Food & Livestock

Saturday, 04 November 2023 14:47
ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်း အညွှန်းကိန်း အောက်တိုဘာလတွင် ကျဆင်းဟု FAO ထုတ်ပြန်

Thursday, 02 November 2023 17:21
ဗီယက်နမ် ပို့ကုန်ဆန် ပြည်တွင်းဈေးနှုန်းများ စံချိန်တင် မြင့်တက်

Thursday, 02 November 2023 14:09
အိန္ဒိယနိုင်ငံ၌ အမျိုးသားအဆင့် သမဝါယမပို့ကုန်ဆိုင်ရာ ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့ပြီး ပို့ကုန်မှ ရရှိသည့် စုစုပေါင်းအမြတ်ငွေမှ ၅၀ ရာခိုင်နှုန်းခန့်ကို အသင်းဝင် လယ်သမားများအား ခွဲဝေပေးရန် စီစဉ်နေကြောင်း ဆွေးနွေးခဲ့ကြသည်။   ယင်းညီလာခံတွင် သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Amit Shah က အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သော အမျိုးသားပို့ကုန်များ သမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) သည်… ပြည်ပသို့ တင်ပို့မည့် ကုန်စည်များကို အစိုးရက သတ်မှတ်သည့် အနိမ့်ဆုံး အထောက်အကူပြု အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) ဖြင့် အသင်းဝင် လယ်သမားများထံမှ ဝယ်ယူမည် ဖြစ်ကြောင်း လက်ရှိကာလ၌ NCEL သည် ရူပီးငွေ ကုဋေ (၇,၀၀၀) တန်ဖိုးရှိ ပို့ကုန်အမှာစာများ ရရှိထားကြောင်း NCEL ၏ ပြည်ပသို့ ကုန်တင်ပို့မှုမှ ရရှိသည့် စုစုပေါင်း အမြတ်ငွေမှ ၅၀% ခန့်ကို အသင်းဝင် လယ်သမားများ၏ ဘဏ်ငွေစာရင်းများသို့ တိုက်ရိုက် လွှဲပြောင်းပေးမည် ဖြစ်ကြောင်းနှင့် အကျိုးအမြတ် ရရှိမှုသည် MSP ဈေးနှုန်းဖြင့် ရောင်းချမှုထက် သာလွန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။   သမဝါယမဝန်ကြီးဌာနက ဖွဲ့စည်းခဲ့သော NCEL လီမိတက်သည် လတ်တလောကာလတွင် ယာယီရုံးခန်းတစ်ခု ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းအသစ်များကိုလည်း စုဆောင်းနေကြောင်း သိရသည်။ NCEL သည် ပို့ကုန်မှ အကျိုးအမြတ် ရရှိရေးကိုသာမက ပို့ကုန်ဈေးကွက်ဝင် ကုန်စည်များအား လယ်သမားများက ထုတ်လုပ်စေရေးကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း Amit Shah က ပြောဆိုသည်။    Advertisement Click Here > YTSB   အဆိုပါ ညီလာခံတွင် ဝန်ကြီး Amit Shah က NCEL ၏ အမှတ်တံဆိပ်လိုဂိုနှင့် အင်တာနက် ဝက်ဘ်ဆိုက်တို့အား လွှင့်တင်ပေးခဲ့ပြီး NCEL ၌ အဖွဲ့ဝင်အဖြစ် ပါဝင်သော သမဝါယမအဖွဲ့အစည်း ၅ ခုထံသို့လည်း အသင်းဝင် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။   အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal ကလည်း NCEL ကို ဖွဲ့စည်းခြင်းသည် ပို့ကုန်လုပ်ငန်းများအတွက် အားပေးကူညီမှု ဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ အသွင်ပြောင်းနိုင်ရေးတို့အတွက် အထောက်အပံ့ ဖြစ်သည်ဟု ဆိုသည်။  ကမ္ဘာ့လုံးဆိုင်ရာ အဆင့်၌ အိန္ဒိယနိုင်ငံ၏ ထင်ပေါ်ကျော်ကြားမှု ကြီးမားလာသည်နှင့်အမျှ သမဝါယကဏ္ဍသည် ပို့ကုန်အလားအလာကို ဖော်ထုတ် လုပ်ကိုင်နိုင်မှု ရှိလာပြီး သမဝါယမ အဖွဲ့အစည်းများအနေဖြင့် ပို့ကုန်ဈေးကွက်အတွက် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် အရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အလေးပေး ဆောင်ရွက်သင့်ကြောင်း အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။   NCEL လီမိတက်ကို ပြည်နယ်စုံ သမဝါယအဖွဲ့အစည်းများဆိုင်ရာ အက်ဥပဒေ (Multi-State Co-operative Societies Act) အရ ၂၅-၁-၂၀၂၃ နေ့တွင် မှတ်ပုံတင်ဖွဲ့စည်းထားခြင်း ဖြစ်ကာ အများဆုံးထုတ်ဝေနိုင်သည့် အစုရှယ်ရာ အရင်းအနှီးမှာ ရူပီးငွေ ကုဋေ ၂,၀၀၀ ရှိသည်။   ပို့ကုန်လုပ်ငန်းများကို စိတ်ပါဝင်စားသော မည်သည့်သမဝါယမအသင်း အသေးအကြီးမဆို NCEL ၏ အသင်းဝင်အဖြစ် ပါဝင်နိုင်ကြောင်းနှင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်ခြင်းဖြင့် အိန္ဒိယ သမဝါယမကဏ္ဍ၌ ပိုလျှံမည့် ကုန်စည်များကို တင်ပို့နိုင်ရေး ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။   အိန္ဒိယပြည်တွင်း၌ သမဝါယအဖွဲ့အစည်းပေါင်း (၈) သိန်းခန့် ရှိပြီး အသင်းသားဦးရေပေါင်း သန်း (၂၉၀) ကျော် ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။   Source: Economic Times

Monday, 30 October 2023 10:53
မလေးရှား ပြည်တွင်းထွက် ဆန်ဖြူ ပြတ်လပ်မှု များမကြာခင် ဖြည့်တင်းပေးနိုင်မည်ဟု ပြောကြား

Sunday, 29 October 2023 23:20
ဗီယက်နမ် ပင်လယ်စာ တင်ပို့မှု လျော့ကျ

Saturday, 28 October 2023 07:01
အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

Thursday, 26 October 2023 16:13
ဂျပန်နိုင်ငံ၌ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် အခြေခံ၍ ဆန်ဈေးနှုန်းများကို ပိုမိုပွင့်လင်းစွာ သတ်မှတ်နိုင်ရန် ရည်ရွယ်၍ အင်တာနက်စင်္ကြန်မှတစ်ဆင့် ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်တစ်ရပ်ကို ဖွင့်လှစ်ခဲ့သည်။    ထို့သို့ ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်ကို ဖွင့်လှစ်ခြင်းအားဖြင့် နိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်များ ဝယ်ယူရောင်းချခြင်းကို ပိုမိုချောမွေ့လာစေမည် ဖြစ်ကြောင်း သိရှိရသည်။   အနာဂတ်ဆန်ဈေးကွက် (Mirai Rice Market) ဟု ခေါ်ဆိုသော အဆိုပါ ရောင်းဝယ်မှုစင်္ကြန်ကို ထူထောင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ဉာဏ်ကြီးရှင် အဖွဲ့အစည်းများနှင့် ဆန်လက်ကားရောင်းချသူများက ရန်ပုံငွေအများအပြား ထောက်ပံ့ပေးခဲ့သည်။    ဆန်စပါးထုတ်လုပ်သူများသည် ၎င်းတို့၏ အလိုရှိသော စျေးနှုန်းများဖြင့် ရောင်းချမည့် ပမာဏတို့ကို ကမ်းလှမ်းနိုင်ပြီး သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ၎င်းတို့၏ ထုတ်ကုန်ကို အမြင့်ဆုံးဈေးနှုန်း ပေးအပ်များထံ လေလံတင် ရောင်းချနိုင်မည် ဖြစ်သည်။   ဂျပန်နိုင်ငံတွင် လက်ရှိကာလအထိ ဆန်ဈေးနှုန်းများ သတ်မှတ်ခြင်းကို လယ်သမားများကို ကိုယ်စားပြုသော စိုက်ပျိုးရေးဆိုင်ရာ သမဝါယမအသင်းများနှင့် ဝယ်ယူသူများအကြား ညှိနှိုင်းမှုဖြင့်သာ ဆောင်ရွက်ခဲ့သည်။      Advertisement  Click Here > Tayza Wynn   ထို့ကြောင့် ဆန်အတွက် စံဈေးနှုန်းများ သတ်မှတ်ရာတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး လယ်သမားများအနေဖြင့် ဈေးကွက်ဝယ်လိုအားကို ခန့်မှန်း အကဲဖြတ်ခွင့် ရရှိစေမည့် လက်ငင်းရောင်းဝယ်သည့် ဈေးကွက်တစ်ခု လိုအပ်ကြောင်း ဝေဖန်ထောက်ပြသူများက ပြောကြားသည်။   Mirai Rice Market ၏ ဥက္ကဌဖြစ်သူ Orikasa Shunsuke က ဆန်၏ ထပ်တိုးတန်ဖိုး၊ လယ်သမားများ၏ ထုတ်လုပ်မှု အခက်အခဲများနှင့် ကုန်ကျစရိတ်များသည် အရောင်းအဝယ်ပြုသည့် ဈေးနှုန်းများ၌ ပါဝင်လျက် ရှိကြောင်းကို ထင်ဟပ်စေမည့် ပွင့်လင်းပြီး မျှတမှုရှိသော စျေးကွက်တစ်ရပ်အား ဖန်တီးရန် လယ်သမားများက လိုလားမှုရှိသည်ဟု ဆိုသည်။    ဆန်ရောင်းဝယ်မှု စင်္ကြန်မှတစ်ဆင့် ပထမနှစ်အတွင်း ဆန်တန်ချိန် (၂၀,၀၀၀) ခန့် အရောင်းအဝယ် ဖြစ်ပေါ်ရန်နှင့် (၅) နှစ်အတွင်း (၅) ဆအထိ မြင့်တက်လာရန် ၎င်းက မျှော်လင့်ထားကြောင်း သိရသည်။   အဆိုပါ ဆန်ရောင်းဝယ်မှုစင်္ကြန် စီမံကိန်းကို ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက ကျောထောက်နောက်ခံ ပြုထားပြီး ယခုနှစ်ကုန်တွင် အခြားသော ဆန်စပါးလက်ငင်းဈေးကွက် တစ်ခုကို ထပ်မံ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရကြောင်း NHK သတင်းဌာနက ဖော်ပြထားသည်။   Source : NHK World - Japan News

Sunday, 22 October 2023 09:45
ဗီယက်နမ်က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့် ဆန်ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးမည် 

Saturday, 21 October 2023 17:32
မြန်မာနိုင်ငံမှ  အေးခဲအသား တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ