရှိ စပါး၊ ပြောင်းစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးကဏ္ဍရှိ ငါး၊ ပုစွန်၊ ကဏန်း၊ ကြက်၊ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ကဏ္ဍရှိ စားသောက်ကုန်၊ လူသုံးကုန်နဲ့ အဝတ်အထည်လုပ်ငန်းတွေကို ဦးစားပေးထုတ်ချေးသွားမှာဖြစ်ကြောင်း SMID Bank ကနေ သိရပါတယ်။

 

၎င်းအပြင် ချေးငွေလျှောက်ထားလိုသူတွေက အသက် ၂၀ ကနေ ၆၀ ကြား ရှိရမှာဖြစ်ပြီး စီးပွားရေးနယ်ပယ်မှာ လုပ်ငန်း လုပ်သက် ၂ နှစ်အထက် ရှိရမှာဖြစ်ပါတယ်။ ချေးငွေရယူဖို့ တင်ပြထားတဲ့ လုပ်ငန်းကလည်း အနည်းဆုံး ၁ နှစ်နဲ့အထက် ဆက်တိုက်လည်ပတ်နေတဲ့ လုပ်ငန်းတွေ ဖြစ်ရမှာဖြစ်ပြီး SME အသင်းဝင်ကတ်နဲ့ ချေးငွေလျှောက်ထားတဲ့ ရည်ရွယ်ချက်ကို အသေးစိတ်တင်ပြရမှာဖြစ်ကြောင်း SMID Bank ထံမှ သိရပါတယ်။

 

“တစ်ဧကကို ကျပ် ၄ သိန်းချေးမယ်ဆိုရင် ၄ သိန်းလုံးကို တစ်ခါတည်းပေးလိုက်မှာ မဟုတ်ဘဲ ချေးငွေယူပြီးတဲ့အခါ လုပ်ငန်းထဲ အကုန်မသုံးဘဲ တခြားနေရာတွေမှာ သုံးလိုက်တဲ့အခါ ပြန်ဆပ်တဲ့အချိန် အခက်အခဲတွေ တွေ့ရတဲ့အတွက် လုပ်ငန်းပြီးစီးတဲ့အဆင့်အလိုက် ထုတ်ပေးမှာပါ" လို့ SMID Bank မှ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါတယ်။

 

ယင်းလုပ်ငန်းတွေကို ထုတ်ချေးပေးဖို့အတွက် SMID Bank အနေနဲ့ ကျပ် ဘီလီယံ ၁၀၀ လျာထားပြီး “ချေးငွေပမာဏ ကျပ် သိန်း ၅၀၀ အထိ အများဆုံး ထုတ်ချေးပေးမှာဖြစ်ကာ တစ်လကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ၃ နှစ်အတွင်း အကျေပြန်လည် ပေးဆပ်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။”


ပြီးနောက် ချေးငွေလျှောက်လွှာတွေကို SME စင်တာတွေမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး ချေးငွေအကြောင်း အသေးစိတ် သိရှိလိုပါက SMID Bank ရဲ့ SME Banking Department ဖုန်း ၀၁-၂၃၀ ၂၃၃၇ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

 

Source: The Voice

Read times Last modified on Tuesday, 18 September 2018 11:43
Rate this item
(1 Vote)